“ ကျေနပ်ပါတယ် ” 
တေးရေး ငဲငယ်လေး 
တေးဆို ငဲငယ်လေး 
လောကကြီးမှာ 
ဘယ်အရာမှ မတည်မြဲဘူး 
ပျော်ရွှင်လည်းခဏပဲလေ 
ဒဏ်ရာဒဏ်ချက်တွေသာ 
နှလုံးသားထဲမှာ အမာရွတ်စွဲ 
အဆုံးသတ်ဖို့ နင်ရည်ရွယ်ခဲ့လို့ 
ငါကျရှုံးသွား 
နင်လှည့်စားလို့ ကျေနပ်ရဲ့..လား 
မာယာတွေ ပြည့်နှက်နေတဲ့ 
ဟန်ဆောင်အနမ်းတွေတို့နဲ့ 
ငါ့ကိုနင်လှည့်စား... 
ဒီပုံပြင် အဆုံးသတ်က 
ဒဏ်ရာတွေ များနေလည်း 
အရံခန်းလေးထဲ 
ငါပါတဲ့အတွက် ၀မ်းသာတယ် 
ဒီဇာတ်လမ်းရဲ့ဇာတ်သိမ်းမှာ 
ငါသိလိုက်ရတာ 
ချစ်ခြင်းရဲ့လက်က ဒီအမုန်းများ... 
အရာရာကို မေ့ပစ်ဖို့ 
ငါလေ ကြိုးစားနေတယ် 
ဒီရင်ကိုခွဲခဲ့တဲ့ နင်ပျော်ရင်ရပါတယ် 
အပြစ်မမြင်လို ငါလေ 
အပြစ်မမြင်ရက်ဘူး ချစ်သူရေ 
ငါကျေနပ်ပါတယ်... 
ဟူး...ဟူ...ဟူး... 
အပြစ်မမြင်ရက်ပါ 
ငါတို့ရဲ့ ဒီအဆုံးသတ်အတွက် 
ရှုံးပေးထားပြီပဲ... နင်ပျော်ရွှင်ဖို့ငါ 
အသည်းနှလုံးဆွေးကာ ကြေမွသွား 
ပြောင်းလဲခြင်းတရားများ 
မထူးဆန်းတော့ပါဘူး... 
ဘယ်ဘ၀ကြောင့်ငါလေရူး.. 
မှောင်ကမ္ဘာညနက်တွေထဲ 
နင်ချန်ထားခဲ့လည်း 
ငါ့ရင်ခုန်သံတွေရှင်သန်နေမြဲ 
ဒီပုံပြင် အဆုံးသတ်က 
ဒဏ်ရာတွေ များနေလည်း 
အရံခန်းလေးထဲ 
ငါပါတဲ့အတွက် ၀မ်းသာတယ် 
ဒီဇာတ်လမ်းရဲ့ဇာတ်သိမ်းမှာ 
ငါသိလိုက်ရတာ 
ချစ်ခြင်းရဲ့လက်က ဒီအမုန်းများ... 
အရာရာကို မေ့ပစ်ဖို့ 
ငါလေ ကြိုးစားနေတယ် 
ဒီရင်ကိုခွဲခဲ့တဲ့ နင်ပျော်ရင်ရပါတယ် 
အပြစ်မမြင်လို ငါလေ 
အပြစ်မမြင်ရက်ဘူး ချစ်သူရေ 
ငါကျေနပ်ပါတယ်... 
မျှော်လင့်ချက်တွေပေး 
အခုတော့ငါ့ရဲ့ဝေး 
မင်းလက်ခုပ်ထဲကရေ 
လုပ်ချင်တာလုပ် နင်ထား........ 
နာကျင်ခြင်းနဲ့ဒဏ်ရာ.... 
များ...စွာ... 
ဒီပုံပြင် အဆုံးသတ်က 
ဒဏ်ရာတွေ များနေလည်း 
အရံခန်းလေးထဲ 
ငါပါတဲ့အတွက် ၀မ်းသာတယ် 
ဒီဇာတ်လမ်းရဲ့ ဇာတ်သိမ်းမှာ 
ငါသိလိုက်ရတာ 
ချစ်ခြင်းရဲ့လက်က ဒီအမုန်းများ..လား 
မေ့ပစ်ဖို့ငါလေ ကြိုးစားနေတယ် 
ဒီရင်ကိုခွဲခဲ့တဲ့ နင်ပျော်ရင်ရပါတယ် 
အပြစ်မမြင်လို ငါလေ 
အပြစ်မမြင်ရက်ဘူး ချစ်သူရေ 
ငါကျေနပ်ပါတယ် 
ဟေ... ဟေး... ဟေ... 
အပြစ်မမြင်လို ငါလေ 
အပြစ်မမြင်ရက်ဘူး ချစ်သူရေ..... 
ငါကျေနပ်.. ပါ...တယ်......