menu-iconlogo
huatong
huatong
avatar

စတော်ဘယ်ရီချစ်သည်းရှင်

Khin Maung Htoohuatong
vwenglemahuatong
Paroles
Enregistrements
သီချင်း - စတော်ဘယ်ရီချစ်သည်းရှင်

တေးဆို - ခင်မောင်ထူး + စိမ်းမို့မို့

စတော်ဘယ်ရီချယ်ရီရောရင်

တော်တန်ရုံလူပင်

ဘုံကမ္ဘာ ခုနှစ်ဆင့်အမြင့်ကို

မြင်ယောင် သလိုလိုထင်

ဘယ်ဆီကို မမျှော်မှန်းပဲကွယ်

ထင်ရာ မြင်ရာကို

အဖေါ်ရယ်မပါ

တစ်ယောက်တည်းတွေးကာ

လာစဉ်အချိန်မှာကွယ်

သူခေါ်ရာ အပြေးကလေးစိတ်မှာ

ညင်သာစွာ ပါတယ်

ဘယ်ဆီကိုသွားမလဲ အချစ်ရယ်

ပျော်စရာရယ်

အိုး အို သိပ်ပျော်တယ်

စတော်ဘယ်ရီ ချယ်ရီရောရင်

တော်တန်ရုံလူပင်

ဘုံကမ္ဘာ ခုနှစ်ဆင့်အမြင့်ကို

မြင်ယောင် သလိုလိုထင်

အချိန်ယူကာ အေးအေးဆေးဆေး

နေစေချင်ပါတယ်

စတော်ဘယ်ရီသီးလေးများကို

ဖျော်ကာကွယ်

အိုး ဟို တိုက်ပါမယ်

ရီဝေဝေ ကိုယ့်ခေါင်းထဲမှာ

ချာချာလည်နေတယ်

ဘယ်အချိန်မှာ ကိုယ်အိပ်သွားတယ်

မသေချာ မရေရာတယ်

ကိုယ်ပြန်လည် နိုးသော

အခိုက်မှာ အခြေအနေကိုပြန်လည်

သူအခါခါ အထပ်ထပ်တိုက်တာ

မြင်ယောင်တယ်

အိုး အို မြူးလာတယ်..

စတော်ဘယ်ရီ ချယ်ရီရောရင်

တော်တန်ရုံလူပင်

ဘုံကမ္ဘာ ခုနှစ်ဆင့်အမြင့်ကို

မြင်ယောင် သလိုလိုထင်

စေတနာကိုသိတတ်ခဲ့ရင်

တော်ပါပြီရှင်ရယ်

စတော်ဘယ်ရီ သီးလေးများကို

ဖျော်ကာကွယ်

အိုး ဟို တိုက်ပါမယ်

နွေရာသီ အချိန်ဦးအစလို

သာယာနာပျော်ဖွယ်

အသံသာသာ ကိုယ်မကြားတော့ပါ

သူဘယ်ဆီ ဘယ်ဝယ်

ဒီအချိန်မှာ အမှတ်အရဆုံးဟာ

စတော်ဘယ်ရီ ချယ်ရီ

ရွှေကိန္ဒရီ လေးများလား

မြင်ယောင်တယ်

အိုး ဟို မမေ့နိုင်တယ်

စတော်ဘယ်ရီ ချယ်ရီရောရင်

တော်တန်ရုံလူပင်

ဘုံကမ္ဘာ ခုနှစ်ဆင့်အမြင့်ကို

မြင်ယောင် သလိုလိုထင်

စေတနာကိုသိတတ်ခဲ့ရင်

တော်ပါပြီရှင်ရယ်

စတော်ဘယ်ရီ သီးလေးများကို

ဖျော်ကာကွယ်

အိုး ဟို တိုက်ပါမယ်

Davantage de Khin Maung Htoo

Voir toutlogo
စတော်ဘယ်ရီချစ်သည်းရှင် par Khin Maung Htoo - Paroles et Couvertures