menu-iconlogo
huatong
huatong
min-yatu-paing--cover-image

ပုတိဖွား

Min Yatu Painghuatong
morgantoddhuatong
Paroles
Enregistrements
သီချင်း - ပုတိဖွား

တေးဆို - မင်းရတုပိုင်

ဟန်ဆောင် အလိမ်အညာများနဲ့

အပေါ်ယံများတဲ့ ဒီလောကကြီးမှာ

လိုချင်တာယူသွားပြီး ထွက်သွားခဲ့

အချစ်တုယောင်တွေများ

အသည်းကို ခွဲလိုက်... လှည့်စားလိုက်

မျက်နှာဖုံးလူသားတွေ

သစ္စာမရှိတဲ့ မာယာများတဲ့

သိုက်တူးမယ့် အချစ်ဘီလူးတွေ

တော်ပီ တော်ပီ (အို နား နား )

ငါလိုချင်တာ အဖြူရောင်ခြယ်နှလုံးသားအစစ်ပါ

ဤဇမ္ဗူမှာ မရှိဘူးလား...

ဂုဏ်ရည်တူရင် လာပါ ငါဟာ ပုတိဖွား...

ပုတိဖွား ပုတိဖွား

အိမ်ခြံ မြေ ဂရမ် ပိုင်ဆိုင်တဲ့သူဋ္ဌေးသား

ပုတိဖွား ပုတိဖွား

အချစ်စစ် တခုတော့ လိုချင်တယ်ပေးပါ

ပုတိဖွား ပုတိဖွား

ရင်ဘတ်နဲ့ရင်းပြီးချစ်တတ်ခဲ့တာ

ပုတိဖွား ပုတိဖွား

မင်းတို့သိတဲ့ မင်းရတုပိုင်က ပုတိဖွားသားပါ

ယုံကြည်ရင် ချစ်လိုက် မလှည့်စားနဲ့

နတ်ဘုရားလို နင်ကိုးကွယ်

လိမ်ပြီးလဲ မချစ်နဲ့ ညာပြီးလဲ မချစ်နဲ့

ငါကျိန်စာ တိုက်ထားတယ်

ဖောက်ပြန်ကြည့်လိုက်

မကြောက်တတ်ဖူးဆို ဖောက်ပြန်ကြည့်လိုက်

ငရဲရောက်သွားမယ် ငါ့စော်ကားရင် ဂျွမ်းပစ်သွားမယ်

တော်ပီ တော်ပီ (အို နား နား )

ငါလိုချင်တာ အဖြူရောင်ခြယ်နှလုံးသားအစစ်ပါ

ဤဇမ္ဗူမှာ မရှိဘူးလား .

ဂုဏ်ရည်တူရင် လာပါ ငါဟာ ပုတိဖွား ..

ပုတိဖွား ပုတိဖွား

အိမ်ခြံ မြေ ဂရမ် ပိုင်ဆိုင်တဲ့သူဋ္ဌေးသား

ပုတိဖွား ပုတိဖွား

အချစ်စစ်တခုတော့ လိုချင်တယ်ပေးပါ

ပုတိဖွား ပုတိဖွား

ရင်ဘတ်နဲ့ရင်းပြီး ချစ်တတ်ခဲ့တာ

ပုတိဖွား ပုတိဖွား

မင်းတို့သိတဲ့ မင်းရတုပိုင်ဟာ ပုတိဖွားသားပါ

ပုတိဖွား ပုတိဖွား

အိမ်ခြံ မြေ ဂရမ် ပိုင်ဆိုင်တဲ့သူဋ္ဌေးသား

ပုတိဖွား ပုတိဖွား

အချစ်စစ်တခုတော့ လိုချင်တယ်ပေးပါ

ပုတိဖွား ပုတိဖွား

ရင်ဘတ်နဲ့ရင်းပြီး ချစ်တတ်ခဲ့တာ

ပုတိဖွား ပုတိဖွား

မင်းတို့သိတဲ့ မင်းရတုပိုင်က ပုတိဖွားသားပါ

ပုတိဖွားသားပါ

ပုတိဖွားသား... ဟား...

Davantage de Min Yatu Paing

Voir toutlogo