menu-iconlogo
huatong
huatong
kaung-myat--cover-image

ချစ်ခွင့်ရချင်ပြီ

Kaung Myathuatong
slovakgeneyhuatong
Paroles
Enregistrements
သီချင်း - ချစ်ခွင့်ရချင်ပြီ

တေးဆို - ကောင်းမြတ်

Baby, You're my No.1 … I.. I love you.

မင်းရဲ့ဆံနွယ်တွေလေမှာလွှင့်နေတယ်

ညင်သာစွာနမ်းရှိုက်ခွင့်ရချင်လည်း

တကယ်ဆိုရင်ဝေးဝေးကလှမ်းကြည့်ပြီး

ရင်ထဲနူးညံ့အနမ်း လွမ်းနေရုံလေးပဲ

အိုအိပ်မက်သာဆိုပြန်ငြိမ်နေလိုက်ပါမယ်

ကြာလာရင်နာကျင်မယ်ငါသိတယ်

ဒါဆိုရင်မခင်တွယ်အောင်

လုံလောက်မယ့်အကြောင်းရင်း

မင်းဆီမှာရှာတောင်မတွေ့ခဲ့ဘူးကွယ်

ကိုယ်ဘယ်လိုဆက်လုပ်ရမယ်မသိအောင်

မင်းစိတ်နဲ့တွေဝေပြီးရှုပ်ထွေးရင်း

ရင်ခုန်သံမကျယ်ခင်ငါမေ့လိုက်ချင်လည်း

နင်မမြင်လိုက်ရတဲ့ကြိုးချည်သွားပြီ

မင်းအနားရောက်ချင်ပြီချစ်ခွင့်ရချင်ပြီ

ငါဟာတစ်ယောက်တည်း ထိန်းချုပ်ထားလို့မရနိုင်ပြီ

ချစ်ခွင့်ရချင်ပြီ မင်းနဲ့နီးချင်ပြီ

ကြာကြာတစ်ယောက်တည်းသိမ်းဆည်းထားရင်

တကယ်ရူးသွားနိုင်ပြီ

အိပ်မက်သာဆိုငါ ငြိမ်နေလိုက်ပါမယ်

ကြာလာရင်ရုန်းထွက်ဖို့သိပ်ခက်မယ်

ဒါဆိုရင်မခင်တွယ်အောင်

လုံလောက်မယ့်အကြောင်းရင်း

မင်းဆီမှာမမြင်နိုင်ကိုယ်သိပ်ချစ်တယ်

ကိုယ်ဘယ်လိုဆက်လုပ်ရမယ်မသိအောင်

မင်းစိတ်နဲ့တွေဝေပြီးပူလောင်ရင်း

ရင်ခုန်သံမကျယ်ခင်ငါမေ့လိုက်ချင်လည်း

နင်မမြင်လိုက်ရတဲ့ကြိုးချည်သွား

ငါစိတ်ကူးနဲ့ရူး

မင်းအနားရောက်ချင်ပြီချစ်ခွင့်ရချင်ပြီ

ငါဟာတစ်ယောက်တည်း ထိန်းချုပ်ထားလို့မရနိုင်ပြီ

ချစ်ခွင့်ရချင်ပြီ မင်းနဲ့နီးချင်ပြီ

ကြာကြာတစ်ယောက်တည်းသိမ်းဆည်းထားရင်

တကယ်ရူးသွားနိုင်ပြီ

အများကတားမြစ်ထားလည်း

အဖြေကိုလိုချင်တယ်

ပျော်ရွှင်စရာကမင်းပဲဖြစ်တယ်.. နော်

စဉ်းစားခြင်းများသုံးမရ

အကောင်းဆုံးမင်းလေးပဲထင်

ယုံကြည်တာကိုကူညီပေးကွယ် ချစ်လေး

မင်းအနားရောက်ချင်ပြီချစ်ခွင့်ရချင်ပြီ

ငါဟာတစ်ယောက်တည်းအ ချိန်တွေကြာလေစိတ်ပူမိ

ချစ်ခွင့်ရချင်ပြီ မင်းနဲ့နီးချင်ပြီ

ကြာကြာတစ်ယောက်တည်းသိမ်းဆည်းထားရင်

တကယ်ရူးသွားနိုင်ပြီ

မင်းအနားရောက်ချင်ပြီချစ်ခွင့်ရချင်ပြီ

ငါဟာတစ်ယောက်တည်း အချိန်တွေကြာလေစိတ်ပျက်မိ

ချစ်ခွင့်ရချင်ပြီ မင်းနဲ့နီးချင်ပြီ

ကြာကြာတစ်ယောက်တည်းသိမ်းဆည်းထားရင်

တကယ်ရူးသွားနိုင်ပြီ

La La La La La La La La La La xxxxxx

မင်းရဲ့ဆံနွယ်တွေလေမှာလွင့်နေတယ်

မကြာခင်မှာနမ်းရှိုက်ခွင့်ရသင့်တယ်

ငါဘယ်လိုရင်ခုန်သံညာလိုက်ရမှာလဲ

တို့ကြင်နာတဲ့အကြောင်း

ပြော...တော့မယ်

Davantage de Kaung Myat

Voir toutlogo