menu-iconlogo
huatong
huatong
Paroles
Enregistrements
လူတွေအားလုံးက

မင်းရဲ့အကြောင်းစုံ သိပါ့မလား

ဖြေရှင်းပြဖို့ အချိန်တွေ ယူဦးမလား

သူတို့မြင်တဲ့ ရှုထောင့်ကပဲ

ထင်ချင်ရာ ထင်နေမှာပဲ..

စာနာရိုင်းပင်းစိတ်မဲ့တဲ့

သားရဲတွေနဲ့

ဝဋ်ကြွေးရှိခဲ့ရင် ဆုံရမှာပဲ

မကျူးလွန်မိတဲ့ အပြစ်ရှိရင်လည်း

ကံပါရင် ခံရမှာပဲ..

ဟူး..

ကံဆိုးခြင်းက အိမ်ရှေ့ရောက်တဲ့အခါ

အိမ်တံခါးမခေါက်ပဲ

ကိုယ့်ရှေ့ရောက်လာ

ရှောင်ချိန်မရပါ..

ကိုယ့်အပေါ်နာကျင်ခဲ့တဲ့သူအတွက်

ဘာရန်ဆိုး အငြှိုးတေးမှ

မထားတော့ပါဘူး.

အမုန်းသံသရာရှည်ကိုလည်း

ဆွဲမထားချင်ဘူး..

ကိုယ့်အပေါ်အနိုင်ယူခဲ့တဲ့သူအတွက်

ဒဏ်ရာချင်း ဓားသွားချင်း

မခင်းတော့ပါဘူး..

ဝမ်းနည်းခြင်းတွေ

အိမ်ကို မသယ်ချင်တော့ဘူး..

ကိုယ်တိုင်တွေ့ရမှ

ဆင်းရဲခြင်းကို သိမြင်ရ

အမှန်တရားစောင့်တဲ့နတ်ဟာ

တကယ်ရှိလို့လား..

လောကဓံရဲ့ လှိုင်းကြမ်းတွေထဲ

ကံပါရင် ခံရမှာပဲ..

ဟိုး..ဟိုး..ဟိုး..

ဟူး..

ကံဆိုးခြင်းက အိမ်ရှေ့ရောက်တဲ့အခါ

အိမ်တံခါးမခေါက်ပဲ

ကိုယ့်ရှေ့ရောက်လာ

ရှောင်ချိန်မရ..

ကိုယ့်အပေါ်နာကျင်ခဲ့တဲ့သူအတွက်

ဘာရန်ဆိုး အငြှိုးတေးမှ

မထားတော့ပါဘူး.

အမုန်းသံသရာရှည်ကိုလည်း

ဆွဲမထားချင်ဘူး..

ကိုယ့်အပေါ်အနိုင်ယူခဲ့တဲ့သူအတွက်

ဒဏ်ရာချင်း ဓားသွားချင်း

မခင်းတော့ပါဘူး..

ဝမ်းနည်းခြင်းတွေ

အိမ်ကို မသယ်ချင်တော့ဘူး..

ကိုယ့်အပေါ်နာကျင်ခဲ့တဲ့သူအတွက်

ဘာရန်ဆိုး အငြှိုးတေးမှ

မထားတော့ပါဘူး.

အမုန်းသံသရာရှည်ကိုလည်း

ဆွဲမထားချင်ဘူး..

ကိုယ့်အပေါ်အနိုင်ယူခဲ့တဲ့သူအတွက်

ဒဏ်ရာချင်း ဓားသွားချင်း

မခင်းတော့ပါဘူး..

ဝမ်းနည်းခြင်းတွေ

အိမ်ပြန် မသယ်ချင်တော့ဘူး..

ဟူး..

ကံပါလာတော့လဲ ဘယ်လိုပဲ

ရှောင်လွှဲမရတယ်..

Davantage de ငြိမ်းချမ်းကို

Voir toutlogo