သီချင်း - ရေယဉ်လှိုင်း
တေးဆို - L ဆိုင်းဇီ
လှိုင်းဘယ်ဆီပြေးမယ် မမြင်ကွယ်ရာခုန်ကူးမယ်လား
လှမ်းပျော်မဲ့ခရီးမှာ သင့်ရဲ့အပြုံးသာစေသား အိုး လှိုင်း
မင်းလိုရာပန်းတိုင် ကိုယ်တိုင်သာ အလိုပြည့်အောင်ရွေး
အခွင့်သာတဲ့ ဟိုတစ်ဖက်ကို သွားရက်လည်း ဖြေသိမ့်မယ်
လှိုင်း … ရေယဉ်လှိုင်း … ပင်လယ်ကူးဆဲ
အစဉ်ခိုနားမယ် .. သောင်ကမ်းဘယ်မှာလဲကွယ်
သင်သိထားရင် .. ယုံကြည်ကျေနပ်မယ်
မှုန်မှိုင်း တိမ်ဆိုင်ရိပ်မှာ တမင်ခိုကာ အတူနားမယ်လား
ကမ်းခေါ်မယ် လက်လှမ်းယင် ပွင့်မဲ့ပန်း ချိုစေသား
လှိုင်း … ရေယဉ်လှိုင်း … ပင်လယ်ကူးဆဲ
အစဉ်ခိုနားမယ် .. သောင်ကမ်းဘယ်မှာလဲကွယ်
သင်သိထားရင် .. ယုံကြည်ကျေနပ်မယ်
ရည်ညွှန်းရာစခန်းဆီ ညီတူယှဉ် အဆင်သင့်အောင်တွေး
လမ်းသာတဲ့ တစ်ဖက်ကမ်းမကို
လှမ်းရက်လည်း မခေါ်နိုင်ပြီ
လှမ်းနေဆဲ မခေါ်တော့ဘူး … ဟူး ... ရေယဉ်လှိုင်း