menu-iconlogo
huatong
huatong
avatar

သင်းကွဲငှက်များရှိရာ

နိုင်မင်းအောင်huatong
အလွမ်းပြေမိသားစုhuatong
Paroles
Enregistrements
သင်းကွဲငှက်များရှိရာ

တေးရေး မင်းဂျွန်စိုး

တေးဆို နိုင်မင်းအောင်

သင်းကွဲငှက်များကိုသာ

ပြန်တမ်းတလို့မျက်ရည်လည်

ပြန်လာမလားတွေးကာနေ့တိုင်းမျှော်

တစ်ယောက်တည်းဘဝမှာ

အသက်ရှင်နေပါ့မယ်

မင်းတို့တွေနားခိုရာ

ဒီနှလုံးသားက ပဲ့တင်သံ

သံစဉ်တွေအဖြစ် ကြားနိုင်စေသားရယ်

ချစ်ခြင်းအားနဲ့ သီချင်းတွေဖန်တီးကာ

အတုန့်အလှည့်မညီညာပြီ

ဒီလောကအလယ်မှာ

အမြဲတမ်းအဖော်ဆိုတာ

အလွမ်း သီချင်းတွေပါပဲလေ

ပေးဆပ်သူအချစ်ကိုယူ

ခံစားချက်မဲ့အပြုံးပိုင်ရှင်

ဂန္ဓဝင်မြောက် အမုန်းသခင်သူ့အပြုံးတွေ

ရင်ထဲအမှတ်တရရှိနေချင်သေးတယ်

ပန်းပွင့်လိုနွမ်းကြေချိန်

အလှတရားမဲ့လို့ ရနံ့ရယ်ပျယ်

မပန်ချင်ဘူး မချစ်ချင်တော့ဘူးဆို

တို့အနည်းဆုံးတော့ လွမ်းနေပါအုံးမယ်

သင်းကွဲအဖော်ရယ်မပါ

ငှက်ကလေးများကိုသာ

တမ်းတသူရင်မှာ အလွမ်း

သီချင်းတွေရှိသေးသည်

နွမ်းကြွေတဲ့ပန်းတွေကို ကောက်ရင်း

သီချင်းဆိုရင်း အသည်းဟာကြွေခဲ့ပြီ

နားခိုဖို့ခဏတာပြန်ခဲ့ဦး

ငှက်ငယ်ကလေးအတွက်ရယ်

ဒီသီချင်းဆို

သင်းကွဲငှက်များကိုသာ

ပြန်တမ်းတလို့မျက်ရည်လည်

ပြန်လာမလားတွေးကာနေ့တိုင်းမျှော်

တစ်ယောက်တည်းဘဝမှာ

အသက်ရှင်နေပါ့မယ်

မင်းတို့တွေနားခိုရာ

ဒီနှလုံးသားက ပဲ့တင်သံ

သံစဉ်တွေအဖြစ် ကြားနိုင်စေသားရယ်

ချစ်ခြင်းအားနဲ့ သီချင်းတွေဖန်တီးကာ

အတုန့်အလှည့်မညီညာပြီ

ဒီလောကအလယ်မှာ

အမြဲတမ်းအဖော်ဆိုတာ

အလွမ်း သီချင်းတွေပါပဲလေ

နှလုံးသားသည် နားခိုရာ

ပျော်သလောက်ပြုံးလို့မင်းနေပါ

မနေချင်လည်း သွားပါငှက်ကလေးရယ်

အရင်တိုင်းဘဝမှာ အထီးကျန်နေပါ့မယ်

သင်းကွဲငှက်အလွမ်းတွေသီ

ကြေကွဲမဆုံးတဲ့ တေးသံစဉ်

ကိုယ်တိုင်ငိုတော့ မျက်ရည်ရယ်ခမ်းပြီ

ဘာပဲဖြစ်ဖြစ် ဂရုဏာကျန်သေးသည်

မကြည့်လို့မမြင်သူအပေါ်

အပြစ်မပြောရက်ပါဘူး

မင်းအတွက်ဒီရင်ခွင်တံခါး

အမြဲလိုဖွင့်ထားတယ်

နွမ်းကြွေတဲ့ပန်းတွေကို ကောက်ရင်း

သီချင်းဆိုရင်း အသည်းဟာကြွေခဲ့ပြီ

နားခိုဖို့ခဏတာပြန်ခဲ့ဦး

ငှက်ငယ်ကလေးအတွက်ရယ်

ဒီသီချင်းဆို

မြန်မာသံစဉ်တေးသီချင်းလေးတွေကို ချစ်မြတ်နိုးတဲ့

ကိုကိုမမတွေ သီဆိုရင်း အလွမ်းပြေနိုင်ကြပါစေ

အဆင်မပြေတာများရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါဗျာ့

🙏🙏🙏

ကြွေးရှင်လေး

Davantage de နိုင်မင်းအောင်

Voir toutlogo