တသိမ့်သိမ့်သူ
တေးရေး မောင်ကြေးမုံ
တေးဆို စိုးစန္ဒာထွန်း
သူ့မျက်နှာ တစိမ့်စိမ့် ကြည့်ကာ
တသိမ့်သိမ့် အချစ်တွေ လှုပ်ခတ်လို့လာ
သူ့အပြုံးတွေ ငေးကာ ငေးငိုင်ကာ
တသိမ့်သိမ့်အချစ်တွေ ပိုလာ
သူ့မျက်လုံးများနှင့် ဆုံရင်
ရှိုက်ကာအမော...လှိုက်ဖြာဇော...
အားကိုးတိုးတိုး ဖက်ကာ
မြတ်နိုးအချစ်သဒ္ဓါ မိုးတွေစွေရွာ
သူဟာလေ မေ့အတွက်ဆို
တသိမ့်သိမ့်သူ တသိမ့်သိမ့်သူပါ
သူ့မျက်နှာ တစိမ့်စိမ့်ကြည့်ကာ
တသိမ့်သိမ့်အချစ်တွေ လှုပ်ခတ်လို့လာ
သူ့အပြုံးတွေ ငေးကာငေးငိုင်ကာ
တသိမ့်သိမ့် အချစ်တွေပိုလာ
သူ့မျက်လုံးများနှင့် ဆုံရင်
ရှိုက်ကာအမော...လှိုက်ဖြာဇော...
အားကိုးတိုးတိုး ဖက်ကာ
မြတ်နိုးအချစ်သဒ္ဓါ မိုးတွေစွေရွာ
သူဟာလေ မေ့အတွက်ဆို
တသိမ့်သိမ့်သူ တသိမ့်သိမ့်သူပါ
စူးရဲတဲ့ မျက်လုံးကြီးတွေနဲ့
မကြည့်နဲ့သူရာ
စွဲညှို့တဲ့ နှုတ်ခမ်းကြီးတွေနဲ့
မပြုံးနဲ့သူရာ
ထိကရုံးကလေးလို ဖြေလျှော့ခွေ
ကြွေတော့မယ့်မေပါ
သူဟာလေ မေ့အတွက်ဆို
တသိမ့်သိမ့်သူ
တသိမ့်သိမ့်သူ ပါ
သူ့မျက်နှာ တစိမ့်စိမ့် ကြည့်ကာ
တသိမ့်သိမ့် အချစ်တွေ လှုပ်ခတ်လို့လာ
သူ့အပြုံးတွေငေးကာ ငေးငိုင်ကာ
တသိမ့်သိမ့်အချစ်တွေ ပိုလာ
သူ့မျက်လုံးများနှင့် ဆုံရင်
ရှိုက်ကာအမော...လှိုက်ဖြာဇော...
အားကိုးတိုးတိုးဖက်ကာ
မြတ်နိုးအချစ်သဒ္ဓါ မိုးတွေစွေရွာ
သူဟာလေ မေ့အတွက်ဆို
တသိမ့်သိမ့်သူ
တသိမ့်သိမ့်သူ ပါ
စူးရဲတဲ့ မျက်လုံးကြီးတွေနဲ့
မကြည့်နဲ့သူရာ
စွဲညှို့တဲ့ နှုတ်ခမ်းကြီးတွေနဲ့
မပြုံးနဲ့သူရာ
ထိကရုံးကလေးလို ဖြေလျှော့ခွေ
ကြွေတော့မယ့်မေပါ...
သူဟာလေ မေ့အတွက်ဆို
တသိမ့်သိမ့်သူ
တသိမ့်သိမ့်သူ ပါ....