တောနဲ့တောင်စွယ်
မြန်မာပြည်သိန်းတန်
တောနဲ့ တောင်စွယ်
ပြောကြ မောင်မယ်
တောနဲ့တောနဲ့ တောင်စွယ်တောင်စွယ်
ပြောကြပြောကြ မောင်မယ်မောင်မယ်
ငှက်ကယ် လူလို သံချိုနှောလို့
ပြောကြပြောကြ ပြန်သကို
ငှက်ကယ် လူလို သံချိုနှောလို့
ပြော..ပြောကြ ပြန်တော့..သကို
တောနဲ့တောင်စွယ်
ပြောကြ မောင်မယ်
တောနဲ့တောနဲ့ တောင်စွယ်တောင်စွယ်
ပြောကြပြောကြ မောင်မယ်မောင်မယ်
ငှက်ကယ် လူလို သံချိုနှောလို့
ပြောကြပြောကြ ပြန်သကို
ငှက်ကယ် လူလို သံချိုနှောလို့
ပြော..ပြောကြ ပြန်တော့..သကို
သိုက်မြုံမှာလေ အစာခွံ့ကျွေး
ကျွေးတယ်ကို
သိုက်မြုံမှာလေ အစာခွံ့ကျွေး
ကျွေးတယ်ကို
တစ်ကိုယ်ရေ ပန်း..စေ
မြိုင်တန်း ဝေ မြိုင်တန်းဝေ
မြိုင်တန်းဝေ မြိုင်တန်း....ဝေ
သိုက်မြုံမှာလေ အစာခွံ့ကျွေး
ကျွေးတယ်ကို
သိုက်မြုံမှာလေ အစာခွံ့ကျွေး
ကျွေးတယ်ကို
တစ်ကိုယ်ရေ ပန်း..စေ
မြိုင်တန်းဝေ မြိုင်တန်းဝေ
မြိုင်တန်းဝေ မြိုင်တန်း.....ဝေ
ဖိုမမောင်နှံ တောင်ပံချီကာ
တွဲလို့ ဝဲကာပျံ
ဖိုမမောင်နှံ တောင်ပံချီကာ
တွဲလို့ ဝဲကာပျံ
တွန်ကျူး ကျော်ညံ
ငှက်ပေါင်း ပျော်ကြစံ
မြိုင်စောင်းမှာ တူစုံမောင်နှံ
မြိုင်စောင်းမှာ တူစုံမောင်နှံ
မြိုင်စောင်းမှာ တူစုံမောင်နှံ
ကိန္နရီဟန် တွဲလို့ဝဲကာ...ပျံ
ဖိုမမောင်နှံ တောင်ပံချီကာ
တွဲလို့ ဝဲကာပျံ
ဖိုမမောင်နှံ တောင်ပံချီကာ
တွဲလို့ ဝဲကာပျံ
တွန်ကျူး ကျော်ညံ
ငှက်ပေါင်းပျော်ကြစံ
မြိုင်စောင်းမှာ တူစုံမောင်နှံ
မြိုင်စောင်းမှာ တူစုံမောင်နှံ
မြိုင်စောင်းမှာ တူစုံမောင်နှံ
ကိန္နရီဟန် တွဲလို့ဝဲ...ပျံ
ကျူးကျော်ညံ တိမ်ယံအာကာထဲ
မြင်..လာပဲ
သည်မောင် ပူဆွေးကြုံရပြန်
နတ်ကယ် ဖန်
ဝေယံ အာကာထဲက မည်းမှောင်
မှင်ခိုး မှင်ခိုး
မှင်ခိုး မှင်ခိုး ရီမှောင်
တိမ်တောင် ခြယ်ဆင့်ဆိုင်း
ရှုတိုင်းရယ် ညိုရောင်ပြာရီ
ရှုတိုင်းရယ် ညိုရောင်ပြာရီ
ရှုတိုင်းရယ် ညိုရောင်ပြာရီ
ဘယ်ပန်းချီဟန် ရေး...လို့
ဆေး....မမှီ
ကျူးကျော်ညံ တိမ်ယံအာကာထဲ
မြင်..လာပဲ
သည်မောင် ပူဆွေးကြုံရပြန်
နတ်ကယ် ဖန်
ဝေယံ အာကာထဲက မည်းမှောင်
မှင်ခိုး မှင်ခိုး
မှင်ခိုး မှင်ခိုး ရီမှောင်
တိမ်တောင် ခြယ်ဆင့်ဆိုင်း
ရှုတိုင်းရယ် ညိုရောင်ပြာရီ
ရှုတိုင်းရယ် ညိုရောင်ပြာရီ
ရှုတိုင်းရယ် ညိုရောင်ပြာရီ
ဘယ်ပန်းချီဟန် ရေး...လို့
ဆေး....မမှီ