menu-iconlogo
huatong
huatong
avatar

မကြေငြာတဲ့သိမ်းဖျက်ခြင်း

ခင်ဝမ်းhuatong
αყεҡყαω(µσσ)huatong
Lirik
Rekaman
မကြေငြာတဲ့သိမ်းဖျက်ခြင်း

ခင်ဝမ်း

0း 45

မစွမ်းရင်းလဲ ရှိနှင့်သူမို့ 

ညွှန်ရာသတိတရား ကင်းခဲ့တယ်

ကျွံလာသည့်စကား ကိုယ်မငြင်းခဲ့

မမြင်မကမ်း အချစ်လမ်း

အသင့်ကမ်း သည့်လက်ကို

ရှိုက်နမ်း မိုက်ကမ်း

အမြင့်ပန်းမှ ရလို

လူနွမ်း

တူးရင်းနဲ့ နက်ခဲ့ပြီလေ

လိမ်ညာချစ်ကြွေး ရန်ညိုး

အပြန်ပြန် လက်စားချေအုံး

စဉ်းလဲခြင်း အချစ်နဲ့ 

အနိုင် ပိုင်းပြီလား

စုံကန်တဲ့မြင်း အကျင့်ကို

ကျင်လည် တတ်ကျွမ်း

မကြေငြာတဲ့ သိမ်းဖျက်ခြင်း

ဆုံးဖြတ် ငါ့အမှား

မကြေငြာတဲ့ သိမ်းဖျက်ခြင်း

ဆုံးဖြတ် ငါ့အမှား

ဖြူစင်သော အသည်းတွေ

အခဲမကြေ

ထားရာနေ စေရာမြေမင်းက

မယုံနိုင်ခဲ့ဆုံး အမုန်း .....

ကန်စွန်းခင်းလဲ ညိခဲ့ပြီမို့ 

ခေါ်ရာ လိုက်မှားမိခဲ့တယ်

တော်ရာ၌ နားနေရစ်ခဲ့ကွယ်

တပင်တပန်း အချစ်လမ်း

အသင့်ကမ်း သည့်အသက်ကို

အမိုက်လွမ်း မထိုက်ပန်း

ညစ်နွမ်းမှ ငါ့ကို

လှူတမ်း

ကူးရင်းနဲ့  နစ်ခဲ့ပြီလေ

အိမ်ယာနှင့်ဝေး ကံဆိုး

မယူပိုင်တဲ့အဆုံး ပြန်အုံး

စဉ်းလဲခြင်း အချစ်နဲ့ 

အနိုင် ပိုင်းပြီလား

စုံကန်တဲ့ မြင်းအကျင့်ကို

ကျင်လည် တတ်ကျွမ်း

မကြေငြာတဲ့ သိမ်းဖျက်ခြင်း

ဆုံးဖြတ် ငါ့အမှား

မကြေငြာတဲ့ သိမ်းဖျက်ခြင်း

ဆုံးဖြတ် ငါ့အမှား

ဖြူစင်သော အသည်းတွေ

အခဲမကြေ

ထားရာနေ စေရာမြေမင်းက

မယုံနိုင်ခဲ့ဆုံး အမုန်း .....

Music

တူးရင်းနဲ့ နက်ခဲ့ပြီလေ

လိမ်ညာချစ်ကြွေး ရန်ညိုး

အပြန်ပြန် လက်စားချေအုံး

ဲစဉ်းလဲခြင်း အချစ်နဲ့ 

အနိုင် ပိုင်းပြီလား

စုံကန်တဲ့ မြင်းအကျင့်ကို

ကျင်လည် တတ်ကျွမ်း

မကြေငြာတဲ့ သိမ်းဖျက်ခြင်း

ဆုံးဖြတ် ငါ့အမှား

မကြေငြာတဲ့ သိမ်းဖျက်ခြင်း

ဆုံးဖြတ် ငါ့အမှား

မကြေငြာတဲ့ သိမ်းဖျက်ခြင်း

ဆုံးဖြတ် ငါ့အမှား

By AyeKyaw greentiger

Selengkapnya dari ခင်ဝမ်း

Lihat semualogo