သီချင်း - ရည်းစားချော့
တေးရေး - ဇဝါ
တေးဆို - နီတာ ၊ မေမီကျော်ဝင်း
တကယ်ပါဟေ့ ဟုတ်ပါ့မလား အိုး
ချစ်သူလေး
ယူတော့ .. ရော့
ဒီတစ်ခါ နောက်ဆုံးလို့ပြောမှာလား
ဒီတစ်ခါ လူမိတော့မင်းခက်ပြီ
တစ်ကယ်ပါကွာ အချစ်ဆုံးကမင်းပါပဲ
ကိုယ့်အချစ်များ ကိုယ်စောင့်နတ်ကိုမေးမလား
အတူလာတာ သူတစ်ခြားလျှောက်ငေးနေတော့
သူအပြင်မှာ ပိုပြီးတော့ဆိုးလိမ့်မယ်
မြင်ရုံပါ ကိုယ်လိုက်မှမကြည့်တာပဲ
နှလုံးသားက အချစ်မင်းအနားမှာပဲရှိ
ရည်းစားလေး တို့ယုံရမှာအခက်သား
အသဲလေးထဲ သိချင်ရင်မင်းဝင်ကြည့်
ရည်းစားလေး စိတ်ပြေအောင်လာမချော့နဲ့
တစ်ပတ်လောက်တော့ လျှော့ပါလျှော့ပါဦးကွာ
ကိုယ့်ဘက်လှည့် ခဏလေးပြုံးပြပါလား
သွားပါသွား သူတစ်ခြားသွားပြောပါလား
အနားလေးတိုး ခဏလေးပြုံးပြပါလား
သွားပါသွား သူတစ်ခြားသွားပြောပါလား
ယုံတော့ ယုံနော်
တော်ပြီကွယ် လျှာရိုးမရှိသူ့စကား
ဒီရင်မှာ အမှတ်လေးတော့လျော့လိုက်မယ်
တစ်ကယ်ယုံပါကွယ် ကျိန်ပြရဦးမှာလား
မင်းလေးပဲ သိပ်ချစ်ရတာ မင်းအသိ
ရည်းစားလေး တို့ယုံရမှာအခက်သား
အသဲလေးထဲ သိချင်ရင်မင်းဝင်ကြည့်
ရည်းစားလေး စိတ်ပြေအောင်လာမချော့နဲ့
တစ်ပတ်လောက်တော့ လျော့ပါလျော့ပါဦးကွာ
ကိုယ့်ဘက်လှည့် ခဏလေးပြုံးပြပါလား
သွားပါသွား သူတစ်ခြားသွားပြောပါလား
အနားလေးတိုး ခဏလေးပြုံးပြပါလား
သွားပါသွား သူတစ်ခြားသွားပြောပါလား
မင်း မင်း မင်း မင်းက ကိုယ့်အချစ်ဆုံးပါ
မင်း မင်း မင်း မင်းက ကိုယ့်အချစ်ဆုံး
မင်း မင်း မင်း မင်းရဲ့ စကားတွေတို့မယုံ
မင်း မင်း မင်း မင်းရဲ့ မင်းရဲ့စကား
အို မင်းလေးဟာ စိတ်ကောက်လဲ
ချစ်ဖို့ကောင်းတယ်တစ်အား
နောက်တစ်ခေါက်ဆို တို့တစ်ကယ်ပဲ
မုန်းလိုက်မယ်သိလား
အို မင်းလေးဟာ စိတ်ကောက်လဲ
ချစ်ဖို့ကောင်းတယ်တစ်အား
နောက်တစ်ခေါက်ဆို မုန်းပြီဟေ့
မင်းလေး သတိသာထား
တစ်ကယ်ပါဟေ့ ဟုတ်ရဲ့လား
ကိုယ့်ဘက်လှည့် ခဏလေးပြုံးပြပါလား
သွားပါသွား သူတစ်ခြားသွားပြောပါလား
အနားလေးတိုး ခဏလေးပြုံးပြပါလား
သွားပါသွား သူတစ်ခြားသွားပြောပါလား
ကိုယ့်ဘက်လှည့် ခဏလေးပြုံးပြပါလား
သွားပါသွား သူတစ်ခြားသွားပြောပါလား
အနားလေးတိုး ခဏလေးပြုံးပြပါလား
သွားပါသွား သူတစ်ခြားသွားပြောပါလား
တစ်ကယ်ပါဟေ့ ယုံတော့