အင်းလျားကိုအမေ မရောက်ဖူးဘူး
...
ဆို...ဘိုဖြူ
.......
အိမ်ပြန်ရောက်တိုင်း ကျောင်းတက်ရ
အတွေ့အကြုံနဲ့ ပျော်စရာများ
အမေ့ကို ပြောပြတော့
ထိုင်ကာနား စိုက်နေတဲ့
အမေ့ရဲ့မျက်နှာ ပင်ပန်းဒဏ်
ပျောက်ပျက် သွား သလိုဘဲ
အဆောင် အတူနေတဲ့
အပေါင်း အသင်းများ
အကြောင်း တွေနဲ့ ရီစရာများ
အမေ့ကို ပြောပြတော့
ထိုင်ကာ ပြုံးကြည့်နေတဲ့
အမေရဲ့ မျက်နှာ
အိုမင်းဒဏ် နုလှသွား သလိုဘဲ
ကိုယ်တို့ အင်းလျား မြေရဲ့
ချစ်စရာ ကမ္ဘာထဲ
အမေဒီအချိန်ထိ မရောက်ခဲ့ပါ
ဒါပေမယ့်လည်း တကယ်သာ
အမေရဲ့ ရင်ထဲ ဘယ်လိုနေမယ်မှန်း..
အကဲ ခတ်ရင် ရွှင်တဲ့မျက်နှာ
လူဖြစ် ရ ကျိုးပဲ နပ်သလို
ကိုယ်တိုင် ရောက်တဲ့အခွင့်
အရေးထက် အမေပျော်ခဲ့
ARAKANMGMG
အခန်းမှမိတ်ဆွေများ
ကြိုဆိုပါတယ်
တကယ် ဆိုပြန်လဲ
ရိုးအတဲ့ တောသူအဖြစ်
တောင် ယာထဲ အမေ့မှာ
ကြီးခဲ့တော့
ရေပြာ အင်းလျားဆိုတာ
အမေရဲ့ဘဝနဲ့
ဘယ်လိုပုံ ဆက်စပ်မိမှာ လဲ
ကိုယ်တို့ အင်းလျား မြေကို
မဲလား ဖြူလား အမေဒီအချိန်ထိ
မသိခဲ့ပါ
ဒါပေမဲ့လည်း တကယ်သာ
အမေရဲ့ရင်ထဲ ဘယ်လိုနေမယ်မှန်းအကဲ ခတ်ရင်
ဒီလောကအပေါ်
အနိုင်ရခဲ့ပြီး တဲ့ ကိုယ်
ပညာတတ်တွေ ဆယ်ဆမက
အမေ ပျော်ခဲ့
ကိုယ်တို့ အင်းလျား မြေရဲ့
ချစ်စရာ ကမ္ဘာထဲ
အမေဒီအချိန်ထိ မရောက်ခဲ့ပါ
ဒါပေမယ့်လည်း တကယ်သာ
အမေရဲ့ ရင်ထဲ ဘယ်လိုနေမယ်မှန်း..
အကဲခတ်ရင် ရွှင်တဲ့ မျက်နှာ
လူဖြစ် ရ ကျိုးပဲ နပ်သလို
ကိုယ်တိုင် ရောက်တဲ့အခွင့်
အရေးထက် အမေပျော်ခဲ့
?
ကျေးဇူးတင်ပါတယ်
?