menu-iconlogo
huatong
huatong
avatar

မေတ္တာအရင်းခံ

စိုးစန္ဒာထွန်းhuatong
"Say_Z"{💉}huatong
Lirik
Rekaman
မေတ္တာအရင်းခံ

တေးရေး-ရွှေတိုင်ညွန့်

တေးဆို-စိုးစန္ဒာထွန်း

မအေးမိရဲ့ အပေါ်မှာပင်

ဆိုးချင်သလိုဆိုးပါ

ဆန်းချင်သလိုဆန်းပါ

နှမ်းစေ့ကလေးမျှ

ကျွန်မမေတ္တာ ပျက်နိုင်မယ်မထင်...

မောင့်သဘောကျသလို နေပါရှင်...

ဪ... ပျို့တစ်သက်လုံး

ဘယ်တော့မှ မုန်းနိုင်မယ်...မထင်

သိကြားမင်းဖျက်တောင်

မပျက်နိုင်ပါဘူးရှင်

ပျို့စိတ်ထဲက သူ့ကိုသာချစ်ခင်

ဘယ်နည်းနဲ့မှ မေတ္တာမညှိုးပေါင်

တိုး၍မောင်နဲ့ကြင် .....

သိကြားမင်းဖျက်တောင်

မပျက်နိုင်ပါဘူးရှင်

ပျို့စိတ်ထဲက သူ့ကိုသာချစ်ခင်

ဘယ်နည်းနဲ့မှ မေတ္တာမညှိုးပေါင်

တိုး၍မောင်နဲ့ကြင်

ဖဲရိုက်တာ မြင်းလောင်းတာတွေစုံလင်

ဒါ့ထက်တောင်ကဲဦးရှင် ဆယ်ဆပင်

အေးမေတ္တာ သို့ပေတဲ့ မပျက်ပေါင်ရှင်

ဖဲရိုက်တာ မြင်းလောင်းတာတွေစုံလင်

ဒါ့ထက်တောင်ကဲဦးရှင် ဆယ်ဆပင်

အေးမေတ္တာ သို့ပေတဲ့ မပျက်ပေါင်ရှင်

မောင့်ကို..သာပင်

စိတ်ထဲက အသည်းရောအူရောခင်

ချစ်တာ..မှန်လျှင်

ရွှေမေတ္တာ အရင်းခံပါပဲရှင်

မောင့်ကို..သာပင်

စိတ်ထဲက အသည်းရောအူရောခင်

ချစ်တာ..မှန်လျှင်

ရွှေမေတ္တာ အရင်းခံပါပဲရှင်

ညအိပ်ယာထဲဝင် ဘုရားရှိခိုးရင်

မောင့်ကို ရည်မှန်းကာ

ကျန်းမာပါစေ ချမ်းသာပါစေရှင်...

အဖေရော အမေရော

ဆွေမျိုးတွေရော

အကုန်လုံးဖျက်ကြပါစေရှင်

မနေပေါင် မအေးမိရဲ့

ပျို့သခင် အနှစ်ဆယ်သောင်းက

ချစ်လက်ဟောင်းကို

ပေါင်းသင်းမှာပဲရှင်

အဖေရော အမေရော

ဆွေမျိုးတွေရော

အကုန်လုံးဖျက်ကြပါစေရှင်

မနေပေါင် မအေးမိရဲ့

ပျို့သခင် အနှစ်ဆယ်သောင်းက

ချစ်လက်ဟောင်းကို

ပေါင်းသင်းမှာပဲရှင်

သော်တာမြသား ငွေတိမ်စင်...

ကြည်ကြည်လင်လင်

နေစဉ် ညစဉ် ညစဉ်နေ့စဉ်...

မောင့်ကိုသာပင် တစက္ကန့်လေးမျှ

မမေ့နိုင်...ယနေ့တိုင်ပင်...

မောင့်ကို..သာပင်

စိတ်ထဲက အသည်းရောအူရောခင်

ချစ်တာ..မှန်လျှင်

ရွှေမေတ္တာ အရင်းခံပါပဲရှင်

မောင့်ကို..သာပင်

စိတ်ထဲက အသည်းရောအူရောခင်

ချစ်တာ..မှန်လျှင်

ရွှေမေတ္တာ အရင်းခံပါပဲရှင်

ညအိပ်ယာထဲဝင် ဘုရားရှိခိုးရင်

မောင့်ကို ရည်မှန်းကာ

ကျန်းမာပါစေ ချမ်းသာပါစေရှင်

သဘောတော်ပါပဲ

သည်းညည်းခံမယ်ရှင်...

မိန်းမမြတ်ဂုဏ်ယူချင်...

အမရာ ကိန္ဒရီ ..မဒီ သမ္ဘူလ ပုံအသွင်

သဘောတော်ပါပဲ

သည်းညည်းခံမယ်ရှင်...

ဪ မိန်းမမြတ်ဂုဏ်ယူချင်...

အမရာ ကိန္ဒရီ ..မဒီ သမ္ဘူလ ပုံအသွင်

တရားနဲ့ယူဆောင် အားနွဲ့သူမောင်

အတောင်နှစ်ဆယ်ကိုပင်..

မိန်းမဆိုရင်.. မိန်းမဆိုရင်

မီခိုရမယ်ရှင်

ယ္ခုခေတ်မှာပင်.. ယ္ခုခေတ်မှာပင်

ပေါ်ပေါ်ထင်ထင်

အေးမိပျိုခင် ဆန်းသမျှကိုထွင်

ရွှေတိုင်ညွန့် စီ..စဉ်....

ရွှင်လန်းချမ်းမြေ့ကြပါစေ

Selengkapnya dari စိုးစန္ဒာထွန်း

Lihat semualogo