မြို့တော်သလ္လာဝတီ
တေးရေး-တက်ခေတ်လင်းဇော်
တေးဆို-စုလတ်နိုင်
Upload Saung Nya
***************
သာသနာနေလိုလလို ထွန်းပတဲ့သလ္လာဝတီ
မြန်မာပြည်အထက်ပိုင်း
အနောက်မြောက်တိုင်း ဟုခေါ်ပါသည်
ဝေမှိုင်းပြာရီ ငွေလှိုင်းဖြာစည်. ရွှေတိုင်း ဌာနီ....
နှိုင်းယှဉ်ထားလေ အဟောဝတမြေမဟီ..
သမိုင်းဝင်ဘုရားတွေ ပေါလှပေသည်..
သူတောင်စင် ရဟန်းတော်ရှင်တို့
ကိန်းအောင်းစံမှီ
ဂန္ထဝင်စာဆိုရှင်တို့ မွေးဖွားရာမည်
တက္ကသိုလ်တွေစုံစွာညီ
မုံရွာမြို့ခေါ် မြို့တော် သလ္လာဝတီ...
******
သာသနာနေလိုလလို ထွန်းပတဲ့သလ္လာဝတီ
မြန်မာပြည်အထက်ပိုင်း
အနောက်မြောက်တိုင်း ဟုခေါ်ပါသည်
ဝေမှိုင်းပြာရီ ငွေလှိုင်းဖြာစည် ရွှေတိုင်း ဌာနီ....
နှိုင်းယှဉ်ထားလေ အဟောဝတမြေမဟီ..
သမိုင်းဝင်ဘုရားတွေ ပေါလှပေသည်..
သူတောင်စင် ရဟန်းတော်ရှင်တို့
ကိန်းအောင်း စံမှီ
ဂန္ထဝင်စာဆိုရှင်တို့ မွေးဖွားရာမည်
တက္ကသိုလ်တွေစုံစွာညီ
မုံရွာမြို့ခေါ် မြို့တော် သလ္လာဝတီ...
****
ဆုတောင်းပြည့်စေတီ ရွှေစည်းခုံစေတီ
ချမ်းသာကြီးဘုရားနဲ့ ရာပြည့်ကပ်ကျော်စေတီ
ဆုတောင်းပြည့်စေတီ ရွှေစည်းခုံစေတီ
ချမ်းသာကြီးဘုရားနဲ့ ရာပြည့်ကပ်ကျော်စေတီ
မဟာလယ်တီ ကျောက်စာတိုက်
ဦးခိုက်ပဏာချီ မိုးညှင်း သမ္ဗုဒ္ဓေစေတီ
မဟာဗောဓိတစ်ထောင်နဲ့ ကျောက္ကာရွှေဂူနီ
ဘုရားတွေ စုံအောင်ဖူးကြရင်းနဲ့
အပန်းဖြေစရာ အလွန်ကောင်းတဲ့
ထန်းဇလုပ်ချောင်းဆီ ရောက်အောင်တို့သွားမည်
********
ဘုရားလေးဆူ ဂူလေးဂူ
သူမတူလှတဲ့သလ္လာဝတီ
( သလ္လာဝတီ သလ္လာဝတီ)
ကျစ်လေးကျစ် သိမ်လေးသိမ်
ဣန္ဒေရြတဲ.သလ္လာဝတီ
( သလ္လာဝတီ သလ္လာဝတီ)
ကုန်းလေးကုန်း ချောင်လေးချောင်
ခုနောင်လှတဲ့ သလ္လာဝတီ
( သလ္လာဝတီ သလ္လာဝတီ)
အင်းလေးအင်းနဲ့ အိုင်လေးအိုင်
ပိုင်ဆိုင်ထားတဲ့ သလ္လာဝတီ
( သလ္လာဝတီ သလ္လာဝတီ)
ချင်းတွင်းတံတားနဲ့ သလ္လာရေကြည်
မုံရွာမြေရဲ့ အလှပန်းချီ....
အထက်မြန်ပြည် စပါးကျီဖြစ်တဲ့
ရွှေတိုင်း .မြို့တော် မြို့တော်သလ္လာဝတီ ....
*******************
SOLO
*******************
ဆုတောင်းပြည့်စေတီ ရွှေစည်းခုံစေတီ
ချမ်းသာကြီးဘုရားနဲ့ ရာပြည့်ကပ်ကျော်စေတီ
ဆုတောင်းပြည့်စေတီ ရွှေစည်းခုံစေတီ
ချမ်းသာကြီးဘုရားနဲ့ ရာပြည့်ကပ်ကျော်စေတီ
မဟာလယ်တီ ကျောက်စာတိုက်
ဦးခိုက်ပဏာချီ
မိုးညှင်း သမ္ဗုဒ္ဓေစေတီ
မဟာဗောဓိတစ်ထောင်နဲ့ ကျောက္ကာရွှေဂူနီ
ဘုရားတွေစုံအောင် ဖူးကြရင်းနဲ့
အပန်းဖြေစရာ အလွန်ကောင်းတဲ့
ထန်းဇလုပ်ချောင်းဆီ
ရောက်အောင်တို့သွားမည်...
*****
ဘုရားလေးဆူ ဂူလေးဂူ သူမတူလှတဲ့သလ္လာဝတီ
( သလ္လာဝတီ သလ္လာဝတီ)
ကျစ်လေးကျစ် သိမ်လေးသိမ်
ဣန္ဒေရြတဲ.သလ္လာဝတီ
( သလ္လာဝတီ သလ္လာဝတီ)
ကုန်းလေးကုန်း ချောင်လေးချောင်
ခုနောင်လှတဲ့ သလ္လာဝတီ
( သလ္လာဝတီ သလ္လာဝတီ)
အင်းလေးအင်းနဲ့ အိုင်လေးအိုင်
ပိုင်ဆိုင်ထားတဲ့ သလ္လာဝတီ
( သလ္လာဝတီ သလ္လာဝတီ)
ချင်းတွင်းတံတားနဲ့ သလ္လာရေကြည်
မုံရွာမြေရဲ့ အလှပန်းချီ....
အထက်မြန်ပြည် စပါးကျီဖြစ်တဲ့
ရွှေတိုင်း မြို့တော် မြို့တော်သလ္လာဝတီ ....
*********************
ပျော်ရွှင်ချမ်းမြေ့ပါစေ
Saung Nya