တောသူအချစ်
နီနီဝင်းရွှေ
Uploader LaySoe
🌹🌹🌹🌹🌹
တောသူတွေမယ်
အရိုးခံပါကွယ်
ချစ်တယ်ကြိုက်တယ် ဆိုလာပါတဲ့
ကိုလူညိုထွား
မြို့ကြီးသားရယ်
🎸🎹Uploader LaySoe 🎹🎸
တောသူတွေမယ်
အရိုးခံပါကွယ်
ချစ်တယ်ကြိုက်တယ် ဆိုလာပါတဲ့
ကိုလူညိုထွား
မြို့ကြီးသားရယ်
🌹🌹🌹
ချစ်လွယ်မုန်းလွယ် ကြောက်လှပါတယ်
မချစ်ဝံ့ ချစ်ဝံ့ မယုံမရဲ
အသည်းမှာတုန်တယ်
တောသူလေးမှာတော့ကွယ်
🎸🎹Uploader LaySoe 🎹🎸
ချစ်လွယ်မုန်းလွယ် ကြောက်လှပါတယ်
မချစ်ဝံ့ ချစ်ဝံ့ မယုံမရဲ
အသည်းမှာတုန်တယ်
တောသူလေးမှာတော့ကွယ်
🌹🌹🌹
စေတနာမေတ္တာအရင်းခံနဲ့ရယ်
ချစ်တတ်တယ်
ကျမတို့လေ ကြိုက်တတ်တယ်
တောသူတွေပဲ
မူယာမာယာ မများတတ်ပါဘူးကွယ်
ချွဲရမှာကိုလည်း မသိဘူးတကယ်
နွဲ့ရမှာကိုလည်း တကယ်နားမလည်
ချစ်ရင်လည်းတကယ်ပဲချစ်တယ်
မုန်းရင်လည်းတကယ်ပဲမုန်းတယ်
ချစ်သလိုမုန်းသလို
အပိုတွေလည်း မပြောတတ်တယ်
တောသူဆိုတာ တကယ့်ကိုရိုးတယ်
ဘာဘာညာညာတွေလည်း နားမလည်
ဟန်တွေပန်တွေကိုလည်း မတတ်တယ်
တောသူဆိုတာ တကယ့်ကိုရိုးတယ်
ဘာဘာညာညာတွေလည်း နားမလည်
ဟန်တွေပန်တွေကိုလည်း မတတ်တယ်
မြို့ကြီးသူမယ်တို့လို
မပြင်တတ်တယ်
မဆင်တတ်တယ်
မြို့ကြီးသူမယ်တို့လို
မပြင်တတ်တယ်
မဆင်တတ်တယ်
နူတ်ခမ်းနီပါးနီမဆိုးပါ
ရိုးရိုးသားသား
တို့တောသူများ စိတ်ထားကောင်းတဲ့
ခင်တတ်မင်တတ် ဖော်ရွေတတ်ပါတယ်
🎸🎹Uploader LaySoe 🎹🎸
ရွှံ့တွေဗွက်တွေနဲ့ကွယ်
တနေကုန်နေရပါတယ်
တောသူတွေမှာတော့
ဝတ်တာစားတာရိုးလှတယ်
🌹🌹🌹
ရွှံ့တွေဗွက်တွေနဲ့ကွယ်
တနေကုန်နေရပါတယ်
တောသူတွေမှာတော့
ဝတ်တာစားတာရိုးလှတယ်
🌹🌹🌹
သွားတာလာတာ နေတာထိုင်တာ
ခေတ်ကမဆန်ဘူးကွယ်
သွားတာလာတာ နေတာထိုင်တာ
ခေတ်ကမဆန်ဘူးကွယ်
တောမှာ မြို့အကြိုက်တွေမို့
ကောက်စိုက်ပျိုးနုတ်
နေ၀င်မိုးချူပ် အလုပ်နဲ့လက်နဲ့မလည်
လှဖို့ပဖို့လည်း အချိန်မရှိပါတယ်
ကိုကိုရယ် မောင်မောင်ရယ်
မောင်မောင်ရယ် ကိုကိုရယ်
အဲဒီလိုကပ်ခါချွဲ
သြော်ထပ်ကာတလဲလဲနဲ့
ပလီပလာ တီတီတာ မချွဲတတ်ဘူးတကယ်
ရိုး..ရိုးပါတယ်.
..အ..အ ပါတယ်
ရိုးတယ် အတယ်ဆိုပီးတော့ကွယ်
အချစ်တွေလျှော့ပါလို့ ပေါ့.
.ပေါ့သွားမှာ
ပူမိတယ် ပူမိပါတယ်
အရိုးခံသဘောမို့
ဆိုးဥာဏ်မနောနဲ့ မောင်တို့ရယ်
တောသူဆိုတာ တကယ့်ကိုရိုးတယ်
ဘာဘာညာညာတွေလည်း နားမလည်
ဟန်တွေပန်တွေကိုလည်း မတတ်တယ်
တောသူဆိုတာ တကယ့်ကိုရိုးတယ်
ဘာဘာညာညာတွေလည်း နားမလည်
ဟန်တွေပန်တွေကိုလည်း မတတ်တယ်
မြို့ကြီးသူမယ်တို့လို
မပြင်တတ်တယ်
မဆင်တတ်တယ်
မြို့ကြီးသူမယ်တို့လို
မပြင်တတ်တယ်
မဆင်တတ်တယ်
နူတ်ခမ်းနီပါးနီမဆိုးပါ
ရိုးရိုးသားသား
တို့တောသူများ စိတ်ထားကောင်းတဲ့
ခင်တတ်မင်တတ် ဖော်ရွေတတ်ပါတယ်
ကျေးဇူးတင်ပါတယ်(လေးစိုး)