menu-iconlogo
huatong
huatong
--cover-image

ဆယ့်နှစ်လရာသီ(ဖြူသီ)

ဖြူသီhuatong
သရဲငို☠︎huatong
Lirik
Rekaman
ဆယ့်နှစ်လရာသီ

ဖြူသီ

Request By MyatMyo

သြော်..တနေ့တနေ့နဲ

တရွှေ့ရွှေ့အချိန်ကုန်ပြီ နှစ်လတာရှည်

သြော်..ဘယ်အချိန်ကျကာမှ

မြနဲ့လေ

‌ချစ်သူမောင်နဲ့ပေါင်းရမယ်လို့

မျှော်မှန်းဆကာပ

တမ်းတကာနေမည်

ဆယ့်နှစ်လရာသီ

တန်ခူးလ သင်္ကြန်ခါမှီ

ချစ်သူသက်လယ်

မောင်လာမယ်...ပြော...ပြော

မျှော်ရသူ..မြကလေးမှာတော့

စိတ်မအေးစရာကြုံလာပြန်သည်

ကဆုန်လဝယ်ညောင်ရေပွဲမလေ

မောင်နဲ့လွှဲရပြီ

နယုန်လကုန် ဝါဆိုတွင်း

ပုန်းညက်ညို မာလာခင်းက

သင်းလှတဲ့ ထိုအချိန်အခါမှာ

မောင်မလာရှောင်ကာပြေး

ဝေးရပြီ

သြော် လေးလရာသီ

ရှိ..ပြီ မောင် ရဲ့..

မေ့ကာနေသလား

ရက်စက်လေအား...သည်

Music

ရာသီ...သိဟ်ဝယ်

နေမိန္ဒရ ဝါခေါင်လမို့

တမ်းတကာမြည်

ကန်ရာသီ...တော်သလင်းလမှာ

မျှော်ရင်းကျွန်မဖြင့် လွမ်းရပါသည်

ရာသီ သိဟ်ဝယ် နေမိန္ဒရ ဝါခေါင်လမို့

တမ်းတကာမည်

ကန်ရာသီတော်သလင်းလမှာ

မျှော်ရင်းကျွန်မဖြင့် လွမ်းရပါသည်

ဆီမီးရောင်ခြည်ထိန်ဝါလင်း

သီတင်းကျွတ်တော့မည်

သီတင်းကျွတ်တော့မည်

သီတင်းကျွတ်တော့မည်

တန်ဆောင်မုန်းမှာ မောင်ဘုန်းမလာတော့

နှစ်လတာရှည် သြော်ရှစ်လရာသီ ရှိပြီမောင်ရဲ့

မေ့ကာနေသလား ရက်စက်လာအား..သည်

Music

မဟာပိန္နဲနဲ့နတ်ပွဲအလီလီ

နတ်တော်လမှာတော့ ပျော်ကြပါးကြသည်

မဟာပိန္နဲနဲ့နတ်ပွဲအလီလီ

နတ်တော်လမှာတော့ ပျော်ကြပါးကြသည်

ပြာသိုမှာခွါညိုသင်းလို့

မြူနှင်းငယ်ဝေးဝေးစီစီ

မောင်..လာ..မယ်ဆိုတဲ့ရက်ကို

မြ..ကလေ မျှော်..ဆဲ

တပို့တွဲ..ပေါက်လဲ ရယ်..ထိန်ထိန်လျှံ

တေးဖွဲ့သံ..တစာစာနဲ့..

ထမနဲပွဲလည်းနွှဲကြပြီ

မိန်ရာသီ... ဂိမှာန်ရက်ပြောင်း

လတပေါင်းမှာ..ရွက်ဟောင်းကြွေလျက်

မောင်မလာရှောင်ကာထွက်တော့ ဆယ့်နှစ်လရာသီ

သြော် ဆယ့်နှစ်လရာသီ ရှိပီ မောင်ရဲ့

မေ့ကာနေသလား ရက်စက်လေအား....သည်

Thank You For All

Selengkapnya dari ဖြူသီ

Lihat semualogo