menu-iconlogo
huatong
huatong
avatar

တိမ်တွေလို - အောင်ကောင်းထက် , ရေဗက္ကာဝင်း

Nu Nuhuatong
🐿_🅿️uTuLay_🐿huatong
Paroles
Enregistrements
ရက်စက်တဲ့

နှစ်လအချိန်တွေရယ်

တစ်စစပိုဝေးကွာ အချစ်ဆုံးနဲ့

နှလုံးသားမှာ လောင်ကျွမ်းခဲ့

နူးညံ့စွာခံစားရင်း ကြေကွဲ

ရက်စက်တဲ့

နှစ်လအချိန်တွေရယ်

တစ်စစပိုဝေးကွာ အချစ်ဆုံးနဲ့

နှလုံးသားမှာ လောင်ကျွမ်းခဲ့

နူးညံ့စွာခံစားရင်း ကွဲကြေခဲ့

အဆုံးသတ်မှာ

ရခဲ့တာအမုန်းဇာတ်

အရှုံးအမြတ်ကို

မတွက်ခဲ့တော့အပြုံးမပျက်

သရုပ်မပျက်ပေမဲ့

ဒီရင်မှာလူးလိမ့်

အနုစိပ်လွန်းတဲ့

အသည်းနှလုံးကမူးမေ့

စိတ်ကူးသမျှ

လက်တွေ့မှာပြောင်းပြန်

တောင်းပန်ချင်တယ်

နှလုံးသားကဗြောင်းဆန်

ရောင်ရမ်းပြီးကြည့်မိတာ ဘေးနား

အိမ်ပြန်ဖို့လမ်းတွေကလဲ ဝေးသွား

ပြကဒိန်ကိုကြည့်

တစ်ရက်နှစ်ရက်

ဘယ်အချိန်ထိ

ဝေးရမှာလဲငါမသိ ငါရူးပြီ

တိမ်တွေလိုလွင့်ကာ

လေအစုန်ကိုခွင်း

ကြယ်တွေပေါ်ပို့ထားမယ်

မင်းကိုရှာတွေ့ရင်

အလွမ်းမြစ်ထဲမှာ

မင်းကိုငါမတွေ့ပါ

အမုန်းမြို့ထဲမှာ

ပုန်းမနေတာအသေအချာ

နှလုံးသားရဲ့ မြေပုံပေါ်မှာ

ပိုက်စိပ်တိုက်လို့ လိုက်ရှာ

ကိုယ်ဟာတိမ်တွေလိုပဲ

လွင့်တော့မလို့

ဘယ်ဆီဘယ်ဝယ်

မသေချာတော့ဘူးပေါ့

ကိုယ်တစ်ယောက်ထဲ

မင်းနဲ့ဝေးတဲ့အခါ

အားလုံးရက်စက်စွာ

တခါတလေ

နွေဟာပိုမိုပူပြင်းသွားခဲ့သလိုပဲ

အပြင်မှာရွာနေတဲ့မိုး

ပိုပြီးသဲတော့မလိုပဲ

အခြေအနေတွေ

ပိုပြင်းထန်ဆိုးရွားလို့နေခဲ့

ရက်စက်တဲ့

နှစ်လအချိန်တွေရယ်

တစ်စစပိုဝေးကွာ အချစ်ဆုံးနဲ့

နှလုံးသားမှာ လောင်ကျွမ်းခဲ့

နူးညံ့စွာခံစားရင်း ကြေကွဲ

ရက်စက်တဲ့ နှစ်လအချိန်တွေရယ်

တစ်စစပိုဝေးကွာ အချစ်ဆုံးနဲ့

နှလုံးသားမှာ လောင်ကျွမ်းခဲ့

နူးညံ့စွာခံစားရင်း ကွဲကြေခဲ့

ရင်ထဲမှာတောင်းဆိုတာက အတိတ်

စဉ်းစားမိရင်အသည်းနှလုံးက တဒိတ်ဒိတ်

ဒါတွေကို ကြိတ်မှိတ်မျိုသိပ်

မှန်းဆတမ်းတ

လွမ်းရတဲ့အကြောင်းတွေ စာစီကုံး

နာရီတစ်လုံး ငါ့ဘေးမှာချလို့

စကန့်တွေ အသက်ရှူတာငေးလို့

မင်းလုပ်ရပ်က

တွေးမိတိုင်းအမောဖောက်

အလွမ်းကဘာကို လှမ်းစရာမလို

အနမ်းတရာကို ဆက်သလို့

ဓါတ်ပုံတောင် ဟောင်းနွမ်း

ဒီလောက်ထိချစ်တယ်ကွာ

စိတ်တွေကိုပြောင်းစမ်း

အနောက်ရပ်ကနေထွက်ခဲ့ပြီ

ငါ့ကမ္ဘာမှာ

မျက်ရည်တောင်မလောက်ဘူး

မသိချင်လဲ ထားပါကွာ

ရင်ထဲမှာမင်းအတွက်

အလွမ်းတွေက ကြက်ပျံမကျ

ဒီစိတ်နဲ့သေသွားရင်

အမွေအဖြစ်နဲ့ဆက်ခံမလား

သူမသိဘူး

အဲ့ဒီလောက်ရူးနေတာ

အခုချိန်ဆို ပျော်နေရောပေါ့

အဝေးဆီမှာ

ကိုယ်ဟာတိမ်တွေလိုပဲ

လွင့်တော့မလို့

ဘယ်ဆီဘယ်ဝယ်

မသေချာတော့ဘူးပေါ့

ကိုယ်တစ်ယောက်ထဲ

မင်းနဲ့ဝေးတဲ့အခါ

အားလုံးရက်စက်စွာ

တခါတလေ

နွေဟာပိုမိုပူပြင်းသွားခဲ့သလိုပဲ

အပြင်မှာရွာနေတဲ့မိုး

ပိုပြီးသဲတော့မလိုပဲ

အခြေအနေတွေ

ပိုပြင်းထန်ဆိုးရွားလို့နေခဲ့

ရက်စက်တဲ့ နှစ်လအချိန်တွေရယ်

တစ်စစပိုဝေးကွာ အချစ်ဆုံးနဲ့

နှလုံးသားမှာ လောင်ကျွမ်းခဲ့

နူးညံ့စွာခံစားရင်း ကြေကွဲ

ရက်စက်တဲ့ နှစ်လအချိန်တွေရယ်

တစ်စစပိုဝေးကွာ အချစ်ဆုံးနဲ့

နှလုံးသားမှာ လောင်ကျွမ်းခဲ့

နူးညံ့စွာခံစားရင်း ကွဲကြေခဲ့

Nu-Nu

Davantage de Nu Nu

Voir toutlogo