menu-iconlogo
huatong
huatong
avatar

မရှောင်ပြေးနဲ့

Examplezhuatong
☸Bαє~☊~Pυтυ☸huatong
Paroles
Enregistrements
Cho - မိုးလင်းထိပေါ့ ဂစ်တာလာတီးမယ်

မင်းလေးတယောက်တော့ နားဆင်နိုင်ဖို့

တံခါးလေးဖွင့်လို့ သူကြိုနေသင့်တယ်

အသိအမှတ်တခုလောက် ပြုပါတော့. .

ကောင်မလေးရယ် မရှောင်ပြေးနဲ့

မင်းအခန်းမီးလေးဖွင့်ကာ

နှုတ်ဆက်ဖို့ကောင်းပါတယ်

ကောင်မလေးရယ် မရှောင်ပြေးနဲ့

မင်းမကြိုက်ခဲ့ရင်

ကိုယ်အခုချက်ချင်းလှည့် ပြန်ပါမယ်. .

Rap - ထာဝစဉ်သာချစ်မဲ့

ကိုယ့်ရဲ့အချစ်တွေ

မင်းလေးနား အမြဲရှိနေ

ရှိနေ ရှိနေ ကိုယ့်ရဲ့

အချစ်က မင်းအလှမှာ တိမ်းစောင်းမူးယစ်

ကိုယ့်ရဲ့အဖြစ်က တကယ်တမ်းကျတော့

အမုန်းနွံနစ် ကိုယ့်ရဲ့အဖြစ်

ကိုယ့်ရဲ့အချစ်ကို

စာနာကြည့်ပါ အချစ်ရာ ကိုယ့်ရဲ့အဖြစ်က

ဆိုးဝါးလွန်းတာ မင်းအသိဆုံးပါပဲကွာ

ကိုယ့်ဘဝမှာ ချစ်ခဲ့တာ

မင်းလေးတယောက်တည်းပါ

အရူးအမူးကို ချစ်ခဲ့မိတော့

ကိုယ့်မှာ စိတ်တွေရှုပ်

နေ့တိုင်းပဲစဉ်းစား

မင်းရဲ့အကြောင်းကို တွေးထား

ကြင်နာချင်တာ ပိုင်ဆိုင်ချင်တာ

အဝေးဆုံးကို ဝေးသွား

အချစ်မရှိတဲ့ ကိုယ့်ရဲ့ဘဝကို

စာနာကြည့်ကာ စဉ်းစား

ကိုယ့်ရဲ့အဖြစ်ကို တွေးကြည့်ပါ

အရှုံးသမား အချစ်အရှုံးသမား

ငါ့ရင်ဘတ်ကို မင်းဝင်ကာကြည့်

မင်းတယောက်ကို ချစ်တဲ့ အချစ်တွေ

အစဉ်အမြဲကိုရှိ ဒီအတိုင်း ဒီအတိုင်း

ဆက်သွားနေလို့ ရင်ထဲမှာရူး

အားလုံး ဝိုင်းပြောကြတာကတော့

မင်းကအချစ်ရူး. .

Cho - မင်းမိဘများ ဆူနေသေးရင်

အိပ်စက်နားဆင်ကွယ်

ဒီသီချင်းလေးနဲ့ပေါ့ ကိုယ်တခုပြောမယ်

ကိုယ်မင်းကိုပဲ ချစ်ပါတယ်

ကောင်မလေးရယ် မရှောင်ပြေးနဲ့

မင်းအခန်းမီးလေးဖွင့်ကာ

နှုတ်ဆက်ဖို့ကောင်းပါတယ်

ကောင်မလေးရယ် မရှောင်ပြေးနဲ့

မင်းမကြိုက်ခဲ့ရင်

ကိုယ်အခုချက်ချင်းလှည့် ပြန်ပါမယ်. .

Rap - အချိန်တွေသာ ကုန်လာခဲ့

ဒီနေ့ရက်များစွာထဲ

နာကျင်စွာ အချိန်တွေ ကုန်လွန်ခဲ့

သူ့ အပြုံးလေးများကြောင့်ပဲ

ခံနိုင်ရည်အားများမရှိခဲ့

မသိခဲ့မိတဲ့ ငါ့ရဲ့စိတ်မှာ

မင်းလေးက လှလွန်းလို့

ငါ့စိတ်ကူးမှာ အလှဆုံးမို့

ငါ့မှာချစ်တဲ့စိတ်များ

ထာဝစဉ် မပြောင်းလဲကာထား

မင်းနှုတ်က ပြောခဲ့သမျှ

အမိန့်များကို မငြင်းပယ်နိုင်သေးလို့

ဒီမှာပြောလိုက်တဲ့ စကားတခွန်းက

သိပ်ချစ်တယ် နေ့ရက်များ

ကုန်ကာသွားခဲ့ပြီ. .

မင်းရဲ့အကြောင်းတွေ တွေးနေရင်း

လွမ်းနေချိန်လေးတွေကျ

သိပ်ချစ်ခဲ့တော့ အရှုံးဘက်က

မဖြစ်နိုင်တော့ အမုန်းဘက်က

ပြောင်းလဲသွားတဲ့ အချိန်များ

နားလည်ပါ စာနာပေး

ရင်ခုန်ခဲ့တဲ့ နေ့ရက်များ

အမှားများစွာ ဖြစ်နေမလား

မင်းလေးအတွက်နဲ့ အလုပ်ပျက်ခဲ့တဲ့

နေ့ရက်များစွာရှိ မေ့မရတဲ့ မင်းရဲ့စကားသံ

ရင်မှာလွမ်းနေမိ စီးမြောသွားတဲ့

နာရီတိုင်းမှာ တွေးနေမိတာ မင်းရဲ့အကြောင်း

စိတ်ညစ်စရာတွေ ဖြစ်ခဲ့လည်း

ဆက်လက်ပြီး ငါချစ်ခွင့်တောင်း. .

Cho - ကောင်မလေးရယ် မရှောင်ပြေးနဲ့

မင်းအခန်းမီးလေးဖွင့်ကာ

နှုတ်ဆက်ဖို့ကောင်းပါတယ်

ကောင်မလေးရယ် မရှောင်ပြေးနဲ့

မင်းမကြိုက်ခဲ့ရင်

ကိုယ်အခုချက်ချင်းလှည့် ပြန်ပါမယ်. .

မင်းမကြိုက်ခဲ့ရင်

ကိုယ်အခုချက်ချင်းလှည့် ပြန်ပါမယ်. .

✎﹏Nυ♪✮♪Nυ﹏✍

Davantage de Examplez

Voir toutlogo