menu-iconlogo
huatong
huatong
sone-phyo--cover-image

ဝေးများဝေးသွားရင်

Sone Phyohuatong
miekemousehuatong
Paroles
Enregistrements
သီချင်း - ဝေးများဝေးသွားရင်

တေးဆို - စုံဖြိုး

အချစ်မှာမျက်စိမရှိဘူး

ဆိုပေမယ့်

မျက်ရည်တွေအပြည့်နဲ့

တို့နှစ်ယောက်ကြားက

သံယောဇဉ်ကြိုးလေးရယ်

မော့ကြည့်လို့မမြင်နိုင်အောင်

မော့ကြည့်လို့မဆုံးနိုင်အောင်

နက်ရှိုင်းလွန်း

မြင့်မားလွန်းနေပြီပဲဟေ့

မသေချာမရေရာတဲ့

ဒီလိုနေရာဒေသထဲမှာ

ပြန်မလာနိုင်မှာပဲငါ

သိပ်ကြောက်နေမိတယ်

ဒီလိုဝေးများဝေးသွားရင်

ဘယ်လိုနေမလဲ

ဟိုး အတွေးလေးနဲ့တင်

မွန်းကြပ်လို့လာခဲ့

တကယ်ဝေးများဝေးသွားရင်

ဘယ်လိုနေမလဲ ဟေး ရေ

ဘဝမှာမင်းတစ်ယောက်ထဲ

ကိုယ်စိတ်မချဘူးအချစ်ရယ်

အိုး

ကံတရားဆိုတာက

အိုးမင်းသိတဲ့အတိုင်းပဲ

မမျှော်လင့်ထားတဲ့အချိန်မှ

အံသြရလောက်အောင်

ဝမ်းနည်းမှုတွေနဲ့

မငိုပါနဲ့

ချစ်သူရယ်မငိုပါနဲ့ကွယ်

ကိုယ့်ကိုစားမင်းကိုမင်းတော့

ဂရုစိုက်ပါအချစ်ရယ်

ဒီလိုပါပဲ

ဘဝဆိုတာဒီလိုပါပဲကွယ်

နင်လွယ်လွယ်လေးနဲ့

ဘယ်တော့မှ လောကကြီးကို

အရှုံးမပေးပါနဲ့

ဒီလိုဝေးများဝေးသွားရင်

ဘယ်လိုနေမလဲ

ဟိုး အတွေးလေးနဲ့တင်

မွန်းကြပ်လို့လာခဲ့

တကယ်ဝေးများဝေးသွားရင်

ဘယ်လိုနေမလဲ ဟေး ရေ

ဘဝမှာမင်းတစ်ယောက်ထဲ

ကိုယ်စိတ်မချဘူးအချစ်ရယ်

အိုး

တချို့ရေစက်တွေဟာ

အတူတူဆုံနေခဲ့ကြတယ်

သစ်ရွက်တွေပေါ်လိမ့်ကျတော့

နှစ်ခြမ်းပြန်ကွဲသွားတတ်တယ်

ဒါပေမဲ့

ဒါပေမဲ့

ဒါပေမဲ့

နောက်ဆုံးတခေါက်နင်နဲ့

ပြန်ဆုံတွေ့မိချင်တယ်

ဟိုတုန်းကလိုပဲ

အတူပျော်ချင်သေးတယ်

နင်တစ်ယောက်တည်း

ပျင်းမနေနဲ့

ငါမရှိတော့ရင်လည်း

မကြာခဏအိပ်မက်ထဲကို

လာလည်ပါ့မယ်

Davantage de Sone Phyo

Voir toutlogo