သီချင်း း ပြည်ပသို့ပေးစာ
တေးဆို း G-Fatt
ဒီနိုင်ငံကနင်ထွက်သွားတော့မယ်ဆို
အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးလဲငိုလို့
ဒီနိုင်ငံကနင်ထွက်သွားတော့မယ်ဆို
အပြည်ပြည်ဆိုင်ရာလေဆိပ်ပြီးလဲငိုလို့
Bye bye bye bye bye bye
ချစ်သူတွေလဲ မဟုတ်ပါ
ငါတို့သူငယ်ချင်းတွေထက်ပို
အဲ့လိုဖြစ်တာငါ့ကိုကြွေအောင်
တကယ်မင်းခြွေတတ်လို့
မင်းအားရင်အပျင်းပြေဖတ်လို့
အီးမေးလ်တွေပို့ထားမယ်
ဟိုမှာအခြေအနေဘယ်လိုများလဲ
ရည်းစားရပြီလားပြောနော်
ငါတို့ကိုလျိုမထားနဲ့
သူ့ရည်ရွယ်ချက်ကရေမြေခြားမှာပညာရှာဖို့
ပြီးရင်ကိုယ့်တိုင်းပြည်ကိုပြန်ပြီး
အကျိုးပြုချင်တာပါဆို
ချီးကျူးပါတယ်သူငယ်ချင်းရယ်
ငါ့မှာရင်နာတာကို
ဟိုမှာဘယ်သူနဲ့တွေ့တွေ့အမြဲနှုတ်ဆက်နော်
မင်္ဂလာပါလို့ yo
တပတ်တခါဖုန်းထဲအလွမ်းသယ်ရင်းနဲ့
အတူငိုဘူးတယ်
ဟန်ဆောင်ပီး ထမရယ်ပါနဲ့
နင့်အကြောင်းငါ့ထက်ဘယ်သူပိုသိမလဲ
သူမရှိတုန်းလမ်းသွားလမ်းလာကောင်မလေးတွေကို
ကြူသလိုမကြည့်နဲ့
စိတ်ချ
ငါကနင်ပြန်လာမယ့်ချိန်ထိလူပျိုကြီးပဲ
ရန်ကုန်မြို့မှာမိုးတွေမှိုင်းပျပျရွာရင်
အလွမ်းတွေလှိုင်းထကြ
နှိုင်းဆမရနာကျင်
ရိုင်းသွားသမျှရာဇဝင်လို
တိုင်းတပါးသားရှာမချစ်ဖို့
ငါတို့သူငယ်ချင်းတွေ ဝိုင်းတားကြမှာအသင့်
သူ့နှလုံးသားငါ့တယောက်ထဲအမြစ်တွယ်
တသက်လုံးအတွက်
မဟုတ်တဲ့စကားဖြစ်မယ်
နေလို့မှကောင်းရဲ့လားအချစ်ရယ်
အရမ်းသတိရနေတယ်
ဟန်ဆောင်တတ်တဲ့အပြုံးတွေရဲ့အောက်ဝယ်
နေသားကျသွားမှာလဲကြောက်တယ်
အားလုံးစောင့်နေတယ်
ယုံကြည်ရင်နင်အမြန်ပြန်လာခဲ့
နေလို့မှကောင်းရဲ့လားအချစ်ရယ်
ကျနော်တို့သူငယ်ချင်းတွေစုံရင်ပြောမှာ
သူ့အကြောင်းပါပဲ
သူတို့သူငယ်ချင်းတွေစုံရင်ပြောမှာ
ဘယ်သူ့အကြောင်းပါမလဲ
နင်ကျန်းမာပါစေ
အိတ်ကပ်လေးထဲမှာဆုတောင်းစာထည့်
ကြိုးနဲ့ချီပြီးလေထဲလွှတ်ဖို့
မိုးပျံပူပေါင်းရှာဝယ် ဟိုးyeap
ဒီနေ့တော့တနေကုန်ကြွေပြီပေါ့
နင့်မွေးနေ့ ငါရောက်တယ်ရွှေဒဂုံစေတီပေါ်
အဲ့မှာပန်းရေချမ်းဆီမီကပ်လှူပြီးတော့
ကုသိုလ်ယူခိုတွေလဲအစာကျွေးအမျှဝေတော့
နောင်ဘဝစုံသမျှသတ္တဝါတွေနဲ့
နင်အပါအဝင်ခုနှရက်သားသမီးတိုင်းရစေသော်
နောက်လဆိုရင်ရှိုးတွေရှိတယ်
မျှော်စင်ကျွန်းထဲမှာ
သဲထဲရေသွန်ဖြစ်ပြီနင်နဲ့အတူ
ပျော်ချင်လွန်းခဲ့သမျှ
တခြားသူငယ်ချင်းတွေထက်ကိုပိုပြီး
အဖော်မင်လွန်းတဲ့ငါ
အညံတွေပျက်အောင်ခေါင်းလျှော်ပစ်မယ်
တရော်ကမွန်းနဲ့ကွာ
လောကဓံရိုက်ချက်တွေကြားထဲ
တခါတလေ side effectတွေများလဲ
တစ်ိုက်မတ်မတ်စာပဲကြိုးစားပါ
နိုက်ကလပ်တွေမသွားနဲ့
နောက်ဆုံးမှာချင်တာကဘယ်နေရာရောက်ရောက်
မြန်မာဆိုတာမမေ့ဖို့
နင်ပြန်လာရင်ငါထိပ်ဆုံးကကြိုနေမှာအသင့်
သူ့နှလုံးသားငါ့တယောက်ထဲအမြစ်တွယ်
တသက်လုံးအတွက်
မဟုတ်တဲ့စကားဖြစ်မယ်
နေလို့မှကောင်းရဲ့လားအချစ်ရယ်
အရမ်းသတိရနေတယ်
ဟန်ဆောင်တတ်တဲ့အပြုံးတွေရဲ့အောက်ဝယ်
နေသားကျသွားမှာလဲကြောက်တယ်
အားလုံးစောင့်နေတယ်
ယုံကြည်ရင်နင်အမြန်ပြန်လာခဲ့
နေလို့မှကောင်းရဲ့လားအချစ်ရယ်
အလုပ်ကိုကြိုးစားနေပီဗျို့
လေယာဉ်ပျံကြီးစီးပြီး မင်းဆီလာလည်မလို့
အလုပ်ကိုကြိုးစားနေပီဗျို့
တော်ကြာအထင်သေးပီးတော့
နင်ထားခဲ့မှာစိုး
အလုပ်ကိုကြိုးစားနေပီဗျို့
လေယာဉ်ပျံကြီးစီးပြီး
သူ့ကိုပြန်ခေါ်မလို့
အလုပ်ကိုကြိုးစားနေပီဗျို့
တော်ကြာအရည်အချင်းမရှိလို့
နင်ထားခဲ့မှာစိုး
ကျနော့အမှားတွေသူ
့ကိုပြန်သွားမတိုင်ပါနဲ့
လူချင်းမတွေ့လဲအသံကြားနိုင်တာပဲ
ကျနော့အမှားတွေ သူ့ကိုပြန်သွားမတိုင်ပါနဲ့
သူစိတ်ဆိုးလို့ဖုန်းမကိုင်ရင်
မခံစားနိုင်ပါကွယ်
ဖုန်းပြောရင်းသီချင်းတွေဆို
ပြလျှက်ပေါ့ကွာ
သူ့ရင်ခွင်မဟုတ်ရင်မခိုနားတတ်တော့ပါ
ဖုန်းပြောရင်းသီချင်းတွေ
ဆိုပြလျက်ပေါ့ကွာ ပြန်လာရင်အရင်လို
ဘိုကျားသေနတ်ဆော့မှာ