သီချင်း း နင်မရှိတဲ့နောက်
တေးဆို း ရဲလေး ၊ နင်ဇီမေ
ကိုယ်ရဲ့အနားမှာမင်းရှိပေးတာ
နောက်ထပ်ဘာမှလဲမလိုဘူးကွာ
မျက်စိရှေ့မှာပြန်မြင်ခဲ့ရတဲ့
ကျွန်တော်ချစ်သူ
အရင်ကလိုတော့စကားတွေ
ဖော်ရွေစွာမပြောဖြစ်ဘူး
အချိန်တွေနှောင်းခဲ့တာ
အသစ်တဖန်အခုပြောင်းလဲသွား
မင်းကိုမေးချင်တာနေရောကောင်းရဲ့လား
ဖုန်းနံပါတ် Facebook ဖြစ်နိုင်ရင်ပေးခဲ့ပါ
ဒါငါရဲ့လိပ်စာကဒ်ကြိုက်တဲ့အချိန်ဖုန်းဆက်ပါ
အသည်းကိုခွဲခဲ့လို့လဲငါ့ဘက်ကမမုန်း
အားလုံးထားခဲ့လိုက်တော့ခံရခက်တဲ့အရှုံး
မင်းရဲ့ဘက်ကအမြဲတမ်းရှိနေပေးမယ်ရှေ့နေလို
သူငယ်ချင်းလိုစောင့်ရှောက်ပေးတော့မယ့်အတွေးတွေမို့
မင်းအကြောင်းကိုလဲငါ့ဆီလာပြီးဆေးတွေထိုး
သံယောဇဉ်တွေရှိသေးရဲ့လားငါမေးမလို့
ရင်ဘတ်ထဲကလက်ခံတော့ဦးနှောက်ကတားဆီး
အဖြစ်တွေကဆိုးမင်းရဲ့စိတ်နဲ့ထားပြီး
မိုးတွေကသဲဒီမှာထာဝရအမြဲ
နင်ဘယ်လိုကြားနိုင်မှာလဲ
ငါခေါ်နေတာလဲ
ကိုယ်ရဲ့အနားမှာမင်းရှိပေးတာ
နောက်ထပ်ဘာမှလဲမလိုဘူးကွာ
ကိုယ်ရဲ့အနားမှာနင်မရှိတဲ့နောက်
ကန္တာရတခုလိုခြောက်သွေ့နေ
Single လိုနေထိုင်ငါအမြဲတမ်းပျော်တယ်
နင်ကိုလဲသတိရရင်ဖုန်းတွေလဲခေါ်မယ်
ဘယ်ဆိုင်မှာ Night out လုပ်မှာလဲ
နင်ပိုသိပိုတော်တယ်
မူးလာပြီဆိုမိုက်ကိုခဲအသံကုန်ဟစ်တဲ့
အဆိုတော်ပဲ
ငါမေးပါမယ်နင်ဒုက္ခရောက်ရင်ဘယ်သူရှိမှာလဲ
ငါတွေးပါတယ်နင်ခံစားရတာဘယ်သူသိမှာလဲ
အားလုံးလဲအဝေးထွက်ပြေး
တယောက်မှမရှိလဲပြီးတာပဲ
တနေ့နေ့တော့ငါတို့နှစ်ယောက်ပြန်လည်နီးမှာပဲ
အထီးကျန်ခြင်းတွေ.. နေဆဲ
အသက်မဲ့သွားတာဝေးပြီးနောက်
တိုက်ဆိုင်မှုတွေနေ့စဉ်ကြုံခဲ့
ရင်ထဲမှာလဲမင်းပဲရှိတာပါ
ကိုယ်ရဲ့အနားမှာမင်းရှိပေးတာ
နောက်ထပ်ဘာမှလဲမလိုဘူးကွာ
ကိုယ်ရဲ့အနားမှာနင်မရှိတဲ့နောက်
ကန္တာရတခုလိုခြောက်သွေ့နေ
ငါရဲ့အမှားတွေရှိခဲ့တာတောင်းပန်မယ်
နောက်ထပ်မင်းမငိုနဲ့တော့
အိမ်မက်တခုကိုရွေးချယ်
မင်းနဲ့ဟိုကိုသွား
ဒီကိုသွားလိုက်ပျော်စရာလွတ်လပ်မှုတွေနဲ့
မင်းရဲ့အပြုံးတွေ မင်းမျက်ဝန်းလေး
တခါပြန်ပြီးတော့ရချင်တယ်
လူတယောက်ကိုအိမ်မက်ခဏခဏမက်ရင်
အဲ့ဒီလူကနင့်ကိုသတိရနေလို့တဲ့
အိမ်မက်ထဲကလူကတခြားလူမဟုတ်ခဲ့
နင်ပြောခဲ့တဲ့အတိုင်းအဲ့တာနင်ကိုယ်တိုင်ပဲ
အားလုံးအမြင်မှာလေငါဟာလူလိမ်လူညာကြီးပါ
ဘာတွေဖြစ်လာမှာလဲငါကိုယ်တိုင်မသိတာ
အဖြစ်တွေသည်းကာရယ်ချစ်နေခဲ့တာပဲ
အပြစ်တွေနဲ့ကာရယ်ချစ်နေဆဲပါကွယ်
ကိုယ်ရဲ့အနားမှာမင်းရှိပေးတာ
နောက်ထပ်ဘာမှလဲမလိုဘူးကွာ
ကိုယ်ရဲ့အနားမှာနင်မရှိတဲ့နောက်
ကန္တာရတခုလိုခြောက်သွေ့နေ
ကိုယ်ရဲ့အနားမှာမင်းရှိပေးတာ
နောက်ထပ်ဘာမှလဲမလိုဘူးကွာ
ကိုယ်ရဲ့အနားမှာနင်မရှိတဲ့နောက်
ကန္တာရတခုလိုခြောက်သွေ့နေ