ရှေးရှေးဘဝက
ရေစက်ဟောင်း ကြောင့်ကွယ်..
မောင့်ကိုသာ အလိုလို
ပျို့စိတ်မှာ မေတ္တာပို...တယ်....
ချစ်လက်စ မကုန်..တယ်..
မြင်မြင်ချင်းပင်
ဘာကြောင့်များ ချစ်ချင်တယ်
ဘဝဟောင်းက ပျို့ဆုတောင်းကြောင့်ထင်တယ်
မြင်မြင်ချင်းပင်
ဘာကြောင့်များ ချစ်ချင်တယ်
ဘဝဟောင်းက ပျို့ဆုတောင်းကြောင့်ထင်တယ်
ယုံကြည်ပါနော် မောင့်ကိုသာ
အစဉ် တကယ်
ခင်တွယ် ကြင်နာသနားစိတ်တွေ
၀မ်းထည်းကြိတ်ကာ မနေနိုင်ပေါင်ကွယ်
မောင်ရယ် ချစ်လက်စ မေတ္တာသွယ်
မြင်မြင်ချင်းပဲ ချစ်မိတယ်
မြင်မြင်ချင်းပဲ ကြိုက်မိတယ်
စေတနာ မောင့်အပေါ်ထားလို့
ပျိုမေ မေတ္တာရှိလှတယ်
မြင်မြင်ချင်းပဲ ချစ်မိတယ်
မြင်မြင်ချင်းပဲ ကြိုက်မိတယ်
စေတနာ မောင့်အပေါ်ထားလို့
ပျိုမေ မေတ္တာရှိလှတယ်
ရေစက်ဟောင်း ဆုတောင်းပြည့်လို့ထင်တယ်
သည်ဘဝမှာလည်းချစ်မပြယ် မောင်ရယ်...
ချစ်လက်စ မကုန်ဘူးကွယ်
အဖေအမေထက် ချစ်တဲ့မောင်မောင်ရယ်
မိန်းမတို့ အိန္ဒြေတွေ..ပယ်
မောင့်ကိုပင်မမြင်ရ ခင်အလှမှာကွယ်
မနေတတ် ပျို့စိတ်မှာတကယ်
အဖေအမေထက် ချစ်တဲ့မောင်မောင်ရယ်
မိန်းမတို့ အိန္ဒြေတွေ..ပယ်
မောင့်ကိုပင်မမြင်ရ ခင်အလှမှာကွယ်
မနေတတ် ပျို့စိတ်မှာတကယ်
ချစ်မိရင်လဲပဲ မရှက်တော့တယ်
ပျို့သဘောလဲ ပြောပြချင်တယ်
စားလည်းဒီစိတ်ကွယ် သွားလည်းဒီစိတ်ကွယ်
မောင့်ကိုသာ စွဲလမ်းမိတယ်
မြင်မြင်ချင်းပဲ ချစ်မိတယ်
မြင်မြင်ချင်းပဲ ကြိုက်မိတယ်
စေတနာမောင့်အပေါ်ထားလို့
ပျိုမေ မေတ္တာရှိလှတယ်
မြင်မြင်ချင်းပဲ ချစ်မိတယ်
မြင်မြင်ချင်းပဲ ကြိုက်မိတယ်
စေတနာမောင့်အပေါ်ထားလို့
ပျိုမေ မေတ္တာရှိလှတယ်
ရေစက်ဟောင်း ဆုတောင်းပြည့်လို့ ထင်တယ်
သည်ဘဝမှာလည်းချစ်မပြယ် မောင်ရယ်......
ချစ်လက်စ မကုန်ဘူးကွယ်
မစားနိုင်မအိပ်နိုင် ချစ်တဲ့ စိတ္တဇရယ်
မောင်နဲ့လည်းမခွဲနိုင်တယ်....
ပျိုအလွန်ပဲ စွဲပါတယ်....
မစားနိုင်မအိပ်နိုင် ချစ်တဲ့ စိတ္တဇရယ်
မောင်နဲ့လည်းမခွဲနိုင်တယ်....
ပျိုအလွန်ပဲ စွဲပါတယ်....
အတူနေဖို့ရယ် အတူထိုင်ဖို့ရယ်
ပျိုဆုတောင်းမိတယ် ချစ်သူရယ်
မြင်မြင်ချင်းပဲ ချစ်မိတယ်
မြင်မြင်ချင်းပဲ ကြိုက်မိတယ်
စေတနာမောင့်အပေါ်ထားလို့
ပျိုမေ မေတ္တာရှိလှတယ်
****
မြင်မြင်ချင်းပဲ ချစ်မိတယ်
မြင်မြင်ချင်းပဲ ကြိုက်မိတယ်
စေတနာမောင့်အပေါ်ထားလို့
ပျိုမေ မေတ္တာရှိလှတယ်
ရေစက်ဟောင်း ဆုတောင်းပြည့်လို့ထင်တယ်
သည်ဘဝမှာလည်း ချစ်မပြယ် မောင်ရယ်
ချစ်လက်စ မကုန်ဘူးကွယ်...