menu-iconlogo
huatong
huatong
avatar

ပုံမှန်ရှင်သန်ခွင့်

ဘိုဘိုhuatong
ငယံ_(NgaYan)huatong
Lirik
Rekaman
ပုံမှန်ရှင်သန်ခွင့်

ရေး-ညီညီသွင် ၊ ဆို-ဘိုဘို

3

2

1

ရယ်ချင်လိုက်ပေါ့

မင်းလေးကိုယ့်ကို

ကျေနပ်စွာရင်ထဲ အမြဲတမ်းနားလည်လို့

တစ်ခါတလေ ကိုယ်ကိုယ်တိုင်တောင်မှ

မယုံနိုင်အောင်ထွက်ပြေး ရုန်းထွက်ဖို့မလွယ်ဘူး

ခံနိုင်ရည်ဒီရေတွေလိုပဲတိုး

ကျင်လည်စွာအမျိုးမျိုး မင်းနှိပ်စက်လို့

ဟားတိုက်လှောင်ရယ် နေပေမယ့်

ရင်မှာ သာယာနေခဲ့မိသူ

လိုရာစေခိုင်းပြီး

နှလုံးသားလေးကို

လက်ထဲမှာ ကျေနပ်တဲ့အထိ လှည့်ပါတ်ကစား

အသေအချာ အချိန်ယူပြီးတော့

အပေါ်မှာမာယာချိုတွေကို ဖန်ဆင်းထား

ဒါတွေဟာ ဒဏ်ရာဒဏ်ချက်များပဲ

အကြိမ်ကြိမ်စားသုံးပြီးမှ ခါးမှန်းသိလို့

အရှုံးနဲ့ အတူနာကျင်နေတယ်

ကိုယ်ဟာတကယ်ဆို အချစ်ကြီးခဲ့သူ

နွေနွေ လောင်မြိုက်နေပြီ အခုထိ

ဘ၀ကန္တာရများ မဆုံးနိုင်သေးလို့

အနမ်းတွေရင်ခုန်သံတွေ

ညှိုးနွမ်းသွေ့ခြောက်နေပြီ

ပြန်လည် ဆိုပြေစေနိုင်ဖို့အတွက်

ကြင်နာစွာမိုးစက်ပွင့်တို့ ပက်ဖြန်းလို့

အရင်ကလို အချိန်တွေနာရီတွေ

ပုံမှန်ရှင်သန်ခွင့်လေးပေးဦး

3

2

1

ရင်မှာ အစွဲအလမ်းကြီးလွန်းခဲ့တဲ့ အပြစ်များလား

တစ်ယောက်တည်း ကြိတ်ခံစား

ကံကြမ္မာဆိုတာ မလွန်ဆန်ရဲလို့

အလိုမတူနိုင်ပဲ ရင်မှာနာကျင်ခဲ့တယ်

ပြင်ဆင်မရတဲ့ ကြင်နာမှုများအတွက်

ရင်နဲ့ရင်းပြီး ချစ်ခဲ့မိလို့

နှလုံးသားကို ခြွေယူဖျက်ဆီး

ချိုမြိန်စွာ ကိုယ်လောင်ကျွမ်းခဲ့တယ်

လိုရာစေခိုင်းပြီးအသုံးချလို့

ကျေနပ်အောင် လှည့်စားပြီးတော့ မင်းထွက်သွား

အပေါ်မှာမာယာတွေကို ဖုံးပြီး

အာရုံတွေကို ရီဝေလာစေခဲ့တယ်

ယုံကြည်လာအောင် ပညာတွေသုံးပြီး

နာကျင်စွာစိမ်းကား ရက်စက်သွားခဲ့လို့

နှလုံးသားမှာ ခြေရာတွေထင်အောင်

ဝေဒနာတွေချန်ရစ်ခဲ့သူ

နွေနွေလောင်မြိုက်နေပြီ အခုထိ

ဘ၀ကန္တာရများ မဆုံးနိုင်သေးလို့

အနမ်းတွေရင်ခုန်သံတွေ

ညှိုးနွမ်းသွေ့ခြောက်နေပြီ

ပြန်လည်ဆိုပြေစေနိုင်ဖို့ အတွက်

ကြင်နာစွာမိုးစက်ပွင့်တို့ ပက်ဖြန်းလို့

အရင်ကလို အချိန်တွေနာရီတွေ

ပုံမှန်ရှင်သန်ခွင့်လေးပေးဦး

နွေနွေလောင်မြိုက်နေပြီ အခုထိ

ဘ၀ကန္တာရ များ မဆုံးနိုင်သေးလို့

အနမ်းတွေ ရင်ခုန်သံတွေ

ညှိုးနွမ်းသွေ့ခြောက်ကုန်ပြီ

ပြန်လည်ဆိုပြေစေနိုင်ဖို့ အတွက်

ကြင်နာစွာမိုးစက်ပွင့်တို့ ပက်ဖြန်းလို့

အရင်ကလို အချိန်တွေနာရီတွေ

ပုံမှန်ရှင်သန်ခွင့်လေးပေးဦး

Selengkapnya dari ဘိုဘို

Lihat semualogo

Kamu Mungkin Menyukai