ကြာလေလေခိုင်မြဲလေလေ
တေးရေး...ကိုလေးလွင်
တေးဆို..... ချစ်စန္ဒာ
သြော်... တွေ့မြင်ချင် အရင်းခံနဲ့
မတွေ့သာ မမြင်သာတော့လည်း
ပိုပြီးတွေ့ချင်ပါပေ
လူ့စိတ်ဆိုသည်မှာ
ဒီသဘောပဲလေ
မရတာကိုမှ လိုချင်ကြပြန်ပေ . . .
ခက်ခဲ သော်လည်း ရအောင်ချူပြမလေ
ယူ ပြမလေ . . .
အမြင့်မှာ မဝင့်ပါနဲ့လေ
ပန်းကလေး အချစ်ရေ
ချူတဲ့သူ တံချူအနား
ညွှတ်ယိမ်းပါလား…လေ . . .
****
တွေ့ရဆုံရ မြင်နေရပြန်တော့လည်း...
ကိုယ့်အချစ်စိတ်ကို
တားဆီးလို့ပင် မရနိုင်ပြန်ပေ
မချစ်နိုင်အောင်လည်း ကြိုးစားနေ
မဖြစ်နိုင်တော့လည်း သိပ်ခက်ပေ
ချစ်တဲ့သူရေ..
မေဘယ်သူနဲ့ နေရမလေ . . .
****Intro****
ကြာလေ လေ
ချစ်တဲ့စိတ်က ခိုင်မြဲလေလေ
အချစ်ဦး…ရေ နား ထောင်ပါလေ
တစ်သက်မှာ တစ်ယောက်တည်း
စွဲလန်းချစ်နေ
မခွဲတမ်း… အချစ်ဝေ
မောင့်အပေါ် မေတ္တာထားတာ
ကြာလေလေ ခိုင်မြဲလေလေ . . . .
****
ကိုယ့်အသိ ကိုယ်ရင်ထဲမှာ
ပြောစရာဆိုရင်
ချစ်တဲ့သူအပေါ်
ချစ်တယ်ဆိုတာမုန်းဖို့မပါပေ . . .
အလှပေါင်းထောင်… စု
ကိုယ့်စိတ်ကို ညွှတ်အောင်ပြုလည်းလေ
မတုန်လှုပ်ပါ
မောင့်အပေါ် မေတ္တာတာ မြဲနေ
ကြာလေလေ ခိုင်မြဲလေလေ . . .
****Intro****
တွေ့ရဆုံရ မြင်နေရပြန်တော့လည်း...
ကိုယ့်အချစ်စိတ်ကို
တားဆီးလို့ပင် မရနိုင်ပြန်ပေ
မချစ်နိုင်အောင်လည်း ကြိုးစားနေ
မဖြစ်နိုင်တော့လည်း သိပ်ခက်ပေ
ချစ်တဲ့သူရေ…
မေဘယ်သူနဲ့ နေ ရ, မလေ . . .
***Intro***
ကြာလေ လေ
ချစ်တဲ့စိတ်က ခိုင်မြဲလေလေ
အချစ်ဦး…ရေ နား ထောင်ပါလေ
တစ်သက်မှာ တစ်ယောက်တည်း
စွဲလန်းချစ်နေ ..မခွဲတမ်းအချစ်ဝေ
မောင့်အပေါ် မေတ္တာထားတာ
ကြာလေလေ ခိုင်မြဲလေလေ . . . .
********
ကိုယ့်အသိ ကိုယ်ရင်ထဲမှာ
ပြောစရာဆိုရင်ချစ်တဲ့သူအပေါ်
ချစ်တယ်ဆိုတာမုန်းဖို့မပါပေ . . .
အလှပေါင်းထောင်… စု
ကိုယ့်စိတ်ကို ညွှတ်အောင်ပြုလည်းလေ
မတုန်လှုပ်ပါ မောင့်အပေါ် မေတ္တာတာ မြဲနေ
ကြာလေလေ ခိုင်မြဲလေလေ . . .
အားလုံးကိုကျေးဇူးတင်ပါသည်။