ရင်တွင်းဆု
စိမ့်နေခြည်
သြော် ဗုဒ္ဓရှင်တော်ဘုရား
ဤဆီမီးပန်း ဤရေချမ်းကို
ပူဇော်ပါ၏ဘုရား ပူဇော်ပါ၏ ဘုရား
ဤဆီမီးကို လှူရသောအကျိုးအားကြောင့်
မီးလိုလောင်မြိုက် ကျွမ်းစေခဲ့ပါသူ
ကိုယ်စိမ်းကားကြီးသူဘဝသည်
မီးလိုပူရသော
ဝဋ်ကြွေးတုံ့လှည့်ဖြစ်မယ့်အစား
တူသောအကျိုး ပေးဖြစ်မယ့်အစား
ဤဆီမီးနှယ် အလင်းဖြာစေ
ဤဆီမီးနှယ် ဝင်းဝါပါစေ ရှင်တော်ဘုရား
ဤရေချမ်းကို လှူရသော အကျိုးအားကြောင့်
မျက်ရည်မြစ်ချောင်း ဖြစ်စေခဲ့ပါသူ
ကိုစိမ်းကားကြီး သူ့ဘဝသည်
ကိုယ့်လိုငိုရသော
ဝဋ်ကြွေးတုံ့လှည့်ဖြစ်မယ့်အစား
တူသောအကျိုးပေးမယ့်အစား
ဤရေချမ်းနှယ် အေးပါစေ
ဤရေချမ်းနှယ် အေးပါစေ ရှင်တော်ဘုရား
ဤမြတ်ပန်းကိုလှူရသော အကျိုးအားကြောင့်
ပန်းလိုချွေဖျက် ရက်စက်ခဲ့ပါသူ
ကိုစိမ်းကားကြီး သူ့ဘဝသည်
ပန်းလိုကြွေရသော
ဝဋ်ကြွေးတုံ့လှည့်ဖြစ်မယ့်အစား
တူသောအကျိုးပေးမယ့်အစား
ဤမြတ်ပန်းနှယ်မွေးပါစေ
ဤမြတ်ပန်းနှယ်မွေးပါစေ
ရှင်တော်ဘုရား
ဤဆီမီးကို လှူရသောအကျိုးအားကြောင့်
မီးလိုလောင်မြိုက် ကျွမ်းစေခဲ့ပါသူ
ကိုယ်စိမ်းကားကြီးသူဘဝသည်
မီးလိုပူရသော
ဝဋ်ကြွေးတုံ့လှည့်ဖြစ်မယ့်အစား
တူသောအကျိုး ပေးဖြစ်မယ့်အစား
ဤဆီမီးနှယ် အလင်းဖြာစေ
ဤဆီမီးနှယ် ဝင်းဝါပါစေ ရှင်တော်ဘုရား
ဤရေချမ်းကို လှူရသော အကျိုးအားကြောင့်
မျက်ရည်မြစ်ချောင်း ဖြစ်စေခဲ့ပါသူ
ကိုစိမ်းကားကြီး သူ့ဘဝသည်
ကိုယ့်လိုငိုရသော
ဝဋ်ကြွေးတုံ့လှည့်ဖြစ်မယ့်အစား
တူသောအကျိုးပေးမယ့်အစား
ဤရေချမ်းနှယ် အေးပါစေ
ဤရေချမ်းနှယ် အေးပါစေ ရှင်တော်ဘုရား
ဤမြတ်ပန်းကိုလှူရသော အကျိုးအားကြောင့်
ပန်းလိုချွေဖျက် ရက်စက်ခဲ့ပါသူ
ကိုစိမ်းကားကြီး သူ့ဘဝသည်
ပန်းလိုကြွေရသော
ဝဋ်ကြွေးတုံ့လှည့်ဖြစ်မယ့်အစား
တူသောအကျိုးပေးမယ့်အစား
ဤမြတ်ပန်းနှယ်မွေးပါစေ
ဤမြတ်ပန်းနှယ်မွေးပါစေ
ရှင်တော်ဘုရား