menu-iconlogo
huatong
huatong
avatar

အလွမ်း

လေးဖြူ Lay Phyuhuatong
natanaelsimonhuatong
Paroles
Enregistrements
သီချင်း - အလွမ်း

တေးဆို - လေးဖြူ

ဒီအတိုင်းပဲ

တစ်မြေစီမမြင်နိုင်တဲ့ဘဝတွေမှာ

ထင်ရာစိုင်း လျှောက်လှမ်းမယ်ဆို

တို့တွေ ကြာရင်ဝေးသွားနိုင်တယ်

အရင်အတိုင်းပဲ

ကြယ်တွေမမြင်သာတဲ့ညတွေဆို ငါ

ဘယ်သူများဖန်ဆင်းလေတဲ့

အိမ်မက်တွေ ကယောင်ခြောက်ခြားမက်ကာရယ်

မင်း...ပြန်ဖို့တောင်စဉ်းစားရခက်မယ်ဆို

မင်း...ခဏလေးပြန်တွေ့ကြဖို့ခက်နေရင်

ကြာရင်အိမ်မက်ဆိုးတွေမက်ကာ

မိုးမြေလို ကွာဝေးနိုင်တယ်လေ

မင်း...ဒီအတိုင်းတို့အဖြစ်တို့

မေ့တော့မလား

ဒီအတိုင်း တို့အဖြစ်တို့သွေးအေးထားမှာလား

ငါ့စိတ်တွေ အလိုလိုထိုင်းမှိုင်းနေတယ်

မင်း...ဒီအတိုင်း အလွယ်တကူမေ့ပစ်တော့မလား

ဒီအတိုင်း တို့အဖြစ်တို့သွေးအေးထားမှာလား

ငါ့စိတ်တွေ အလိုလိုထိုင်းမှိုင်းနေတယ်

မင်း...ပြန်လာဖို့ စဉ်းစားလို့ပေးပါကွယ်

ကြာရင်အိမ်မက်ဆိုးတွေကြားမှာ

ငါ့ရဲ့အသက် ရပ်..တန့်လို့သွားနိုင်တယ်

ခေါ်သံများလား

သန်းခေါင်ယံ အမှောင်ထုများနောက်ကွယ်မှာ

နင်တစ်ယောက်များ ပြန်ခဲ့တာလား

ငါ့မှာမျှော်ကာ စိတ္တဇ ပါကွယ်

အာရုံများလည်း နွံရေတွေလို

နောက်ကျိကာရယ်...

နင်ပြုစား လူကို ရူးစေသား

ငါ့မှာ အိမ်မက်ဆိုးများစွာ အလယ်...

မင်း...ပြန်ဖို့တောင်စဉ်းစားရခက်မယ်ဆို

မင်း...ခဏလေးပြန်တွေ့ကြဖို့ခက်နေရင်

ကြာရင်အိမ်မက်ဆိုးတွေမက်ကာ

မိုးမြေလို ကွာဝေးနိုင်တယ်ကွယ်

မင်း...ဒီအတိုင်းတို့အဖြစ်တို့

မေ့တော့မလား

ဒီအတိုင်း တို့အဖြစ်တို့သွေးအေးထားမှာလား

ငါ့စိတ်တွေ အလိုလိုထိုင်းမှိုင်းနေတယ်

မင်း...ဒီအတိုင်း အလွယ်တကူမေ့ပစ်တော့မလား

ဒီအတိုင်း တို့အဖြစ်တို့သွေးအေးထားမှာလား

ငါ့စိတ်တွေ အလိုလိုထိုင်းမှိုင်းနေတယ်

မင်း...ပြန်လာဖို့ စဉ်းစားလို့ပေးပါကွယ်

မင်း...ဒီအတိုင်းတို့အဖြစ်တို့

မေ့တော့မလား

ဒီအတိုင်း တို့အဖြစ်တို့သွေးအေးထားမှာလား

ငါ့စိတ်တွေ အလိုလိုထိုင်းမှိုင်းနေတယ်

Davantage de လေးဖြူ Lay Phyu

Voir toutlogo