menu-iconlogo
huatong
huatong
avatar

တောင်သမန်အင်းရဲ့ကဗျာ

မနေhuatong
pussy_eatter1979huatong
Lirik
Rekaman
သီချင်း - တောင်သမန်အင်းရဲ့ကဗျာ

တေးဆို - မနော

လေပြေရယ် ညင်းပါလို့ ညနေနေရီမှာ

ရေပြင်ကျယ်လှိုင်းကလေးများ ညင်သာ

ရှုမငြီးနိုင်ပါ တိမ်ရောင်စုံမိုးလို့ထားတဲ့

တောင်သမန်အင်းရဲ့ကဗျာ

လေပြေရယ် ညင်းပါလို့ ညနေနေရီမှာ

ရေပြင်ကျယ်လှိုင်းကလေးများ ညင်သာ

ရှုမငြီးနိုင်ပါ တိမ်ရောင်စုံမိုးလို့ထားတဲ့

တောင်သမန်အင်းရဲ့ကဗျာ

အလှတွေဝေေ၀ဆာဆာ ရာဇဝင်တွေနဲ့

လွမ်းမောစရာ သမိုင်းရဲ့အစဉ်အလာ

ကြီးမြတ်တဲ့ ဒီနေရာ ကမ္ဘာတစ်လွှမ်းသိကြတာ

ဦးပိန်တံတားကြီးရဲ့ ရေပြင်ကျယ်ရယ် အလှတွေစုစည်းထားတဲ့

တောင်သမန်အင်းသူလေးရယ်

ခရေပန်းလေးတွေကောက်ပါလို့ ခေါင်းမှာပန်

ပျိုပျစ်တဲ့ဟန် ယဉ်ကျေးတဲ့ဟန်

ကမ္ဘာမှာ မြန်မာဟေ့လို့ ဝင့်ကြွားနေတဲ့

တောင်သမန်ရှုမဆုံးတော့ပြန်

ဂုဏ်ဆောင်ခြင်းများနဲ့သာ စစ်မှန်သော လှရဲ့ကဗျာ

ဒါအမှန်တရားတခုပါ တောင်သမန်အင်းရဲ့သစ္စာ

လေပြေရယ် ညင်းပါလို့ ညနေနေရီမှာ

ရေပြင်ကျယ်လှိုင်းကလေးများ ညင်သာ

ရှုမငြီးနိုင်ပါ တိမ်ရောင်စုံမိုးလို့ထားတဲ့

တောင်သမန်အင်းရဲ့ကဗျာ

အလှတွေဝေေ၀ဆာဆာ ရာဇဝင်တွေနဲ့

လွမ်းမောစရာ သမိုင်းရဲ့အစဉ်အလာ

ကြီးမြတ်တဲ့ ဒီနေရာ ကမ္ဘာတစ်လွှမ်းသိကြတာ

ဦးပိန်တံတားကြီးရဲ့ ရေပြင်ကျယ်ရယ်

အလှတွေစုစည်းထားတဲ့ တောင်သမန်အင်းသူလေးရယ်

ခရေပန်းလေးတွေကောက်ပါလို့ ခေါင်းမှာပန်

ပျိုပျစ်တဲ့ဟန် ယဉ်ကျေးတဲ့ဟန်

ကမ္ဘာမှာ မြန်မာဟေ့လို့

ဝင့်ကြွားနေတဲ့ တောင်သမန်ရှုမဆုံးတော့ပြန်

ဂုဏ်ဆောင်ခြင်းများနဲ့သာ စစ်မှန်သော လှရဲ့ကဗျာ

ဒါအမှန်တရားတခုပါ တောင်သမန်အင်းရဲ့သစ္စာ

Selengkapnya dari မနေ

Lihat semualogo
တောင်သမန်အင်းရဲ့ကဗျာ oleh မနေ - Lirik & Cover