menu-iconlogo
huatong
huatong
avatar

ဒီထက်ပိုပြီးမတက်နိုင်ဘူး

စိုင်းထီးဆိုင်huatong
projectsbygaryhuatong
Lirik
Rekaman
ဟူး...ဟူး...ဟူး...

ဟူး...ဟူး...ဟူး...

ဟူး...ဟူး...ဟူး...

လူတစ်ယောက်ရဲ့ကောင်းကွက်ချည်းပဲ

လိုချင်လို့တော့မရဘူးကွယ်

ဒွန်တွဲတဲ့ဆိုးကွက်လည်းပါမယ်

အံဝင်ခွင်ကျ

ဆုတောင်းသမျှပြည့်စုံအောင်

ဘယ်ဘုရားမှမစွမ်းနိုင်ဘူး

နီးစပ်တာနဲ့ရောင့်ရဲကြရတာလည်း

မင်းအသိပါပဲ...

ကျောက်တိုင်းအပြစ်လေးတော့ရှိတယ်

လူတိုင်းချို့ယွင်းချက်ရှိတယ်

သဘဝရဲ့သဘောတရားတစ်ခုပါပဲ

ုပုံစံတစ်ခုတည်းဇွတ်အတင်းသွတ်သွင်းနေရင်

နဂိုရှိရင်းစွဲဂုဏ်အင်

ပျက်စီးမဲ့အရေး

ပြန်ငဲ့ကွက်သင့်တာလည်း မင်းအသိပါပဲ

ကိုယ်စွမ်းသလောက်တော့

ကိုယ်ကြိုးစားခဲ့ပါတယ်

ထိပ်ဆုံးအထိမရောက်ခဲ့ရတောင်

အလယ်အလတ်တော့မကပါတယ်

စိတ်သွားသလောက်တော့

ကိုယ်လိုက်ပြီးမလုပ်နိုင်ဘူး

ဒီလောက်နဲ့မှမကျေနပ်ရင်

အရှုံးပေးဖို့ပဲကျန်တော့တယ်

ဒီထက်ပိုပြီးမင်းအလိုကိုမဖြည့်နိုင်ဘူး

ဒီထက်ပိုပြီးမဖြစ်နိုင်ဘူးမတက်နိုင်ဘူး

ရေနက်လည်းကြမ်းရှိရမယ်

အပင်မြင့်လည်းအဖျားရှိရမယ်

အရာရာမှာအဆုံးရှိကြရစမြဲ

ဒါပေမဲ့လည်း

တိုင်းလို့မရစကာင်းနိုင်တဲ့

ချစ်ခြင်းတော့ရှိပါတယ်

မင်းမတောင်းရဘဲ

ကိုယ်ပေးအပ်ခဲ့တာလည်း

မင်းအသိပါပဲ

ကိုယ်စွမ်းသလောက်တော့

ကိုကြိုးစားခဲ့ပါတယ်

ထိပ်ဆုံးထိမရောက်ခဲ့ရတောင်

အလယ်အလတ်တော့မကပါတယ်

စိတ်သွားသလောက်တော့

ကိုယ်လိုက်ပြီးမလုပ်နိုင်ဘူး

ဒီလောက်နဲ့မှမကျေနပ်ရင်

လက်လျှော့ဖို့ပဲကျန်တော့တယ်

ဒီထက်ပိုပြီးမင်းအလိုကိုမဖြည့်နိုင်ဘူး

ဒီထက်ပိုပြီးမဖြစ်နိုင်ဘူးမတက်နိုင်ဘူး

ကိုယ်စွမ်းသလောက်တော့

ကိုကြိုးစားခဲ့ပါတယ်

ထိပ်ဆုံးထိမရောက်ခဲ့ရတောင်

အလယ်အလတ်တော့မကပါတယ်

စိတ်သွားသလောက်တော့

ကိုယ်လိုက်ပြီးမလုပ်နိုင်ဘူး

ဒီလောက်နဲ့မှမကျေနပ်ရင်

အရှုံးပေးဖို့ပဲကျန်တော့တယ်

ဒီထက်ပိုပြီးမင်းအလိုကိုမဖြည့်နိုင်ဘူး

ဒီထက်ပိုပြီးမဖြစ်နိုင်ဘူးမတက်နိုင်ဘူ

Selengkapnya dari စိုင်းထီးဆိုင်

Lihat semualogo