စိမ်းလဲ့လဲ့ည
လရိပ်သန်း အချစ်နှုတ်ခမ်း
အနမ်းတွေ ဖူးပွင့်ဖို့လေ
မျှော်သူကို
သံသယကြိုးရစ်နှောင်လွှမ်း
ရစ်နေတုန်း
သရဝဏ် ကူလှည့်ဦး
ကြင်နာမယ့် အသည်းရှိတဲ့အရပ်
ညွှန်မယ်ဆို
ဝါဆိုပန်း မင်းလွင်
ပုန်းညက် နွမ်းရက်အလွန်
ကြွေပီမို့
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
နှောင်းခက်ခက်စု
အချစ်ရိပ်ဦး စွန့်သည့်မြား
အသည်းမှာစူးနစ်ခဲ့လို့ဒီဒဏ်ကို
ရင်မှာထွေး ပွေ့ပိုက်ထွေးထားနေတုန်း
သရဝဏ် ကူပါဦး
အရင်လူ ဖျက်ဆီးခဲ့တဲ့
အချစ် ပြင်မယ်ဆို
ဝါဆိုပန်း မင်းလွင်
ပုန်းညက် နွမ်းရက်အလွန်
ကြွေပီမို့
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
ဆွေးမြည့်မြည့်နေ့ မောင့်ကိုယ်စား
မလွမ်းချင်ဘူး အသက်ရယ်
မင်းဆုံးဖြတ်မှ
ယုံမယ်နော် ဒီတစ်ခါ မင်း
သစ္စာမြဲ ရစေမေ
သရဝဏ် ကူညီလို့
ဒီအရင် ကြေကွဲခဲ့တဲ့အတိတ်
နှင်မယ်ဆို
ဝါဆိုပန်း ပွင့်ဝေ
ပုန်းညက် နွမ်းရက်အလွန်
ကြွေပီမို့
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
ဝါဆိုပန်း ပွင့်ဝေ
ပုန်းညက် နွမ်းရက်အလွန်
ကြွေပီမို့
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ