menu-iconlogo
huatong
huatong
avatar

ညီမလေးအတွက်မနက်ဖြန်

ကောင်းကောင်းhuatong
patriciamartin21huatong
Lirik
Rekaman
သီချင်း - ညီမလေးအတွက်မနက်ဖြန်

တေးဆို - ကောင်းကောင်း

ဟား...ဟား...

ဘဝဟာတန်ဖိုးရှိတယ်

ခဏတာ နေရလည်း

အမှားများ တစ်ခါလေတော့ရှိမယ်

နစ်မွန်းလို့မသွားပါဘူး...

ရုန်းထပါကွယ်...အချိန်ရှိသေးတယ်

သာယာတဲ့ ဘဝသစ်တည်ဆောက်ဦး

ညီမလေး ဇွဲမလျော့လိုက်ပါနဲ့

ငိုရတဲ့ နေ့များရှိသလို

ပျော်ရမယ့် အချိန်တစ်လှည့်တော့

ရောက်ရှိလာမှာပဲ တစ်နေ့မှာ

ညီမလေး စောင့်နေနော်

ဘဝရဲ့မီးစာ မှိန်နေလည်းလေ

ကိုယ်ပိုင်တဲ့အလင်းနဲ့ ဒီကမ္ဘာအား

ညီမလေး...အလင်းပေးလိုက်ပါနော်

နေသလိုဖြစ်တဲ့ ဒီလောကကြီးထဲမှာ

ဖြစ်သလို မနေပါနဲ့နော်

အချိန်ဆိုတာ တကယ်တန်ဖိုးရှိတယ်

ရုန်းထလိုက်ပါ အနာဂတ်အတွက်

လှောင်ရယ်သံများကြား

အို စိတ်မပျက်နဲ့နော်

ဘယ်လူသားမှ မစုံလင်ဘုူးနော်

ဒီနေ့ ရှုံးရင်လည်း မနက်ဖြန်ရှိပါတယ်

အောင်မြင်ခြင်း ပန်းတိုင်ဆီ

ညီမလေး...လှမ်းလို့လာနော်...

ဟိုး...ဝိုး...ဟို...

ဟိုး...ဝိုး...ဟို...

ငိုရတဲ့ နေ့များရှိသလို

ပျော်ရမယ့် အချိန်တစ်လှည့်တော့

ရောက်ရှိလာမှာပဲ တစ်နေ့မှာ

ညီမလေး စောင့်နေနော်

ဘဝရဲ့မီးစာ မှိန်နေလည်းလေ

ကိုယ်ပိုင်တဲ့အလင်းနဲ့ ဒီကမ္ဘာအား

ညီမလေး အလင်းပေးလိုက်ပါနော်

နေသလိုဖြစ်တဲ့ ဒီလောကကြီးထဲမှာ

ဖြစ်သလို မနေပါနဲ့နော်

အချိန်ဆိုတာ တကယ်တန်ဖိုးရှိတယ်

ရုန်းထလိုက်ပါ အနာဂတ်အတွက်

လှောင်ရယ်သံများကြား

စိတ်မပျက်နဲ့နော်

ဘယ်လူသားမှ မစုံလင်ဘုူးနော်

ဒီနေ့ ရှုံးရင်လည်း မနက်ဖြန်ရှိပါတယ်

အောင်မြင်ခြင်း ပန်းတိုင်ဆီ

ညီမလေး...လှမ်းလို့လာနော်...

ဟိုး...ဝိုး...ဟို...

ဟိုး...ဝိုး...ဟို...

Selengkapnya dari ကောင်းကောင်း

Lihat semualogo