အိမ်အလွမ်း
ခိုင်ထူး
Introး
Uploder Aye Kyaw
အိမ်ပြန်ချင်တဲ့အလွမ်း
ဆီးနှင်းတို့ ကျစ တစ်ညမှာ
အိမ်ကို ပစ်ပြီးတော့
မပြေလည်နိုင်တဲ့ လမ်း
သိလျက်နဲ့ တစ်လှမ်းချင်း
လှမ်းကာ ရင်ဆိုင်နေဆဲက
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်ဆိတ် ရောက်လာတယ်
music
စိန်ခေါ်နေတဲ့လမ်း ဆူးခင်းနဲ့
စီးချင်းထိုးကာ မြေလှန်ပစ်ပြီးတော့
စိုပြေနိုင်မဲ့ နည်းလမ်း
ရှိရက်နဲ့ မနီးစပ်သေးခင်
ရှာဖွေနေဆဲက
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ် ရောက်လာတယ်
အလွမ်း ....
ပြန်ချင်စိတ်ကြောင့်
အလွမ်း ....
ပြန်ချင်ဇော ကြောင့်
နေ့ခင်း အိပ်မက်ထဲမှာ
အတွေး အိပ်မက်ထဲမှာ
အိမ်ပြန်ဖြစ်တယ်
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ် ရောက်လာတယ်
မိန်ရာသီရဲ့ စန်း
နက္ခတ်နဲ့ လိုက်လို့ညှိကာ
အဖြေပြန် တွက်ပြီးတော့
အမေအို မျှော်နေမှန်းလဲ
သိရက်နဲ့ ခရီးကြမ်ဖြတ်ကာ
ပြန်မလာနိုင်သေးခင်
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ် တဆိတ် ရောက်လာတယ်
အလွမ်း ....
ပြန်ချင်စိတ်ကြောင့်
အလွမ်း ....
ပြန်ချင်ဇော ကြောင့်
နေ့ခင်း ... အိပ်မက်ထဲမှာ
အတွေး ... အိမ်မက်ထဲမှာ
အိမ်ပြန်ဖြစ်တယ်
အလွမ်း ....
ပြန်ချင်စိတ်ကြောင့်
အလွမ်း ....
ပြန်ချင်ဇော ကြောင့်
နေ့ခင်း ... အိပ်မက်ထဲမှာ
အတွေး ... အိမ်မက်ထဲမှာ
အိမ်ပြန်ဖြစ်တယ်
By - Aye Kyaw - greentiger