သီချင်း- လမ်းနှစ်သွယ်
တေးဆို- အေသင်ချိုဆွေ
လမ်းမှန်တစ်ခုပေါ် တို့နှစ်ယောက်ဟာ
အလွယ်တကူလက်တွဲ သွားနိုင်မယ်
သို့သော်လမ်းသွယ်နှစ်ခု
ကိုယ်တယောက်တည်းလျှောက်ချင်ရင်
အင်မတန်ခက်ခဲ လွန်းနေလို့
တသွယ်သွယ်ကို စွန့်လွှတ်တန်ပြီ
ဒီနေရာ ဘာကြည့်ရွေးမလဲ ရွေးမလဲ ရွေးမလဲ
နုစဉ်တုန်းတော့တမျိုးပေါ့လေ ဝါသနာကိုရှေ့တန်းတင်ခဲ့
ခုအခါတော့ချစ်သူအတွက်စိတ်လေးလံနေ
မောင်မယ်ပျော်မြူးနေတာတွေမြင်ကာခမျာ အားကျရှာမယ်
အတူတူမနေနိုင်ဘူးလားလို့ မေးမြန်းချင်မယ်
သွက်လက်နှုတ်စကား ဖြေစရာမရှိ
အလေးနက်အတွေးများ မှောင်နဲ့အတိ
ကိုယ်ရဲ့သီချင်းလည်း ကိုမဖြတ်ဘူး
ကိုယ့်ရဲ့ချစ်သူလည်းကိုမပြတ်ဘူး
တကယ့်နှစ်ကိုယ်ခွဲလို့ ရစမ်းရင်
ဘယ်လောက်အဆင်ချော သွားနိုင်မလဲ
ကိုယ့်တစ်ကိုယ်ကလေအမြဲ
ဝါသနာအတွက် သီချင်းဆုိနေ
ကျန်တဲ့တကိုယ်ကထာဝစဉ်လေ
ကြင်နာသူရဲ့အနားမှာနေ
ဒီလိုမပြေလည်သွားနိုင်ရင် ရူးလိမ့်မယ် အသိ
သွက်လက်နှုတ်စကား ဖြေစရာမရှိ
အလေးနက်အတွေးများ မှောင်နဲ့အတိ
ကိုယ့်ရဲ့သီချင်းလည်း ကိုမဖြတ်ဘူး
ကိုယ့်ရဲ့ချစ်သူလည်း ကိုမပြတ်ဘူး
တကယ့်နှစ်ကိုယ်ခွဲလို့ ရစမ်းရင်
ဘယ်လောက်အဆင်ချော သွားနိုင်မလဲ
ကိုယ့်တစ်ကိုယ်ကလေအမြဲ
ဝါသနာအတွက် သီချင်းဆုိနေ
ကျန်တဲ့တကိုယ်ကထာဝစဉ်လေ
ကြင်နာသူရဲ့အနားမှာနေ
ဒီလိုမပြေလည်သွားနိုင်ရင် ရူးလိမ့်မယ်အသိ
သွက်လက်နှုတ်စကား ဖြေစရာမရှိ
အလေးနက်အတွေးများ မှောင်နဲ့အတိ
ကိုယ့်ရဲ့သီချင်းလည်း ကိုမဖြတ်ဘူး
ကိုယ့်ရဲ့ချစ်သူလည်း ကိုမပြတ်ဘူး
သွက်လက်နှုတ်စကား ဖြေစရာမရှိ
အလေးနက်အတွေးများ မှောင်နဲ့အတိ
ကိုယ့်ရဲ့သီချင်းလည်း ကိုယ်မဖြတ်ဘူး
ကိုယ့်ရဲ့ချစ်သူလည်းကိုယ်မပြတ်ဘူး