ဒီလိုမျိုးချစ်သူတွေ
3
2
1
Go
စက္ကန့်မိနစ်တိုင်းပေါ့ချစ်သူရယ်
မင်းကိုငါ
အရင်လိုမြတ်နိုးဆဲ
အားလုံးပြောင်းလဲသွားလည်း
မင်းအတွက်တော့ငါ့ရင်မှာ
အရင်လိုတစ်ယောက်တည်းပဲ
သိပ်ချစ်တယ်လို့
နင်ပြောတဲ့ ဒီစကားများကို
အကြိမ်ဖန်တစ်ရာတစ်သောင်းမက
ငါကြားရချင်လည်းနင်မုန်းတဲ့အချိန်များဆို
ငါလေယောင်ချာနိုင်လို့ပါ
နင်လေအရင်လို ငါ့ကိုချစ်သေးလား
လိုအပ်တုန်းပဲချစ်သူရယ်
ဒီစကားလေးတော့ပြောပါကွယ်
အရင်လိုရင်ခုန်သံတွေ ရှိသေးလား
ဘယ်လိုအကြောင်းချက်တို့ရှိပါစေကွယ်
ဒီတိုင်းလေးဘဲထားပါကွယ်
နင်လေအချိန်တွေကြာရင် မေ့သွားမလား....
ငါတော့မေ့လို့မရဘူး
ဘယ်သူတွေဘာတွေ ဘယ်လို ဝင်ခြားနား
ငါတို့အချစ်က သက်သေကွယ်
ယုံကြည်မှုများနဲ့ ဒီလိုမျိုးချစ်သူ
ဒီလိုမျိုးချစ်သူ
ဒီလိုမျိုးချစ်သူတွေ အား...
ဒီလိုမျိုးချစ်သူ ဒီလိုမျိုးချစ်သူ
ဒီလိုမျိုးချစ်သူတွေ အား...ရေး...
B.sox Rap
(အချစ်ကိုပျော်ရွှင်ခြင်းလို့ခံယူထားသူငါ
ရခဲ့တဲ့ဒဏ်ရာတွေကို
ဘာတွေနဲ့ပြန်မကုစားလိုပါ
စကားအပိုမပါ သူ့အချစ်မှာတစ်သက်လုံး
ငါခိုလှုံသွားမလို့ပါ မုသားမဆိုပါ
ဒီလိုမျိုးအချစ်ကို ဘာတွေနဲ့မှ တားလို့မရ
အာဒံနဲ့Eviလို တည်ဆောက်မယ့်
အချစ်နိဗ္ဗာန်ကြီးကို
သူ့ရင်ခွဲထဲတိုးမှီလို့
ဒီလိုကြည်နူးဖွယ်အချစ်ရဲ့
နွေးထွေးမှုများဆီးကြို
သစ္စာတရားနဲ့ကတိတို့
အပြန်ပြန်အလှန်လှန် ကမ္ဗည်းထိုး
အတူတူလက်တွဲပြီးတော့လျှောက်မယ်
ရှေ့ဆက်ရမယ့်ခရီးကို
အခုထိမပြတ် ငါ့အချစ်က သူ့တစ်ဦးတည်းအတွက်
နှစ်ယောက်သားဝေးနေခဲ့လည်း မခွဲဘဲ
အမြဲပဲစိတ်ခံစားချက်ခြင်းက ပူးပြီးကပ်
သူများနဲ့မတူတဲ့သူအကြည့်တစ်ချက်ကြောင့်
ရင်ခုန်သံတွေ အခုထိမရပ်
အခက်အခဲတွေအားလုံးကူးပြီးဖြတ်မယ့်
Romeo and Juliet)
နင်လေအရင်လို ငါ့ကိုချစ်သေးလား
လိုအပ်တုန်းပဲချစ်သူရယ်
ဒီစကားလေးတော့ပြောပါကွယ်
အရင်လိုရင်ခုန်သံတွေ ရှိသေးလား
ဘယ်လိုအကြောင်းချက်တို့ရှိပါစေကွယ်
ဒီတိုင်းလေးဘဲထားပါကွယ်
နင်လေအချိန်တွေကြာရင် မေ့သွားမလား....
ငါတော့မေ့လို့မရဘူး
ဘယ်သူတွေဘာတွေ ဘယ်လိုဝင်ခြားနား
ငါတို့အချစ်က သက်သေကွယ်
ယုံကြည်မှုများနဲ့ ဒီလိုမျိုးချစ်သူ
HP Rap
(သူပြောတယ် ငါက တကယ်ကိုလုပ်တယ်
ဟုတ်တယ်
မဟုတ်တဲ့အလုပ်တွေကိုအလေးထား
ကောင်မလေးရယ် မင်းနဲ့ငါ့ရဲ့အရေးက
အခုချိန်ထိ ညှိမရသေးပါ
တစ်နေ့တာဖြစ်သမျှ
အကြောင်းတွေတွေးတောင်
အဆင်ပြေချိန်က အဝေးမှာ
"သဝေထိုး"နဲ့"ခ"ကွေး ပမာ
ရပ်တည်မှုက မတူညီသေးပါ
အသေးစားပြဿနာလေးတောင် သူ
ကလေးများထက်ပိုဂဂျီဂဂျောင် ထူ
မတွေးတောတတ်သူ
အပျော်လေးများဆက်အောင်
စနောက်ခဲ့တောင် နှုတ်ခမ်းကိုငြူစူ
ထူပူပြီးကို ဒီလူကြီးကို မုန်းတယ်လို့
အသလွတ်ကြီးကိုဆိုပြီး
ဒီလိုတိုက်ခိုက်တိုင်းဆိုရင်ထဲမှာ
ပူနေပါတယ် မီးလို
မတွေးရရင်လည်း စိတ်တွေပူ
ထပ်တူပါပဲ ကောင်မလေးရယ် မင်းနဲ့အတူ
ငါ့အကြောင်းတွေ သူတစ်ရေးတယူစုံစမ်းတာ
တစ်ယောက်တည်း အတွေးတွေပူ
သူအခြားလူသူများတွေပြောနေတဲ့
ငါဖောက်ပြားနေသူဆိုတဲ့ ဒီအမှုတရားတွေနဲ့ပဲ
လူကိုလာစားနေ သူအလိုကျငါတစ်ခုများလေ
ချွတ်ယွင်းပါက ငါ့အားမဟားတရား
စကားတွေနဲ့သူကြားလေတဲ့
အမှန်တရားတွေမဲ့တဲ့စကားတွေနဲ့
လာအပြစ်တွေဖွဲ့သူ
တစ်ခါတလေသူက ငါ့ရန်သူ
လူကိုစစ်ချင်းတိုက်ငြူစူ
ကြောင်နဲ့ကြွက်လိုမတည့်ပါသော်လည်း
အာဒံ ဧဝထပ် ချစ်မယ့်သူ)
နင်လေအရင်လို ငါ့ကိုချစ်သေးလား
လိုအပ်တုန်းပဲချစ်သူရယ်
ဒီစကားလေးတော့ပြောပါကွယ်
အရင်လိုရင်ခုန်သံတွေ ရှိသေးလား
ဘယ်လိုအကြောင်းချက်တို့ရှိပါစေကွယ်
ဒီတိုင်းလေးဘဲထားပါကွယ်
နင်လေအချိန်တွေကြာရင် မေ့သွားမလား....
ငါတော့မေ့လို့မရဘူး
ဘယ်သူတွေဘာတွေ ဘယ်လို ဝင်ခြားနား
ငါတို့အချစ်က သက်သေကွယ်
ယုံကြည်မှုများနဲ့ ဒီလိုမျိုးချစ်သူ
နင်လေအရင်လို ငါ့ကိုချစ်သေးလား
လိုအပ်တုန်းပဲချစ်သူရယ်
ဒီစကားလေးတော့ပြောပါကွယ်
အရင်လိုရင်ခုန်သံတွေ ရှိသေးလား
ဘယ်လိုအကြောင်းချက်တို့ရှိပါစေကွယ်
ဒီတိုင်းလေးဘဲထားပါကွယ်
နင်လေအချိန်တွေကြာရင် မေ့သွားမလား....
ငါတော့မေ့လို့မရဘူး
ဘယ်သူတွေဘာတွေ ဘယ်လို ဝင်ခြားနား
ငါတို့အချစ်က သက်သေကွယ်
ယုံကြည်မှုများနဲ့ ဒီလိုမျိုးချစ်သူ
ဒီလိုမျိုးချစ်သူ
ဒီလိုမျိုးချစ်သူတွေ အား....
ဒီလိုမျိုးချစ်သူ ဒီလိုမျိုးချစ်သူ
ဒီလိုမျိုးချစ်သူတွေ အား...ရေး...
!Thank You!