menu-iconlogo
huatong
huatong
avatar

မျက်ရည်

Yarwanahuatong
shalymerhuatong
Paroles
Enregistrements
သီချင်း - မျက်ရည်

တေးဆို - Yarwana

နင့်ငါ့အပေါ်အချစ်တွေကုန်ဆုံးသွားခဲ့တာ

သေချာပြီလားဒီအလွမ်းမီးတောက်တွေအား

ငါငြိမ်းသတ်နေရ

နင်အဝေးသို့ပြေးသွားခဲ့တဲ့အချိန်တွေတိုင်းမှာ

ငါ့မှာအရူးမီးတွေဝိုင်း

နင်ထားခဲ့တဲ့ဒီအတိုင်း

ငါကျန်နေခဲ့ပါ့မယ်ချစ်သူ

ပျော်ရာသွားလိုက်ပါချစ်သူ

ငါ့ကိုလက်ပြမနှုတ်ဆက်ပဲ

ထွက်သွားလိုက်ပါတော့ကွယ်

ကြာရင်ငါနေသားကျမှာပါချစ်သူ

နင်အဆင်ပြေတို့အတွက်ပါချစ်သူ

ငါအဆင်မပြေလဲငါအားတင်းပြီးတော့ပြုံးထားမယ်

နောက်သို့လှည့်မကြည့်လိုက်ပါနဲ့

နင်ပျော်ရာသွားလိုက်တော့ချစ်သူရယ်

ဘူတာရုံလေးထဲမျက်ရည်များနဲ့ငါ့မှာ

တယောက်တည်း

နင်ပေးတဲ့အမှတ်တရအနမ်းတွေနဲ့

ဒီရထားကြီးနောက်ငါပြေးပြီးလိုက်လာ

ချင်ပေမယ့်လည်း

ခြေလှမ်းများနှေးနေခဲ့

မျက်ရည်များနဲ့ငါ့တယောက်တည်း

မင်းချန်ထားတဲ့အတွက်နဲ့မြို့ထဲ

လျှောက်လှမ်းရင်းနဲ့ငါ

မင််းအကြောင်းတွေးနေတုန်း

မရိုက်ပဲထားတဲ့ဓာတ်ပုံတွေနဲ့

တောင်တန်းကြီးကမေးနေတယ်

မင်းရဲ့ချစ်သူမရှိတဲ့နောက်မှာ

အဆင်ပြေလားတဲ့

ဘယ်လိုဖြေရမလဲ

ဒီလိုပုံစံကြီးနဲ့

အဆင်ပြေပါတယ်မုသားသုံးကာ

ပြောလိုက်ချင်လည်း

ကြာရင်ငါနေသားကျမှာပါချစ်သူ

နင်အဆင်ပြေတို့အတွက်ပါချစ်သူ

ငါအဆင်မပြေလဲငါအားတင်းပြီးတော့ပြုံးထားမယ်

နောက်သို့လှည့်မကြည့်လိုက်ပါနဲ့

နင်ပျော်ရာသွားလိုက်တော့ချစ်သူရယ်

ဘူတာရုံလေးထဲမျက်ရည်များနဲ့ငါ့မှာ

တယောက်တည်း

နင်ပေးတဲ့အမှတ်တရအနမ်းတွေနဲ့

ဒီရထားကြီးနောက်ငါပြေးပြီးလိုက်လာ

ချင်ပေမယ့်လည်း

ခြေလှမ်းများနှေးနေခဲ့

ခြေလှမ်းများနှေးနေခဲ့

မျက်ရည်များနဲ့ငါ့တယောက်တည်း

မင်းချန်ထားတဲ့ဒီမြို့ထဲ

လိုက်လာချင်ပေမယ့်

ခြေလှမ်းများနှေးနေခဲ့

ခြေလှမ်းများနှေးနေဆဲ

Davantage de Yarwana

Voir toutlogo