menu-iconlogo
huatong
huatong
sai-sai-kham-leng-a-htee-kyan-cover-image

A Htee Kyan

Sai Sai Kham Lenghuatong
mlbnatlhuatong
Paroles
Enregistrements
အထီးကျန် သိမ်ငယ်မူများစွာရယ်

မင်းမရှိတဲ့ နေ့တွေရယ် ငါတစ်ယောက်တည်းအားတွေငယ်

အချစ်ကိုယုံကြည်ခဲ့မိပါတယ် အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့

ငါတစ်ယောက်တည်းရူးနေမယ်

ကမ္ဘာတစ်ဖက်မှာနင်နေထိုင်တယ် ကမ္ဘာတစ်ဖက်မှာငါနေထိုင်တယ်

ကမ္ဘာတစ်ဖက်စီဝေးလို့နေလို့ဆွေးလို့မြည့်လို့ငါခွေယိုင်လဲ

ကမ္ဘာတစ်ဖက်မှာနင်ချန်ထား ကမ္ဘာပျက်မှာလား

ကမ္ဘာမြေကတို့နှစ်ယောက်ရဲ့ကြား မဆုံနိုင်အောင်ကာဆီးကာထား

ကမ္ဘာတစ်ဖက်မှာည ကမ္ဘာတစ်ဖက်မှာနေ့

နာရီ မိနစ် စက္ကန့်အားလုံးဇောက်ထိုးမိုးမျှော်ဆန့်ကျင်ဘက်တွေဖြစ်ပီဟေ့

ဟိုးအဝေးနင်ထွက်ပြေးတော့ ငါ့ရင်ထဲမှာဟာတာတာ

ကျေးဇူးပြုပြီး ငါ့အချစ်ကိုနင်စာနာပါ

အမြန်လာပါချစ်သူရယ်စိတ်ကောက်ကြတဲ့နေ့တွေကိုလွမ်းလို့

တမ်းတတယ် အရမ်းကို မင်းရှိတဲ့အရပ်ကိုအမြဲကိုမှန်းလို့

မနက်နိုးရင်မေတ္တာပို့ ဘုရားမှာဦးချသစ္စာဆို

မဖောက်ဖျက်ဘူးငါ့ရဲ့စိတ်က မက်မက်စက်စက်ချစ်တာမို့

မင်းစိတ်ကြိုက်ဖြစ်လာဖို့ တစ်ခုချင်းကိုငါလေပြုပြင်

လူတွေရဲ့အထင်အမြင် အယူအဆတွေကိုငါလေမမှုချင်

အချိန်ရှိတိုင်းမင်းကိုလွမ်းမျှော် ပြန်မလာမှာကြောက်နေခဲ့

စောင့်နေခဲ့လက်ချိုးရေလို့ နေ့ရက်တွေမှာဆောက်တည်ရာမဲ့

အထီးကျန် သိမ်ငယ်မူများစွာရယ်

မင်းမရှိတဲ့ နေ့တွေရယ် ငါတစ်ယောက်တည်းအားတွေငယ်

အချစ်ကိုယုံကြည်ခဲ့မိပါတယ် အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့

ငါတစ်ယောက်တည်းရူးနေမယ်

တစ်ယောက်တည်းပဲနေတော့မယ်လို့ ရက်ရက်စက်စက်မင်းကပြောတယ်

တစ်ယောက်တည်းပဲကျန်ခဲ့မှာမို့ ပက်ပက်စက်စက်ငါရင်မောတယ်

မွန်းကြပ်နေတဲ့ ငါ့အခန်းထဲမှာ မင်းအငွေ့အသက်တွေ

အဆုံးမသတ်နိုင်တဲ့ ငါ့အလွမ်းများအတွက်သီချင်းသက်သေ

အားလုံးကအတင်းဖျက်နေ မတူညီတဲ့အဆင့်အတန်းသဘောမျိုး

တဇွတ်ထိုးတတ်တယ် ငါ့အကျင့်ကဆင်ကန်းတောတိုး

နေမြင့်တော့အရူးရင့်လာ မင်းပေးတဲ့ဥပေက္ခာ

ခံရခက်တဲ့ဝေဒနာက ရင်ဘတ်ထဲမှာစူးနစ်လာ

သင်္ချာသင်ခန်းစာမှာ Base တူမှ power ချင်းပေါင်းတယ်

အခြေအနေတွေမတူညီတာက မင်းရဲ့ဘဝကလာခြင်းကောင်းတယ်

မင်းငါ့ကိုမကြိုက်ဘူး လုံးဝကိုမမိုက်ဘူး

ဒါနဲ့လည်းစိတ်မကုန်ဘူး ငါ့ရဲ့အဖြစ်ကမိုက်ရူးရဲ

ငါ့အနားမှာမင်းရှိခဲ့ ငါ့ဘဝကိုငါကျေနပ်တယ်

မင်းနဲ့အတူနေတဲ့အချိန်တိုင်း ဘဝင်ကိုလေဟပ်တယ်

ငါ့အနားမှာနင်မရှိတော့ ငါ့ဘဝကိုငါအားငယ်လို့

ဒီသီချင်းက ငါ့အချစ်ကိုနင်နားလည်ဖို့

အထီးကျန် သိမ်ငယ်မူများစွာရယ်

မင်းမရှိတဲ့ နေ့တွေရယ် ငါတစ်ယောက်တည်းအားတွေငယ်

အချစ်ကိုယုံကြည်ခဲ့မိပါတယ် အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့

ငါတစ်ယောက်တည်းရူးနေမယ်

ကတိတွေလည်း စကားတွေလည်း

တိမ်လိုလွင့်မျောသွားပြီပဲ

အလွမ်းတွေနဲ့အဆွေးတွေနဲ့

ဘယ်လိုငါရင်ဆိုင်ရမလဲ

မင်းမရှိဘဲ ဒီလူ့ဘဝထဲ

ငါမနေတက်ဘူးချစ်သူရယ်

နာကြည်းတတ်တဲ့စိတ်တစ်ခုကို ငါရချင်တယ်

ခွင့်မလွှတ်တတ်တဲ့စိတ်တစ်ခုကို ငါရချင်တယ်

အထီးကျန် သိမ်ငယ်မူများစွာရယ်

မင်းမရှိတဲ့ နေ့တွေရယ် ငါတစ်ယောက်တည်းအားတွေငယ်

အချစ်ကိုယုံကြည်ခဲ့မိပါတယ် အစိမ်းလိုက်မင်းဖဲ့ခြွေခဲ့တော့

ငါတစ်ယောက်တည်းရူးနေမယ်

Davantage de Sai Sai Kham Leng

Voir toutlogo