menu-iconlogo
huatong
huatong
avatar

ရန်ကုန်မှာသာတဲ့လ

M Zaw Rainhuatong
roumielahuatong
Paroles
Enregistrements
သီချင်း - ရန်ကုန်မှာသာတဲ့လ

တေးဆို - M ဇော်ရိန်

အရှိန်အဝါ တွေကြီး လျှပ်စစ်မီးရဲ့အောက်မှာ

ရှင်လာသူလို ခေါင်းမော့ မကြည့်နိုင်အား

ရန်ကုန်မှာလည်း လသာလျက်ပါပဲ

ယုံပါ အချစ်ရယ် မပြောချင်သူပါ

ပိုတဲ့စကားနဲ့ မပေါ့စေလိုပါ

သတိရမှာပဲ ခဏလေးပေမယ့်

ကိုယ့်ရင်ထဲ မင်းဝင်ခဲ့ ဘူးတယ်

မပိုင်ဆိုင် တော့မှန်း အသိသားပဲ အချစ်ရယ်

ဒါပေမယ့်လည်း မင်းရဲ့ မျက်နှာမြင်ရင်

ဟိုတစ်ချိန်က အကြောင်းကလေးတွေ

အသစ်ဖြစ်ဆဲ

ရယ်ကာမောကာ ပွဲအလယ်မှာလှ

ပျော်စေချင်လည်း မသက်သာပါလား

ကြိုးစားပေမယ့် မေ့မပြစ်နိုင်တယ်

မင်းရင်ထဲ ခဏဝင်ခဲ့ဘူးတယ်

ရန်ကုန်မှာ သာတဲ့လ

သာချိန်လွန် နေပြီလား

ရန်ကုန်မှာ သာတဲ့ လ

သာပေမယ့်လည်း အလကား

ရန်ကုန်သူအတွက် အကောင်းဆုံး

မဟုတ် တော့ပြီ

သဘာဝတရားရဲ့ အလင်းနဲ့

မတင်းတိမ် နိုင်ပြီ

ထယ်ဝါတဲ့ လျှပ်စစ်မီးတွေရဲ့ အလယ်မှာ

မော်ပါကြွားပါ မေ့ပါတော့အမြဲ

ကိုယ်သာ နှစ်သိမ့်လို့ နေပါမယ်

မှတ်မိလေမလား

မဝေးသေးတဲ့ တစ်ချိန်တုန်းက

မင်းရင်ထဲ လသာခဲ့ဖူးတယ်

ရန်ကုန်မှာ သာတဲ့လ

သာချိန်လွန် နေပြီလား

ရန်ကုန်မှာ သာတဲ့ လ

သာပေမယ့်လည်း အလကား

ရန်ကုန်သူအတွက် အကောင်းဆုံး

မဟုတ် တော့ပြီ

သဘာဝတရားရဲ့ အလင်းနဲ့

မတင်းတိမ် နိုင်ပြီ

ထယ်ဝါတဲ့ လျှပ်စစ်မီးတွေရဲ့ အလယ်မှာ

မော်ပါကြွားပါ မေ့ပါတော့အမြဲ

ကိုယ်သာ နှစ်သိမ့်လို့ နေပါမယ်

မှတ်မိလေမလား

မဝေးသေးတဲ့ တစ်ချိန်တုန်းက

မင်းရင်ထဲ လသာခဲ့ဘူးတယ်

ကြိုးစားပေမယ့် မေ့မပစ်နိုင်တယ်

မင်းရင်ထဲ ခဏဝင်ခဲ့ဘူးတယ်

သတိရမှာပဲ ခဏလေးပေမယ့်

ကိုယ့်ရင်ထဲ မင်းဝင်ခဲ့ ဘူးတယ်

Davantage de M Zaw Rain

Voir toutlogo