menu-iconlogo
huatong
huatong
avatar

Freedom

waterhuatong
scool30huatong
Paroles
Enregistrements
Freedom (လူကိုလူလိုမြင်ပေးပါ)

Water

ငါတို့ရဲ့ဘဝက ကြမ်းပါတယ်

ဘာကြောင့် ရှုံ့ချကြတာလဲ

လူကိုလူလိုမြင်ရင်

မုန်းတီးခြင်းတွေ မရှိလောက်တော့ဘူးကွယ်

တားဆီးထားတဲ့ဘဝတွေထဲ

လွတ်လပ်ခြင်းတို့ ရချင်ခဲ့...

အမြန်လာပေးပါကွယ်

ဒီလွတ်လပ်ခြင်းတွေရယ်...

ငါဘာလဲဆိုတဲ့အဖြကိုစပြီးတော့ သိတဲ့နေ့က

မိသားစုတွန်းကန်မှု့ကို

ရအောင်ကိုဖျက်ဆီးခဲ့မိတာ

အချိန်နဲ့ငါမညီမျှ

မျက်ရည်တွေ အလိုလိုစီးကျ

တချို့တချို့တွေမြင်တဲ့ အမြင်မှာ

ငါဆိုတာက ရယ်စရာကြီးလား

ပြင်ဆင်ဖို့ခက်ခဲ

ငါခံယူချက်နဲ့စိတ်ကတစ်ထပ်ထဲ

ကျနေအချိန်ဆို

ငါ့လိုဘေးနားဘယ်သူလာရပ်မလဲ

သိချင်မိတယ် အဲ့ အဖြေကိုသိချင်မိတယ်

လူသန်းပေါင်းများစွာထဲက

ငါတို့ကို နာကြည်းနေမိတယ်

ချာတိတ်တွေရှိရင်လည်း

နည်းနည်းလေးတော့ ထုတ်ပြပါလို့

အားလုံးရဲ့ကိုယ်စား

ခွင့်ပြုချက်တောင်းတာမို့

ချစ်ခြင်းရဲ့မေတ္တာ အယူအဆတွေမကွဲနဲ့

တကယ်တော့အားလုံးက လူသားတွေပဲကွယ်

တားဆီးထားတဲ့ဘဝတွေထဲ

လွတ်လပ်ခြင်းတို့ ရချင်ခဲ့...

အမြန်လာပေးပါကွယ်

ဒီလွတ်လပ်ခြင်းတွေရယ်...

လူကိုလူလိုမြင်ပေးပါ

ကျေပါစေ ဒီဝဋ်ကြွေးများ

လူသားတစ်ယောက်နဲ့တစ်ယောက်ကြားမှာ

ခွဲခြား ခြင်းတွေ မရှိပါစေနဲ့လား

ရင်ဆိုင်နေတဲ့အခက်ခဲများ

ပြင်ဆင်ရန် အချိန်တွေပေးပါ

ငါတို့ရဲ့တောင်းတခြင်းက

အားလုံး အတူတူ လွတ်လပ်ပါရစေကွာ

သဘာဝကိုလွန်ဆန်ထားတဲ့

လူတွေမို့လို့မုန်းနေတာလား

ရင်ထဲကငိုနေပေမဲ့

ဘာမှမဖြစ်သလိုပြုံးနေကြပါ

တချို့တွေကလာပြီးတော့

စကားသံတွေနဲ့ချိုးနှိမ်သွားတာ

ဘာတွေပဲဖြစ်နေပါစေ

အချိန်ဆိုတာကုန်ဆုံး၍သွားမှာ

တကယ်တမ်းတော့ ကျွန်တော်တို့တတွေက

လူတိုင်းနဲ့ ခင်တတ်ပါတယ်

ဘာလို့များ ငါတို့ကိုတွေရင်

နေရင်းထိုင်ရင်း အမြင်ကပ်တာလဲ

တကယ်ကိုမထင်ရက်စရာပဲ

သူတို့အမြင်ထက်မှာလဲ

ကိုယ့်အချင်းချင်း မစည်းလုံးသေးတော့

ပြသနာတိုင်းမှာ အရှက်ကကွဲ

တားဆီးထားတဲ့ဘဝတွေထဲ

လွတ်လပ်ခြင်းတို့ ရချင်ခဲ့..

အမြန်လာပေးပါကွယ်

ဒီလွတ်လပ်ခြင်းတွေရယ်...

လူကိုလူလိုမြင်ပေးပါ

ကျေပါစေ ဒီဝဋ်ကြွေးများ

လူသားတစ်ယောက်နဲ့တစ်ယောက်ကြားမှာ

ခွဲခြား ခြင်းတွေ မရှိပါစေနဲ့လား

ရင်ဆိုင်နေတဲ့အခက်ခဲများ

ပြင်ဆင်ရန် အချိန်တွေပေးပါ

ငါတို့ရဲ့တောင်းတခြင်းက

အားလုံး အတူတူ လွတ်လပ်ပါရစေကွာ

အရောင်တွေမှိန်မသွားနဲ့တော့

အချိန်တွေ ကုစားလိမ့်မယ်

ဘယ်သူတွေလာကဲ့ယိပါစေ

သစ်တစ်ပင်ကောင်း

ငှက်အပေါင်းတို့ နားစေကွယ်

လူကိုလူလိုမြင်ပေးပါ

ကျေပါစေ ဒီဝဋ်ကြွေးများ

လူသားတစ်ယောက်နဲ့တစ်ယောက်ကြားမှာ

ခွဲခြား ခြင်းတွေ မရှိပါစေနဲ့လား

ရင်ဆိုင်နေတဲ့အခက်ခဲများ

ပြင်ဆင်ရန် အချိန်တွေပေးပါ

ငါတို့ရဲ့တောင်းတခြင်းက

အားလုံး အတူတူ လွတ်လပ်ပါရစေကွာ...

ဟားးဟာ....ဟားးဟာ.....

အားလုံး အတူတူ လွတ်လပ်ပါရစေကွာ...

ဟို...ဟိုးးး ဟို...ဟို.....

အားလုံး အတူတူ လွတ်လပ်ပါရစေကွာ...

Thank you so much...

Davantage de water

Voir toutlogo
Freedom par water - Paroles et Couvertures