menu-iconlogo
huatong
huatong
avatar

ပန်းခရေ(နားထောင်ရန်)

မာသီhuatong
ကိုကိုဆိုးပေhuatong
Lirik
Rekaman
"ပန်းခရေ"(နားထောင်ရန်)

တေးရေး> ကိုဝင်းနောင်

တေးဆို> မာသီ

လာလာလာ ဟေ သွားကြစို့အေ

ပန်း..ခရေ ကောက်ဖို့

ရွာအဝင် စခန်းမလေ

လျှမ်းတင့်ဝေဝေ နန်းတင့်အသရေ

ပန်း..ပွင့်ခရေ မြေမှာကြွေ

သင်းပျံ့ ရနံ့စွေ...

><><

ဟေ့ ဟိုပင်အောက်မှာ ငါသာ ကောက်မလေ

ဟေ့ တစ်ပင်တစ်ယောက် ကြွေတာ ကောက်အေ

ဟေ့ ဟိုပင်အောက်မှာ ငါသာ ကောက်မလေ

ဟေ့ တစ်ပင်တစ်ယောက် ကြွေတာ ကောက်အေ

အို မလုကြနဲ့ ညီ မျှ စွာ ဝေ

လာကြဟေ့ ဟိုဘက်နား..

အပွင့်များ... ... ကြွေနေ...

>><><><><<

ပန်း ခရေ ခရေ သီကာကုံး...

ကေသာဆံထုံး.. နဲ့

ခွေကာထုံး လှပနေ...

မှုန်းသ နံ့သာရည် နဂိုနေစိုပြေ

ပျိုမေ အလိုကျ သဘာဝ တောအလှပေ

မပြုမပြင် ပင်ကိုယ်အသွေးမို့

ယဉ်ကျေး သိမ်မွေ့ ဓလေ့.. မပျက်ပေ

ရိုးရိုးသားသား တို့များ တောသူတွေ...

>><<

ပန်းပန်းခရေ ကုန်ပြီဟေ..

ပြန် ကြစို့ အေရေ...

ဆင်းရနံ့တွေ ကြိုင်လှိုင်နေ

တို့..ရွာတန်းရှည်..

><

ပန်းပန်းခရေ ကုန်ပြီဟေ..

ပြန် ကြစို့ အေရေ...

ဆင်းရနံ့တွေ ကြိုင်လှိုင်နေ

တို့..ရွာတန်းရှည်..

><

အိမ်ရောက်ရင်..

ကောက်သင်း.. ကောက်ဖို့

သွားရဦးမလေ တော်ရေ

မြန်မြန်လျှောက်ပါ

နောက်ချန် မထား..နဲ့

တစ်ယောက်မကျန် အများပေ လာအေ

ခရေပန်းကောက်တဲ့ တို့တတွေ

လယ်ထဲကျမှ

တစ်ခါတွေ့ တွေ့ကြမယ် ဟေ..

><><><><><><><

-ကိုကိုဆိုးပေ-

(သီချင်းတင်‌ပေးသူ စီနီယာများကို လေးစားလျက်)

Selengkapnya dari မာသီ

Lihat semualogo

Kamu Mungkin Menyukai