menu-iconlogo
huatong
huatong
avatar

အမြဲတမ်း

Hlwan Paing/Cindyhuatong
ⁱᵃᵐ𓆩𝐊𝖎𝖙𝖙𓆪𝐊𝖆𝖙𝖙❥☕ʸˢhuatong
Paroles
Enregistrements
အမြဲတမ်း

Hlwan Paing+Cindy

Intro

(H)အခန်းထဲမှာတစ်ယောက်ထဲပဲငါမွန်းကြပ်လို့

ထွက်ပေါက်က ဘယ်နားမှာလဲရုန်းထွက်ဖို့

ဒီလိုမျိူးဘဲတစ်ယောက်ထဲပဲ

အောင်မြင်လိုက်ကျရှုံးလိုက်

ဘဝကိုလေငါတယောက်ထဲဘဲမေးခွန်းထုတ်

ယုံကြည်ပါကွာမင်းကလွဲပြီးအခြားတယောက်လဲ

ငါမပြောင်းပါစိတ်ချထား

ဒီလိုပါကွာမိန်းကလေးရယ်

မင်းနဲ့တွေ့မှအချစ်က ဘဝတစ်ခုဖြစ်လာတာ

(H)အဆိုးထဲကအကောင်းပါဘဲ

ကောင်မလေးမင်းအချစ်ကြောင့်ပြောင်းလာတဲ့

ငါ့စိတ်ကတစ်ချိန်ကလွှမ်းပိုင်နဲ့

တကယ်ပြောင်းပြန်ကွဲ အပိုအကြောင်းအရာမဲ့

လျှောက်မပြောပါတကယ်

မင်းလေးသာယုံမယ်ဆိုရင်ကွယ်

ဆုတောင်းပါတယ်အမြဲတမ်းကြုံရင်လဲ

ဘယ်လိုကြုံပါစေ အဆိုးကောင်းဒွန်လိုတွဲ

မင်းနဲ့အတူပေါင်းဖက်ချင်နေဆဲပါ

တကယ်ကို ငါလိုအပ်ဆဲပါ

ဘယ်တော့မှမပြောနဲ့ဘယ်လိုပြတ်ဆဲမှာ

လမ်းခွဲစကားကြောင့်ငါငိုတတ်ဆဲပါ

အနမ်းမဲ့အလွမ်းတွေကိုရင်မဆိုင်ရဲတာ

အခုထိငါမရင့်ကျက်သေးပါဘူး

နှလုံးသားရေးမှာချင့်ချိန်ငါမတွေးနိုင်ဘူး

သဘောထားတွေလဲတကယ်ပါသေးငယ်သူ

ပတ်ဝန်းကျင်ပြောပြောလဲအရေးမစိုက်ဘူး..

(C)မလိုချင်ပါနင်နဲ့ငါနဲ့ကြား

အမုန်းစကားတွေအား

ဘယ်လိုအခက်အခဲတွေလာ..ကာစီးပါစေကွာ

(H)ဘာတွေမှမလိုအပ်ခဲ့

အခက်ခဲတွေအတားအဆီးတွေအကုန်ဖြတ်မဲ့

မင်းပေးမဲ့အချစ်တွေနဲ့ တစ်စုံလက်ပဲ

ငါ့အတွက်ကိုလိုတာပါယုံလိုက်အမြဲ

(C)နင်သာလေငါရဲ့အမှောင်တွေကို

အလင်းပေးသူပါ

မင်းကြောင့်သာရရှိခဲ့တဲ့

ငါ့ ပျော်ရွှင်စရာများ

(H)ထာဝရအချစ်တွေပိုစေ..သဒ္ဒါဝါကျတွေစီတွေး

ငါရေးထားတဲ့ ဒီတေးသွားနဲ့

အချစ်လေးနားဆင်ဖို့ ရေးသားခဲ့

(C)နင်လေအချိန်တွေကြာရင်မေ့သွားမလား(မမေ့ဘူး)

နေချင်ပါတယ်နင်နဲ့မဝေးတစ်ဖဝါးမှ(ထပ်တူ)

(H)လိုချင်ယူသွားမင်းလေးအတွက်အကုန်လုံး

မငြိုငြင်ပါဘူး..ပေးဆပ်ချင်လို့

(C)ကံကြမ္မာကိုလေမယုံနိုင်လို့ကြားလား

ဒဏ်ရာတွေနဲ့ နင်လေတနေ့များမှာ

ထားသွားမှာလား

(H)ဘယ်တော့မှမဖြစ်နိုင်ဘူးကွာ

မင်းနဲ့ငါလမ်းခွဲဖို့

ရှေးအတိတ်ကဟောပြောခဲ့သလို

မင်းကငါ့ရဲ့လိုနေတဲ့တခြမ်းပဲမို့

(H)ထားထားထားထားထား

အကုန်ဝဲလိုက်အခု ကိုယ်မလဲနိုင်ဘူး

မင်းလေးသာငါ့ရဲ့တပင်တိုင်အချစ်ဦး

ယှဉ်မထားပါဘူးထိပ်ထားသူတဦး

မင်းလောက်ဘယ်အရာမှအရာမဝင်သွားပါဘူး

၂၄နာရီနဲ့၇ရက်ဒီတစ်သက်မဟုတ်တောင်မှ

ငါလေဒီတစ်ရက်မင်းနဲ့မခွဲချင်ပါ

ဘယ်လိုဘာ့အတွက် အကြောင်းပြချက်က

တကယ်ကိုမလိုအပ်ပဲ

ဘယ်လိုပဲခွဲခွဲ.ပတ်ဝန်းကျင်မလိုတဲ့အစွဲနဲ့

ရှုတ်ချတဲ့စကားတွေကိုအမြဲပဲ

ကြားရလဲခေါင်းထဲမထည့်နဲ့

ဒီစကားတွေကအကြောင်းရင်းမဲ့တယ်

ဆုံချိန်ခနကောင်းခြင်းဘဲကွယ်

ပြောကျရင်းနဲ့ခေါင်းစီးမဲ့တဲ့

အလွမ်းတွေနဲ့သောင်းပြောင်းဖွဲ့နွဲ့

(C)နင်လေအချိန်တွေကြာရင်မေ့သွားမလား(မမေ့ဘူး)

နေချင်ပါတယ်နင်နဲ့မဝေးတစ်ဖဝါးမှ(ထပ်တူ)

(H)လိုချင်ယူသွားမင်းလေးအတွက်အကုန်လုံး

မငြိုငြင်ပါဘူး..ပေးဆပ်ချင်လို့

(C)ကံကြမ္မာကိုလေမယုံနိုင်လို့ကြားလား

ဒဏ်ရာတွေနဲ့ နင်လေတနေ့များမှာ

ထားသွားမှာလား

(H)ဘယ်တော့မှမဖြစ်နိုင်ဘူးကွာ

မင်းနဲ့ငါလမ်းခွဲဖို့

ရှေးအတိတ်ကဟောပြောခဲ့သလို

မင်းကငါ့ရဲ့လိုနေတဲ့တခြမ်းဘဲမို့

(H)ခွဲခွာဖို့ကိစ္စကလုံးဝမရှိ

တခြားသူမသိတောင်မင်းတော့သိ

ငါ့ရင်ဘတ်ထဲကအတွင်းနက်နက်ထိ

မင်းကရှိနေပီးသားအမိ

ဘာဖြစ်လို့အပေါ်ယံအကြည့်နဲ့ကြည့်လဲ

ငါကမင်းကိုမချစ်ဖူးချည်းဘဲ

အမြဲတမ်းဆို တကယ်တမ်းဆို

မင်းအကြောင်းတွေးတိုင်း

ပေါက်ကရတွေနဲ့ခေါင်းခဲလို့

ပတ်ဝန်းကျင်အနှောင်အဖွဲ့များနဲ့ကင်းပါတယ်

ဒီအကြောင်းတွေခေါင်းထဲမတွေးပါနဲ့

စဉ်းစားလို့လျှောက်ပီးလဲမတင်းပါနဲ့

ငါဘဝမှာမင်းမှမင်းပါဘဲ

မြုပ်ကွက်တွေကင်းရှင်းပါတယ်

လုပ်ဇာတ်တွေမခင်းကျင်းပါကွယ်

ဘယ်လိုထပ်လို့ရှင်းလင်းရမလဲ

မင်းစိတ်ကြိုက်ရှင်းလင်းပါမယ်

အမုန်းတွေထားခဲ့အချစ်ရေးမှာ

အကျိူးကံမလှလို့အဆိုးမှန်သမျှကို

တို့ကြုံရလဲအနာဂတ်ကိုသာရှေးရှုတွေးမယ်

ဘာတွေအတွက်မှစိတ်ဓါတ်မကျနဲ့

ဘယ်လိုအသက်တွေအိုကာပြောင်းလဲပါစေ

တို့နှစ်ယောက်အချစ်ဘယ်လိုမှမပြောင်းလဲကြေး

ယနေ့မှစသေကာသွားတဲ့တစ်နေ့ထိမပြောင်းလဲကြေး

(C)နင်လေအချိန်တွေကြာရင်မေ့သွားမလား(မမေ့ဘူး)

နေချင်ပါတယ်နင်နဲ့မဝေးတဖဝါးမှ(ထပ်တူ)

(H)လိုချင်ယူသွားမင်းလေးအတွက်အကုန်လုံး

မငြိုငြင်ပါဘူး ပေးဆပ်ချင်လို့

(C)ကံကြမ္မာကိုလေမယုံနိုင်လို့ကြားလား

ဒဏ်ရာတွေနဲ့ နင်လေတစ်နေ့များမှာ

ထားသွားမှာလား

(H)ဘယ်တော့မှမဖြစ်နိုင်ဘူးကွာ

မင်းနဲ့ငါလမ်းခွဲဖို့

ရှေးအတိတ်ကဟောပြောခဲ့သလို

မင်းကငါ့ရဲ့လိုနေတဲ့တခြမ်းဘဲမို့

!THANK YOU!

Davantage de Hlwan Paing/Cindy

Voir toutlogo
အမြဲတမ်း par Hlwan Paing/Cindy - Paroles et Couvertures