menu-iconlogo
huatong
huatong
y-zet--cover-image

သူရဲကောင်းတို့မိခင်

Y Zethuatong
msdavisuhuatong
Paroles
Enregistrements
သီချင်း : သူရဲကောင်းတို့မိခင်

တေးဆို : Y Zet, Ko Zay

ပေးဆပ်ခဲ့တဲ့အတိတ်တွေ ရေးသားဆဲပဲသမိုင်း

ရိုးသားမှုနဲ့လမ်းတောင်တန်းများကြားကမျက်ရည်

အေးစက်လွန်းတဲ့အကျင့်တွေ

အေ၀းကစီးဆင်းလှပတဲ့ဒီနေရာ

နင်းဖြတ်ခြင်းအတွက် အပြစ်မမြင်

ပေးဆပ်ဖို့အတွက်အသင့်

ဒီလောကကြီးအား အလှဆင်

ကောက်ကြောင်းနဲ့လှတဲ့ မြနန္ဒီ အားလုံးငေးမောဆည်းဆာ

နေ၀င်လွမ်းဆွတ် တမ်းတလှပတဲ့ ဒီနေရာ

ဟူးးးး……….

ငါတို့သွေးနဲ့ရေးတဲ့သမိုင်းတွေ

အိုး….အမှတ်တရများနဲ့ ဧရာ၀တီ…….

ဟူးးးးးဟူးးး.......

ကဗျာတွေအားထားခဲ့တဲ့ နှလုံးသားထဲက ဧရာ၀တီ

သူရဲကောင်းတို့ မိခင် ဒါစာဆိုတွေ ရေးဖွဲ့

ဖော်ထုတ်ခဲ့ကြ အလှပန်းချီ ဒီသံစဉ်တွေ စပ်ခဲ့

ရေး…….

သမိုင်းအစဉ်ဆက်ဖြတ်သန်းလာတဲ့

ငါတို့ရဲ့ ဘ၀တွေ စီးဆဲ ဧရာ၀တီ……

တိုက်ပွဲနွှဲ့တဲ့ ညတွေရှိသလို အလွမ်းကဗျာမြစ်တွေပေးခဲ့ ဧရာ၀တီ…….

လွမ်းစရာတွေရင်ထဲစီးဆင်းဆဲ

အိုး..ငါ့ရင်ခွင်လည်း စိမ်းလန်းဆဲပေါ့

အို ဧရာ၀တီ……ဧရာ၀တီ

အိုး….ငါ့ရင်ခွင်နား အိပ်မက်တွက်

ငါတို့ရဲ့ဒီသွေး စီးဆင်းဆဲပါ …

ဟေးးးးရေးးးးဟေးးးးရေးးးး

သံစဉ်တွေ ညည်း…..

အိုး…..ဧရာ၀တီ……..

အနော်ရထာရဲ့မိခင် ကျော်စွာရဲ့မိခင်

အားမနွှဲ့တဲ့ မိခင် ဗညားနွှဲ့ရဲ့မိခင်

အရိမရနဏပူရ ကေတုမတီ

ရတနာသိင်္ခ အို….အားလုံးရဲ့မိခင်

လက်၀ဲမှာ သံလွင် လက်ယာမှာ သံလာ

နှစ်သန်းပေါင်းနှစ်ထောင်ကျော် နန်းစံသက်ကံကြမ္မာ

သို၀ှက်မရတဲ့ အမှန်တရားနဲ့ သူ့ရင်မှာစံစား

အရေးတော်ပုံ အားလုံးရေးရင် ပိတ်ကားမှာပြန်ပြတော့

ပျက်စီးယိုယွင်းသွားတဲ့ကျောက်စာများလို

အချိန်သက္ကရာဇ်တို့ သူက ကြောက်စရာလား

ကဗျာလင်္ကာများလဲဒူးထောက်ခစား

ပိုင်ဆိုင်မှုတွက် စစ်မာန်တွေ အခေါက်တစ်ရာမက

ပုထိုးဥက္က တိုးနရားများ လှေတော်အင်းကြီး

ပုညရှေ့မှာ ဦးတိုက်ရွှေတိဂုံ ခြေတော်ရင်းထိ

ကျက်သရေ အကြောင်းသတင်းေ၀ဖြာ

သမိုင်းအကြောင်းအဟောင်းမျဉ်းတွေကြား

တော်လှန်ရေးတွေအားလုံးရဲ့ ခေါင်းဆေးမင်္ဂလာ

နိုင်ငံတော်တွေအားလုံးရဲ့ ခေါင်းဆေးမင်္ဂလာ……

ရေး...သမိုင်းအစဉ်ဆက်ဖြတ်သန်းလာတဲ့

ငါတို့ရဲ့ ဘ၀တွေ စီးဆဲ ဧရာ၀တီ

တိုက်ပွဲတွေနွှဲ့တဲ့ ညတွေရှိသလို လွမ်းကဗျာမြစ်တွေပေးခဲ့

အို ဧရာ၀တီ…….ဧရာ၀တီ

လွမ်းစရာတွေရင်ထဲစီးဆင်းဆဲ

အိုး..ငါ့ရင်ခွင်လဲ စိမ်းလန်းဆဲ

အို ဧရာ၀တီ……ဧရာ၀တီ

အိုး….ငါ့ရင်ခွင်နား အိပ်မက်တွက်

ငါတို့ရဲ့ဒီသွေး စီးဆင်းဆဲပါ

ဟေးးးးရေးးးးဟေးးးးရေးးးး

သံစဉ်တွေ ညည်း…

အိုး…..ဧရာ၀တီ……

Davantage de Y Zet

Voir toutlogo