menu-iconlogo
huatong
huatong
avatar

ကြယ်ကလေးရဲ့ပုံပြင်

ကြိုးကြာhuatong
✿Bαє-☊-Pυтυ✿huatong
Paroles
Enregistrements
👨🏻~အားလုံး ပြီးဆုံးသွားပြီလား

အားလုံး တစ်ခန်းရပ်သွားပြီလား

နင်လှည့်စားခဲ့တယ် ငါမဆိုချင်ဘူးကွာ

မင်းအတွက် ငါ့အချစ် ငါ့မာန

အားလုံး ပေးဆပ်ထားတာ မင်းသိလား

နင်ကစားဖို့သက်သက်ဆို မလာပါနဲ့ကွာ

ပေးဆပ်ခြင်းနဲ့ ချစ်ခဲ့တာငါ

ရယူခြင်းက အချစ်မှမဟုတ်ပဲကွာ

နင်တခြားတစ်ယောက်

ရင်ခွင်မှာ ပျော်နေရဲ့လား

မင်းမုန်းသွားလဲ မမုန်းနိုင်ပါ

ငါ့ရင်ကွဲအက်လို့ စုတ်ပြတ်ကာ ကျေမွပါ

ဒီသီချင်းလေး ဆိုမယ်

ကြယ်ကလေး

မင်းအမြင့်ကို ပျံသန်းသွားလိုက်ပါ

ဒီမြေကြီးကလူမှာ မင်းခိုနားဖို့နေရာ

မလောက်ငှတာ သိလိုက်ပြီကွာ

ကြယ်ကလေး

မင်းအမြင့်ကို ရောက်သွားတဲ့အခိုက်မှာ

လူတွေအားပေးမှာပါ လက်ခုပ်တီးကြမှာပါ

မတွေးနဲ့ကွာ ငါ့အတွက်နင်လျှော်လိုက်ပါ

မတွေးနဲ့ လုံးဝနင်မတွေးနဲ့

မတွေါ်နဲ့ ငါ့အတွက်နင်မတွေးနဲ့

မတွေးနဲ့ လုံးဝနင်မတွေးနဲ့

မတွေးနဲ့ကွာ ငါ့အတွက်နင်လျှော်လိုက်ပါ

မတွေးနဲ့ လုံးဝနင်မတွေးနဲ့

မတွေးနဲ့ ငါ့အတွက်နင်မတွေးနဲ့

မတွေးနဲ့ လုံးဝနင်မတွေးနဲ့

မတွေးနဲ့ကွာ ငါ့အတွက်နင်မတွေးနဲ့ 

👩🏻~တစ်ခါတစ်လေမှာ

ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို

ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့

ကပ်တွယ်နေခဲ့ဖူးပါတယ်

ဒါပေမယ့် နင်က

ငါ့ထက်သာတဲ့ ချစ်သူတစ်ယောက်ကို

ပိုင်ဆိုင်ဖို့ ထိုက်တန်တဲ့သူပါ

ဟုတ်ပါတယ်

ငါကအရာရာမှာ နိမ့်ကျတဲ့သူ

ဝေးရမှာ ကြောက်တဲ့စိတ်တစ်ခုနဲ့

နင့်လက်ကို ဆွဲထားခဲ့သူ

ငါမတရားခဲ့ဘူး ဆိုတာကိုသိလဲ

နင့်ကိုစွန့်လွတ် မသွားရက်ဘူး

ဘာမှနားမလည်ဘူးဆိုပြီး နွံထဲဆွဲချခဲ့သူ

အမြဲတမ်း ရန်တွေပဲဖြစ်ခဲ့

အမြဲတမ်း ပြဿနာတွေနဲ့ပဲ

အမြဲတမ်း သဘောထားချင်းကွဲလဲ

အမြဲတမ်း စိတ်ဒဏ်ရာကြီးပဲ

ငါနင့်ကိုပေးခဲ့

စုံလုံးကန်းအတွေးနဲ့

ဒါတွေကြောင့် ငါကနင်နဲ့

မထိုက်တန်ဘူးဆိုတာကို

ပိုပြီးသိလာစေတယ်

ရုပ်ရည် ဥစ္စာဓန နောက်ပြီးတော့အောင်မြင်မှု

ငါက နင်ရသင့်တဲ့ စံနှုန်း‌တွေနဲ့

တစ်ခုမှ ဘောင်မ၀င်ဘူး

နောက်ထပ် ပတ်ဝန်းကျင်က

ဝိုင်းလက်ညှိုးထိုးပြီး လှောင်ချင်သူ

ဒီလို သနားစရာကောင်းတဲ့ လူတစ်ယောက်ကို

ရူးချင် ယောင်မဆောင်ချင်ဘူး

မခေါ်ပါနဲ့

ငါနင်နဲ့ ဘယ်သင့်တော်ပါ့မလဲ

မပျော်ရလည်း ‌တော်ရာမှာနေပြီး

ငါနေပျော်ပါမယ်

ငွေသော်တာနဲ့ ကောင်းကင်ကို

စကားပြောဖို့ အဖော်ခေါ်ထားတယ်

ဟိုးးးအမြင့်ကြီးမှာရှိတဲ့

နင့်ကိုကြည့်ပြီး ငါပျော်ပါတယ်

👨🏻~ကြယ်ကလေး

မင်းအမြင့်ကို ပျံသန်းသွားလိုက်ပါ

ဒီမြေကြီးကလူမှာ မင်းခိုနားဖို့နေရာ

မလောက်ငှတာ သိလိုက်ပြီကွာ

ကြယ်ကလေး

မင်းအမြင့်ကို ရောက်သွားတဲ့အခိုက်မှာ

လူတွေအားပေးမှာပါ လက်ခုပ်တီးကြမှာပါ

မတွေးနဲ့ကွာ ငါ့အတွက်နင်လျှော်လိုက်ပါ

မတွေးနဲ့ လုံးဝနင်မတွေးနဲ့

မတွေါ်နဲ့ ငါ့အတွက်နင်မတွေးနဲ့

မတွေးနဲ့ လုံးဝနင်မတွေးနဲ့

မတွေးနဲ့ကွာ ငါ့အတွက်နင်လျှော်လိုက်ပါ

မတွေးနဲ့ လုံးဝနင်မတွေးနဲ့

မတွေးနဲ့ ငါ့အတွက်နင်မတွေးနဲ့

မတွေးနဲ့ လုံးဝနင်မတွေးနဲ့

မတွေးနဲ့ကွာ ငါ့အတွက်နင်မတွေးနဲ့ 

~~~~~~~~~~~

အားလုံး ပြီးဆုံးသွားပြီလား

အားလုံး တစ်ခန်းရပ် သွားပြီလား

☃﹏Nυ..❆..Nυ﹏☘

Davantage de ကြိုးကြာ

Voir toutlogo