menu-iconlogo
huatong
huatong
--cover-image

ပြန်လည်တမ်းတခြင်း

ကဗျာဘွဲ့မှူးhuatong
sparky6251huatong
Lirik
Rekaman
ပြန်လည်တမ်းတခြင်း

တေးဆို ကဗျာဘွဲ့မှူး

ဟောင်းနွမ်းရက်အလယ် အလွမ်းညတွေပို

သီတာစမ်းကလေးရဲ့ ကမ်းနံဘေးမှာ

အလွမ်းတေးဖွဲ့ဆို

ရေလျဉ်ကြောထဲ မျောလွင့်ခဲ့တဲ့

ရွက်ဟောင်းအို

ပြန်လည်တမ်းတကာ ဆုံးရှုံးလို့ငို.....

ဟောင်းနွမ်းရက်အလယ် အလွမ်းညတွေပို

သီတာစမ်းကလေးရဲ့ ကမ်းနံဘေးမှာ

အလွမ်းတေးဖွဲ့ဆို

ရေလျဉ်ကြောထဲ မျောလွင့်ခဲ့တဲ့

ရွက်ဟောင်းအို

ပြန်လည်တမ်းတကာ ဆုံးရှုံးလို့ငို.....

တို့ရင်မှာ နွေးထွေး

အကြင်နာဆုံးပါးမို့မို့မှာ

ဘယ်ညာလူးလိမ့် ဖက်နမ်းတော့

သနပ်ခါးလေး ပွန်းပဲ့ရှာ

ဝေးဝေးလွင့်ပျောက်မှာစိုးလို့

တိုးဖက်စမ်းပါ

ပြန်လည်တမ်းတကာ ဆုံးရှုံးလို့ငို.......

လွမ်းဆွေးရက်တွေ အစိုးမရနိုင်သလို

အကြင်နာအနမ်းပေးတဲ့

နုတ်ခမ်းလေးမှာ နွေးထွေးလို့ချို

ယာယီမှေးစက် ချော့သိပ်ခဲ့တဲ့ ရက်များကို

ပြန်လည်တမ်းတကာ ဆုံးရှုံးလို့ငို.......

ဆွေးပင်ရိပ်အေးဆေး

ဟိုစဉ်တုန်းက စိမ်းလန်းစို

ရင်ခွင်ပြောင်းလဲ နေရစ်တော့

ပုံစံဟောင်းနွမ်းသစ်ရွက်အို

ဝေးဝေးလွင့်ပျောက်မှာစိုးလို့

မုန်းမေ့ခဲ့ရာ

ပြန်လည်တမ်းတကာ ဆုံးရှုံးလို့ငို.......

ပြန်လည်တမ်းတကာ ဆုံးရှုံးလို့ငို.......

ပြန်လည်တမ်းတကာ ဆုံးရှုံးလို့ငို.......

Selengkapnya dari ကဗျာဘွဲ့မှူး

Lihat semualogo