menu-iconlogo
huatong
huatong
avatar

ကြိုးကြာသံ

ခင်မောင်တိုးhuatong
donutholes!huatong
Lirik
Rekaman
ကြိုးကြာသံ

ခင်မောင်တိုး

မိုးဦးဝင်ရောက်လာတဲ့အခါ

ရိုးမပေါ် ဖြတ်ပျံရင်း

မြောက်ဘက်ကို ဦးတည်လှည့်ကာ

သားဖေါက်ရာ အရပ်ဆီ

မိုင်ထောင်ချီ ပြန်လေပြီ

ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်

မျိုးဆက်ရဲ့အားမှန်တခုဟာ

လမ်းကြောင်းမှန်ရွှေးချယ်ခြင်း

အများနည်းတူသက်လုံးမကောင်းရင်

မွေးဖွားရာ အရပ်ဆီ

မိုင်ထောင်ချီ ပြန်လေပြီ

ကြိုးကြာငှက်တစ်ချို့လေ

ချီလာစဉ်ကျန်ရစ်ပြီ

ဆုံးဖြတ်ချက်တစ်ခုချမယ်

အရှုံးနဲ့ အောင်မြင်ခြင်းဟာ

ရှိသင့်တဲ့ အားနဲ့မာန်

ဟန်နိုင်မှ ............

ရိုးမပေါ် ဖြတ်ကျော်သွားချိန်

စီးလမ်းလေကြောင်းလွှာထဲ

ချဉ်းနင်းဝင်ရောက်လာပြီးရင်

အားစိုက်မျှောလိုက်နဲ့

မိုင်ထောင်ချီ ပြန်နေပြီ

ကြိုးကြာငှက်တို့ ရဲ့

မိုင်ထောင်ချီခရီးစဉ်

ဆုံးဖြတ်ချက်တစ်ခုချမယ်

အရှုံးနဲ့ အောင်မြင်ခြင်းဟာ

ရှိသင့်တဲ့ အားနဲ့မာန်

ဟန်နိုင်မှ ...............

ရိုးမပေါ် ဖြတ်ကျော်သွားချိန်

စီးလမ်းလေကြောင်းလွှာထဲ

ချဉ်းနင်းဝင်ရောက်လာပြီးရင်

အားစိုက်မျှောလိုက်နဲ့

မိုင်ထောင်ချီ ပြန်နေပြီ

ကြိုးကြာငှက်တို့ ရဲ့

မိုင်ထောင်ချီခရီးစဉ်

ဆုံးဖြတ်ချက်တစ်ခုချမယ်

အရှုံးနဲ့ အောင်မြင်ခြင်းဟာ

ရှိသင့်တဲ့ အားနဲ့မာန်

ဟန်နိုင်မှ ............

Selengkapnya dari ခင်မောင်တိုး

Lihat semualogo