menu-iconlogo
huatong
huatong
avatar

ပြန်ဆုံချင်တာပဲသိတာပါ

Eaint Chithuatong
mikey_kissiehuatong
Paroles
Enregistrements
သီီချင်း - ပြန်ဆုံချင်တာပဲသိတာပါ

တေးဆို - အိမ့်ချစ်

အချစ်ဆုံးထွက်သွားပြီ

ဟိုအဝေးထွက်သွားချိန်

လက်တွဲနိုင်စရာမရှိတော့ကိုယ့်မှာ

အလှဆုံးတိမ်တိုက်တွေ

တို့ငေးကြည့်ဖူးတယ်

အခုများအမှောင်တိဖုံးလို့သွားပြီပဲ

ဆုံနိုင်မယ့်အချိန်များစွာမျှော်ကိုး

ဝင်လာတော့မယ့် တို့ကံတရား

နာကျင်ပါတယ် မင်းမရှိတဲ့အချိန်ဆို

တယောင်တည်းအသည်းကွဲနေတာပါ

အချစ်ရေကိုယ့်ဘေးနားနားလိုနေတာ

မင်းရှိတုန်းပဲကိုယ့်မျက်ဝန်းထဲမြင်ခဲ့တာ

ငါလေတောင်းဆိုတာမို့ နင်လေနားလည်မှာလား

ကုန်ဆုံးသွားတဲ့အချိန်တွေတိုင်း

နင်သတိရပေး ချစ်လေးအခုတော့ဘယ်ဆီမှာ

နားခိုမလဲ မင်းချန်ထားတဲ့အချစ်များလည်း

ရှင်သန်ဆဲအမြဲတမ်းမင်းအတွက်ပဲ

ငါမင်းကိုလွမ်းတယ် မျှော်လင့်နေခဲ့တယ်

ပြန်မရနိုင်တာသိတော့ဆွေးတယ်

တို့နှစ်ဦးဇာတ်လမ်းလေး

အမှန်တကယ် အဆုံးသတ်ပြီပဲ

လက်မှိုင်ချတဲ့နေ့ရက်များ

ဆုံနိုင်မယ့်အချိန်များစွာမျှော်ကိုး

ကြုံလာတော့မယ့် တို့ကံတရား

နာကျင်ပါတယ် မင်းမရှိတဲ့အချိန်တိုင်း

တယောက်တည်းအသည်းကွဲနေတာပါ

အချစ်ရေကိုယ့်ဘေးနားနားလိုနေတာ

မင်းရှိတုန်းပဲကိုယ့်မျက်ဝန်းထဲမြင်ခဲ့တာ

ငါလေတောင်းဆိုတာမို့ နင်လေနားလည်မှာလား

ကုန်ဆုံးသွားတဲ့အချိန်တွေတိုင်း

နင်သတိရပေး ချစ်လေးအခုတော့ဘယ်ဆီမှာ

နားခိုမလဲ မင်းချန်ထားတဲ့အချစ်များလည်း

ရှင်သန်ဆဲအမြဲတမ်းမင်းအတွက်ပဲ

ခံနိုင်ရည်တွေတောင် ကုန်ခန်းသွားပြီ

ယုံကြည်နေတာတွေခွန်အားမဲ့ခဲ့ပြီ

ဘာဆိုဘာမှမသိနိုင်ဘဲပြန်ဆုံခဲ့ချင်တာပဲသိတာ

တယောက်တည်းအသည်းကွဲနေတာပါ

အချစ်ရေကိုယ့်ဘေးနားနားလိုနေတာ

မင်းရှိတုန်းပဲကိုယ့်မျက်ဝန်းထဲမြင်ခဲ့တာ

ငါလေတောင်းဆိုတာမို့ နင်လေနားလည်မှာလား

ကုန်ဆုံးသွားတဲ့အချိန်တွေတိုင်း

နင်သတိရပေး ချစ်လေးအခုတော့ဘယ်ဆီမှာ

နားခိုမလဲ မင်းချန်ထားတဲ့အချစ်များလည်း

ရှင်သန်ဆဲအမြဲတမ်းမင်းအတွက်ပဲ

Davantage de Eaint Chit

Voir toutlogo