ရွှင်လန်းကာစိတ်ချမ်းသာကြစေ
ရေး- J Fire
ဆို- J Fire & ခိုင်မြဲသစ္စာ
(မ)-မှုန်ရီ ဝိုးတဝါးနဲ့ ရောင်နီနိုးထခဲ့
အတာနှစ်ကူးချိန် ပြန်ပြီးနိုးထလာ
သင်္ကြန်ဒိုးများနဲ့ ဝဿန်မိုးသားထဲ
ရွှေရောင်ပိတောက် ပန်းတွေ
ပွင့်ဖူးခူးဆွတ်ချိန်မှာလေ ရေသဘင်ကြား
တာဝတိံသာနန္ဒဝန်က
ပဉ္စသိင်္ခထံမှ နတ်စောင်းသံ
ပျံသန်းတီးခတ် အချိန်ခါဟာ ပျိုဖြူတွေကြား
ကိန္နရီ ကိန္နရာ ဖျော်ဖြေဟန်များ
မြိုင်ဆိုင်ဝေဆာ ညီညာကကြိုးခြွေ
နှစ်ဦးတန်ခူးလချိန်
နှစ်ဦးတန်ခူးလချိန်
(က)-ရွှင်လန်းကာ စိတ်ချမ်းသာကြစေ
စိတ်နှလုံးပြည့် ကိုယ်ကျန်းမာကြစေ
အရွယ်သုံးသွယ် အနာကင်းကာလှစေ
တောင်းဆုတွေ လိုတိုင်းသာပြည့်စေ
ဆန်စပါးတွေ ပြည့်ဖြိုးကြွယ်ဝစေ
သဒ္ဒါတရားပြည့် လှူဒါန်းနိုင်ကြစေ
ရွှေမိုးတွေ ရွာသွန်းကာကြစေ
မောင်မယ်တွေ ချစ်ကြိုးသွယ်ကြစေ
ယား..နှောင်းခဲ့တာ ကြာလှပြီ
ဂျန်တလို စကားသည်မာဂဓ
သင်္ကန္တ သင်သကရိုက်ကနေ
ရွေ့လျားဆင်းသက်တဲ့ ပြောင်းလဲချိန်ကာလ
ဆိုင်းသံက ဗုံနှောင်ဗုံနှောင်နဲ့
စောင်းသံက ဒူနှောင်ဒူနှောင်
စောင်းသံက ဒူနှောင်ဒူနှောင်နဲ့
ဆိုင်းသံက ဗုံနှောင်ဗုံနှောင်
ဘိုးဘွားတွေ ရေကတော်ကျင်းတို့ရဲ့
အစဉ်လာတစ်ပါးဟာလည်း မင်္ဂလာများစွာနဲ့
ဥပုသ်စောင့် ကုသိုလ်တရားတွေလဲ
ရင်မှာများစွာနဲ့ ထင်ကျန်သွားမှာပဲ
ကျန်တဲ့ပန်းတွေ ဝန်ခံသွားပါတယ်
မွေးရနံ့မမှီအောင် ကြိုင်နေကာလှ
လတန်ခူးပေမို့ အလှထူးပေတဲ့
မြဖူးရယ်တဲ့ ခိုင်ရွှေဝါကွ
(မ)- မြန်မာပြည် ရေသဘင်ကြား
တာဝတိံသာ နန္ဒဝန်က
ပဉ္စသိင်္ခထံမှ နတ်စောင်းသံ
ပျံသန်းတီးခတ် အချိန်ခါဟာပျိုဖြူတွေကြား
ကိန္နရီ ကိန္နရာ ဖျော်ဖြေဟန်များ
မြိုင်ဆိုင်ဝေဆာ ညီညာကကြိုးခြွေ
နှစ်ဦးတန်ခူးလချိန်
နှစ်ဦးတန်ခူးလချိန်
(က)- ဒို့ရိုးရာ သင်္ကြန်ကျပြီကွ
မဏ္ဍပ်တွေအပြိုင်လှနေ
လက်ထဲမှာ ရေဖလားတွေနဲ့
နှစ်သစ်ကိုကြိုဆိုဖို့လေ
အတာအိုးတွေနဲ့ ခရေပန်းတွေနဲ့
ဒယ်အိုးတွေနဲ့ မုန့်လုံးတွေနဲ့
သင်္ကြန်ဒိုးတွေနဲ့ ပျော်မြူးနေခဲ့
သပြေခက်တွေနဲ့ ရေပက်နေခဲ့
ရေကစားတယ် ခင်ကြမင်ကြ
ယဉ်ကျေးမြန်မာ စိတ်ထားဟာလှတယ်
ဒါပြီးရင်နှစ်ဆန်းကာလ
မြို့လမ်းရွာမကျန် ပရိတ်တရားနာကြမယ်
တန်ခူးကာလ မိတ်များစွာရ
ရာသီ(၁၂)လလည်း အရမ်းပဲလှပါရဲ့
အတက်နေ့ရဲ့ နှုတ်ဆက်နေဝင်ချိန်က
ဘာလို့မှန်းမသိ ဝမ်းနည်းရပါတယ်
(မ)-မြန်မာပြည် ရေသဘင်ကြား
တာဝတိံသာ နန္ဒဝန်က
ပဉ္စသိင်္ခထံမှ နတ်စောင်းသံ
ပျံသန်းတီးခတ် အချိန်ခါဟာ ပျိုဖြူတွေကြား
ကိန္နရီ ကိန္နရာ ဖျော်ဖြေဟန်များ
မြိုင်ဆိုင်ဝေဆာ ညီညာကကြိုးခြွေ
နှစ်ဦးတန်ခူးလချိန်
နှစ်ဦးတန်ခူးလချိန်
နှစ်ဦးတန်ခူးလချိန်
ရွှင်လန်းကာ စိတ်ချမ်းသာကြပါစေ