မိုးတွေညိုလာရင်
တေးရေး။ ဧရာဝတီကိုဂျွန်
တေးဆို။ ချစ်စန္ဒာ
(အနောက်တောင်ဆီမှာ မိုးတွေညိုလာပြန်ရင်
အတိတ်ကဒို့နှစ်ယောက် အတူရှိခဲ့တဲ့နေရာ
မိုးရေအောက်မှာ
ကြည်နူးခဲ့ကြတဲ့အချိန်လေးတွေကို
အောက်မေ့မိတယ်.. အချစ်ရယ်
ပုံပြင်မှမဟုတ်ခဲ့တာနော်...
အတူချည်ခဲ့ကြတဲ့ သံယောဇဉ်ချစ်ထုံးလေး
မပြေသေးသ၍တော့ မင်းပြန်လာမဲ့အချိန်ကို
ရွှေမိုးညိုနဲ့အတူ စောင့်နေပါ့မယ်အချစ်ရယ်)
?
အာကာရှစ်နယ်တခွင်မှာ
သံယောဇဉ်လျှပ်စီးတန်းတွေ
မိုးပုလဲပန်းတွေ မြေမှာခကြွေတိုင်း
ရင်မှာငိုတဲ့ မျက်ရည်
မင်း..သိမှာပါလေ မင်း..သိပါတယ်လေ
သံယောဇဉ်ငယ်ချစ်ဦးရေ
တို့နှစ်ယောက်အတူတူ
ပျော်ခဲ့ကြတဲ့ဒီရွှာလေးမှာ
မင်းကပေါ်မလာ
ဘယ်စီရှောင်ပုန်းလဲကွာ
ဒီမိုးချိန်းသံကြားရင်
နင်လည်းမှတ်မိလိမ့်မယ်
ငယ်ကချစ်ခဲ့ဖူးတဲ့ ငယ်ကငယ်ချစ်ဦးရေ
မိုးတွေညိုတိုင်းလွမ်းတယ်
တိုင်းဌာနေက အချစ်ရယ်
ကိုယ့်စီပြန်ခဲ့ပေါ့ကွယ်
မိုးတွေညိုတိုင်းလွမ်းလာတယ်
?
တို့အတူ ချစ်ကတိတွေခြွေခဲ့ဖူးတယ်
တို့အတူတူ သံယောဇဉ်တွယ်ခဲ့ကြတယ်
အနောက်တောင်ဆီမှာ
ရွှေမိုးတွေညိုလာရင်ကွာ
ဝေဒနာဆင့်ကဲ ရင်ထဲရှိုက်ကမပျော်နိုင်သူပါ
ဒီမိုးချိန်းသံကြားရင်
နင်လည်းမှတ်မိလိမ့်မယ်
ငယ်က ချစ်ခဲ့ဖူးတဲ့ ငယ်ကငယ်ချစ်ဦးရယ်
မိုးတွေညိုတိုင်းလွမ်းတယ်
တိုင်းဌာနေကအချစ်ရယ်
ကိုယ့်ဆီပြန်ခဲ့ပေါ့ကွယ်
မိုးတွေညိုတိုင်းလွမ်းလာတယ်
?
?
အာကာရှစ်နယ်တခွင်မှာ
သံယောဇဉ်လျှပ်စီးတန်းတွေ
မိုးပုလဲပန်းတွေ မြေမှာခကြွေတိုင်း
ရင်မှာငိုတဲ့ မျက်ရည်
မင်း..သိမှာပါလေ မင်း..သိပါတယ်လေ
သံယောဇဉ်ငယ်ချစ်ဦးရေ
တို့နှစ်ယောက်အတူတူ
ပျော်ခဲ့ကြတဲ့ဒီရွှာလေးမှာ
မင်းကပေါ်မလာ
ဘယ်စီရှောင်ပုန်းလဲကွာ
ဒီမိုးချိန်းသံကြားရင်
နင်လည်းမှတ်မိလိမ့်မယ်
ငယ်ကချစ်ခဲ့ဖူးတဲ့ ငယ်ကငယ်ချစ်ဦးရေ
မိုးတွေညိုတိုင်းလွမ်းတယ်
တိုင်းဌာနေက အချစ်ရယ်
ကိုယ့်စီပြန်ခဲ့ပေါ့ကွယ်
မိုးတွေညိုတိုင်းလွမ်းလာတယ်
?
တို့အတူ ချစ်ကတိတွေခြွေခဲ့ဖူးတယ်
တို့အတူတူ သံယောဇဉ်တွယ်ခဲ့ကြတယ်
အနောက်တောင်ဆီမှာ
ရွှေမိုးတွေညိုလာရင်ကွာ
ဝေဒနာဆင့်ကဲ ရင်ထဲရှိုက်ကမပျော်နိုင်သူပါ
ဒီမိုးချိန်းသံကြားရင်
နင်လည်းမှတ်မိလိမ့်မယ်
ငယ်က ချစ်ခဲ့ဖူးတဲ့ ငယ်ကငယ်ချစ်ဦးရယ်
မိုးတွေညိုတိုင်းလွမ်းတယ်
တိုင်းဌာနေကအချစ်ရယ်
ကိုယ့်ဆီပြန်ခဲ့ပေါ့ကွယ်
မိုးတွေညိုတိုင်းလွမ်းလာတယ်
?
?