menu-iconlogo
huatong
huatong
avatar

ပြည့်စုံပါစေ

ဘိုဖြူ Bo Phyuhuatong
zuidland6huatong
Lirik
Rekaman
အို.. မင်းမျက်နှာလေးပဲ

ကိုယ်နေတိုင်း အမြဲတမ်းငေးကြည့်မိခဲ့

ရင်ထဲက မင်းကိုချစ်တဲ့ စကားတွေလည်း

ကိုယ် ဘာကြောင့်ပြောဖို့

သိပ်တွေဝေနေသလဲ သက်ပြင်းလေး

မင်းရှေ့နားမှာရှိုက်နေဆဲ ဒါကိုလည်း

သိနိုင်လိမ့်မယ် ကိုယ်မထင်ဘူး

အို ဝိုးး ဝို

ကဲ ခုတော့ ဘာပြောမလဲ

သူဖွင့်ပြောရဲတဲ့ တစ်ယောက်နဲ့တွဲပြီး

ကိုယ်ဆောက်တဲ့ အတွေးအိမ်လဲ

လေထဲမှာပဲ ၊ မျိုသိပ်ရင်း

ဆွေးနေရပြီ သူမသိဘူး တစ်ယောက်တည်းပဲ

စိတ်ဖြေသိမ့်စရာလဲ မရှိဘူး အိပ်စက်မရ

ကိုယ်လေ ဝမ်းနည်းပက်လက်

အခုတွေးကြည့်လိုက်တော့

ချစ်တာတစ်ခုတည်းပဲ သေချာ

ဆန်းစစ်ကြည့်မှ ကိုယ့်ချစ်သူ လိုအင်

ဖြည့်ရန်မလွယ်တဲ့ဘဝ

စိတ်ဆင်းရဲရမယ် ဆိုရင် သူလေးပဲ

ပြည့်စုံပါစေ ကိုယ်ကတော့

ကြိတ်ခံနိုင်တယ် မပြောတော့ပါကွယ်

အို.. မင်းမျက်နှာလေးပဲ

ကိုယ်နေတိုင်း အမြဲတမ်းငေးကြည့်မိခဲ့

ရင်ထဲက မင်းကိုချစ်တဲ့ စကားတွေလည်း

ကိုယ် ဘာကြောင့်ပြောဖို့

အခက်ကြုံနေတာလဲ သက်ပြင်းလေး

မင်းရှေ့နားမှာရှိုက်နေလည်း

မပြောတော့ဘူးကွယ်

ကိုယ်လေ ဝမ်းနည်းပက်လက်

အခုတွေးကြည့်လိုက်တော့

ချစ်တာတစ်ခုတည်းပဲ သေချာ

ဆန်းစစ်ကြည့်မှ ကိုယ့်ချစ်သူ

လိုအင် ဖြည့်ရန်မလွယ်တဲ့ဘဝ

စိတ်ဆင်းရဲရမယ် ဆိုရင် သူလေးပဲ

ပြည့်စုံပါစေ ကိုယ်ကတော့

ကြိတ်ခံနိုင်တယ် မပြောတော့ပါကွယ်

စိတ်ဆင်းရဲရမယ် ဆိုရင်

သူလေးပဲ ပြည့်စုံပါစေ ကိုယ်ကတော့

ကြိတ်ခံနိုင်တယ် မပြောတော့ပါကွယ်

Selengkapnya dari ဘိုဖြူ Bo Phyu

Lihat semualogo