menu-iconlogo
huatong
huatong
avatar

ခရေပင်အောက်ကပိတောက်ချစ်သူ

စန္ဒရားချစ်ဆွေ/Versionhuatong
rogerbizienhuatong
Lirik
Rekaman
ထာဝစဉ်မြတ်နိုးလာခဲ့

ချစ်တဲ့မေရေ ချစ်တဲ့မေရေ

မောင်တို့ငယ်ရွယ်စဉ်

ပျော်ရွှင်ခဲ့တဲ့ ခရေပင်ကြီးအောက်မလေ

ရက်တွေကြာရှည်

နှစ်ယောက်သား ကစားခဲ့ပုံ

ကလေးတွေ ခုနေ

တွေးမိတိုင်း ကြည်နူးမဆုံးနိုင်ပေ

ဒီခရေပင်ကြီး

အသီးမပျက် အပွင့်မပျက်သလိုပေ

မောင်လည်းပဲ မေ့ကိုမေ့ကို

ချစ်လျက်နေဆဲ ချစ်မြဲပါမေရေ

ထာဝစဉ်မြတ်နိုးလာခဲ့

ချစ်တဲ့မေရေ ချစ်တဲ့မေရေ

မောင်တို့ငယ်ရွယ်စဉ်

ပျော်ရွှင်ခဲ့တဲ့ ခရေပင်ကြီးအောက်မလေ

ရက်တွေကြာရှည်

နှစ်ယောက်သား ကစားခဲ့ပုံ

ကလေးတွေ ခုနေ

တွေးမိတိုင်း ကြည်နူးမဆုံးနိုင်ပေ

ဒီခရေပင်ကြီး

အသီးမပျက် အပွင့်မပျက်သလိုပေ

မောင်လည်းပဲ မေ့ကိုမေ့ကို

ချစ်လျက်နေဆဲ ချစ်မြဲပါမေရေ

ဒီချိန်ခါတုန်း ကတည်းကလေ

မေ့စိတ်သဘောကို

တွေးတောမိသားပဲ မေရေ

ခရေပန်းပန်မှ မောင်ကလှတယ်ထင်နေ

ဒီချိန်ခါတုန်း ကတည်းကလေ

မေ့စိတ်သဘောကို

တွေးတောမိသားပဲ မေရေ

ခရေပန်းပန်မှ မောင်ကလှတယ်ထင်နေ

မေကတော့သည်သို့မဟုတ်ပေ

အမြင့်ပင်ယံနန်းက

ပိတောက်ပန်းတွေကိုပဲ

တမ်းတနှစ်သက်မက်မောလို့သာနေ

မောင့်ရဲ့ ဘဝတွေ ခရေပင်ကြီးပမာပဲ

မေ့ခြေရင်း မြေတလင်းမှာ

ကြွေဆင်းပေးပါသော်လည်းလေ

မပန်ချင်ငယ်ကျွမ်းမေက

နင်းကျော်လျှောက်ကာ

မထောက်မညှာ ပိတောက်ဝါခင်သူရေ

ခုတော့ မောင့်တစ်ယောက်တည်း

ခရေကောက်မြဲပါလေ

အပစ်ပယ်ခံဘဝများနဲ့

မေ့အတွက်သာပဲ

လှိုက်လှိုက်လဲလဲ ဆုတောင်းပေးမယ်လေ

မိုးဆောင်းပြောင်းခါနွေ

ရာသီတိုင်းမှာ

ပိတောက်ပန်းတွေပွင့်ပါစေလို့

ခရေပင်အောက်မှ ပိတောက်ချစ်သူရေ

ခရေပင်အောက်မှ ပိတောက်ချစ်သူရေ

ဒီချိန်ခါတုန်း ကတည်းကလေ

မေ့စိတ်သဘောကို

တွေးတောမိသားပဲ မေရေ

ခရေပန်းပန်မှ မောင်ကလှတယ်ထင်နေ

မေကတော့သည်သို့မဟုတ်ပေ

အမြင့်ပင်ယံနန်းက

ပိတောက်ပန်းတွေကိုပဲ

တမ်းတနှစ်သက်မက်မောလို့သာနေ

မောင့်ရဲ့ ဘဝတွေ ခရေပင်ကြီးပမာပဲ

မေ့ခြေရင်း မြေတလင်းမှာ

ကြွေဆင်းပေးပါသော်လည်းလေ

မပန်ချင်ငယ်ကျွမ်းမေက

နင်းကျော်လျှောက်ကာ

မထောက်မညှာ ပိတောက်ဝါခင်သူရေ

ခုတော့ မောင့်တစ်ယောက်တည်း

ခရေကောက်မြဲပါလေ

အပစ်ပယ်ခံဘဝများနဲ့

မေ့အတွက်သာပဲ

လှိုက်လှိုက်လဲလဲ ဆုတောင်းပေးမယ်လေ

မိုးဆောင်းပြောင်းခါနွေ

ရာသီတိုင်းမှာ

ပိတောက်ပန်းတွေပွင့်ပါစေလို့

ခရေပင်အောက်မှ ပိတောက်ချစ်သူရေ

ခရေပင်အောက်မှ ပိတောက်ချစ်သူရေ

Selengkapnya dari စန္ဒရားချစ်ဆွေ/Version

Lihat semualogo