menu-iconlogo
huatong
huatong
Lirik
Rekaman
ဖုတ်လှိုက် ဖုတ်လှိုက်

ရေး / ဆို - စိုင်းစိုင်းခမ်းလှိုင် ft. သီရိဆွေ

Intro: နားထောင်ပါသူငယ်ချင်းတို့ နားထောင်ပါ

Frenzo Production ကနေ နောက်တစ်ခေါက်တင်ဆက်လိုက်တယ်

ဟေး ဒီမှာ S.A.I

ahuh... Yo..Yo..

စိုင်းစိုင်း နဲ့ မိုးမိုး သီရီဆွေ နဲ့ 

လုပ်ချလိုက်ပြန်ပြီ Yeah..Yeah

S: ရုတ်တရက် အိပ်ရာနိုး

အပေါင်း အသင်းတွေ စောင့်နေလို့

အခု ချက်ချင်းလာခဲ့မယ်လို့

ညာဖြီး အာရွှီးလို့ ရေချိုး

ဗရုတ် သုတ်ခ ရှုပ်ပွအခန်းထဲ

လှည့်ပတ်ပြီး သီချင်းတွေဆို

ခဏလောက် အပျင်းပြေဖို့

မနေ့ညက အရှိန်အကင်းမသေလို့

ရှပ်အကျီ ဘက်ဂီဘောင်းဘီ

ဦးထုတ်နဲ့ Air Force Nike

ဝတ်ပြီးတော့ အဆင်ပြေသွားပြီ

အပြင်ကိုသွားမည် ကန်တော်ကြီး

ဟိုးဆရာ Stage Show ရှိတယ်

စနေနေ့မို့ လူအများကြီးပဲ

အရှေ့ကြည့် အနောက်လှည့်ကြည့်

မျက်ဝန်းတစ်စုံက ငါ့ကိုကြည့်တယ်....

T: သူ...

ရင်တွေခုန်တဲ့ သူ...

ရီဝေဝေရစ်မူး...

နောက်ထပ်မရှိဘူး...

ငါကြိုက်တဲ့သူ ...

S: ၃၄ ၂၄ ၃၆

အလှအပ အရပ်အမြင့်က ၅ ပေ ၆

ကြွကြွရွရွ လမ်းတွေလျှောက်

ရူးလို့ငါ့ မှာဂေါက်

ဖိနပ်အမြင့်က ၃ လက်မထူသည်

ပုခုံးထက်မှာ အိတ်တစ်အိတ် Gucci

ခြေသလုံးသားက ဝင်းလက်လို့ဖြူသည်

အတွေးထဲမှာ Queen of Beauty

အနား နား ငါ တဖြည်းဖြည်းတိုး

အချစ်သီချင်းတစ်ပုဒ်ပေါ့ Nice and Slow

နင်အသုံးချပါ ကြိုက်သလို

ဒီရင်ဘတ်ကြီးက လှိုက်ကာဖို

ဖုတ်ဖုတ်ဖုတ် ဖုတ်လှိုက် ဖုတ်လှိုက်

ကျောက်ရုပ်လို ငါ့မှာ မလှုပ်နိုင်

စိတ်ဓါတ်တွေ အထိန်းအကွပ်မဲ့

သူရဲ့ ရေဒါထဲက ရုန်းထွက်ဖို့ခက်

T: သူ...

ရင်တွေခုန်တဲ့ သူ...

ရီဝေဝေရစ်မူး...

နောက်ထပ်မရှိဘူး...

ငါကြိုက်တဲ့သူ ...

T: မျက်စေ့ကို ဖွင့်ကြည့်ပါ မင်းရှေ့မှာ

အမြဲတမ်းငါ ကြင်နာနေမယ့်သူ

မျက်စေ့ကို မှိတ်လိုက်ပါ မင်းအတွေးထဲမှာ

ငါလာနေမှာပေါ့...

ကောင်လေး မင်းမငိုနဲ့တော့

အကုန်လုံးထက် ပိုပြီးတော့ ငါချစ်ပြမယ်

အိုချစ်ကြမယ်...

မင်းလေးအိပ်ပျော်အောင်

ချော့သိပ်ပေးမယ် Baby

နောက်ဆုံးအချစ်ပေါ့ နောက်ထပ်မရှိဘူး...

S: တိတ်တခိုးအချစ်က ကြိတ်ပိုးဖြစ်

အဘိုးအဖွားခေတ်မှာ ချန်ကာထားရစ်

မြင်မြင်ချင်း အချစ်ကို စိတ်မဆိုးသင့်

ဒါလူ့ဘဝ အမှန်တရား အသစ်

ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ်

အလွမ်းတွေ အဆွေးတွေ အလုပ်ကို ရှုပ်တယ်

စိတ်ထဲမှာ ရှိတာလုပ်မယ် ဟုတ်တယ်

ထိန်းချုပ်ရတာ ငုတ်တယ်

မင်းနဲ့ချစ်မယ်ဟေ့

မင်းနဲ့ လန်းမယ်ဟေ့

အချစ် အနမ်း အနှစ်အသိမ့် အယုအယ ဘဝကလှတယ်

T: သူ...

ရင်တွေခုန်တဲ့ သူ...

ရီဝေဝေရစ်မူး...

နောက်ထပ်မရှိဘူး...

ငါကြိုက်တဲ့သူ ...

T: သူ...

ရင်တွေခုန်တဲ့ သူ...

ရီဝေဝေရစ်မူး...

နောက်ထပ်မရှိဘူး...

ငါကြိုက်တဲ့သူ ...

နားထောင်ပါသူငယ်ချင်းတို့  woo woo...

End:

Selengkapnya dari ဆိုတေး/စိုင်းစိုင်းခမ်းလှိုင်/သီရိဆွေ

Lihat semualogo