ပေးပို့ ပါသည်..
ဆင်းရဲသားတို့ ရပ်ကွက်မှာ
ကျွန်တော်မွေး
မီးမရှိတဲ့ တဲကလေးဟာ
ကျွန်တော့်အိမ်ပါ
ပန်းရောင်းရင်းနဲ့ 
ကျောင်းတက်ရတဲ့သူမို့
သူဌေးသားများက ကျွန်တော့်ကို
မပေါင်းပါခင်ဗျာ..
ကျောင်းခန်းထဲက
ပဲပြုတ်သည်မထား
မျက်စိစပ်လို့ 
အိပ်ငိုက်ကာကျောင်းကိုလာ
ပန်းကလေးတစ်ပွင့်သူ့ ဖို့ လေ
ကျွန်တော်ချန်ထား
မုန့်ဈေးတန်းနဲ့ ဝေးဝေးမှာ
နှစ်ယောက်ထိုင်ကာ..
သူယူလာတဲ့ ထမင်းကြမ်းခဲနဲ့ 
ပဲပြုတ်ဆီဆမ်းကို
အတူတူဝေကာ စားကြရင်းနဲ့ 
လူကုံထံတွေကြား
ကျွန်တော်ယူလာတဲ့ ပန်းကလေးတစ်ပွင့်အတွက်
ပြုံးလို့နေတတ်သူ
နေပူပူမှာ တို့နှစ်ယောက်ဘ၀အတွက်
ကြိုးစားကြ အတူတူ..
ဆယ်တန်းပြီးလို့  လမ်းခွဲလာအချိန်တွေကြာ
အောက်တန်းစာရေးလေးငါ့မှာ မအားနိုင်ပါ
မထားကတော့ဘွဲ့ရကာ ဂုဏ်ယူစရာ
သတင်းကြားတဲ့နေ့ကငါ ၀မ်းသာတယ်ဟာ..
ရုံးဆင်းတစ်နေ့ လမ်းလျှောက်ကာ
ကျွန်တော်အပြန်မှာ
မထားအကြောင်းစဉ်းစားကာ တွေ့ချင်လာ
အိမ်ဘေးနားက သတင်းစာကျွန်တော်ယူငှား
သတင်းထူးများ လျှောက်ကြည့်ကာ ဖတ်စဉ်မှာ..
မင်္ဂလာဆောင်တဲ့ သတင်းလေးတစ်ခုက
မျက်စိရှေ့နားမှာ
လူကုံထံတွေ အသိုင်းအ၀ိုင်းကြားမှာ
နေနိုင်ပြီ မထား
ငါငယ်ငယ်ကပေးခဲ့ဖူးတဲ့
ပန်းကလေး ဘယ်နားမှာ
နင်ငယ်ငယ်က ရောင်းခဲ့ဖူးတဲ့
ပဲပြုတ်တောင်းပေါ်မှာ..
ဆင်းရဲသားတို့ ရပ်ကွက်မှာ
ကျွန်တော်မွေး
မီးမရှိတဲ့ တဲကလေးဟာ
ကျွန်တော့်အိမ်ပါ
ပန်းရောင်းရင်းနဲ့ 
ကျောင်းတက်ရတဲ့သူမို့
သူဌေးသားများက ကျွန်တော့်ကို
မပေါင်းပါခင်ဗျာ..
ကျောင်းခန်းထဲက
ပဲပြုတ်သည်မထား
မျက်စိစပ်လို့ 
အိပ်ငိုက်ကာကျောင်းကိုလာ
ပန်းကလေးတစ်ပွင့်သူ့ ဖို့ လေ
ကျွန်တော်ချန်ထား
မုန့်ဈေးတန်းနဲ့ ဝေးဝေးမှာ
နှစ်ယောက်ထိုင်ကာ..
သူယူလာတဲ့ ထမင်းကြမ်းခဲနဲ့ 
ပဲပြုတ်ဆီဆမ်းကို
အတူတူဝေကာ စားကြရင်းနဲ့ 
လူကုံထံတွေကြား
ကျွန်တော်ယူလာတဲ့ ပန်းကလေးတစ်ပွင့်အတွက်
ပြုံးလို့နေတတ်သူ
နေပူပူမှာ တို့နှစ်ယောက်ဘ၀အတွက်
ကြိုးစားကြ အတူတူ..
ဆယ်တန်းပြီးလို့  လမ်းခွဲလာအချိန်တွေကြာ
အောက်တန်းစာရေးလေးငါ့မှာ မအားနိုင်ပါ
မထားကတော့ဘွဲ့ရကာ ဂုဏ်ယူစရာ
သတင်းကြားတဲ့နေ့ကငါ ၀မ်းသာတယ်ဟာ..
ရုံးဆင်းတစ်နေ့ လမ်းလျှောက်ကာ
ကျွန်တော်အပြန်မှာ
မထားအကြောင်းစဉ်းစားကာ တွေ့ချင်လာ
အိမ်ဘေးနားက သတင်းစာကျွန်တော်ယူငှား
သတင်းထူးများ လျှောက်ကြည့်ကာ ဖတ်စဉ်မှာ..
မင်္ဂလာဆောင်တဲ့ သတင်းလေးတစ်ခုက
မျက်စိရှေ့နားမှာ
လူကုံထံတွေ အသိုင်းအ၀ိုင်းကြားမှာ
နေနိုင်ပြီ မထား
ငါငယ်ငယ်ကပေးခဲ့ဖူးတဲ့
ပန်းကလေး ဘယ်နားမှာ
နင်ငယ်ငယ်က ရောင်းခဲ့ဖူးတဲ့
ပဲပြုတ်တောင်းပေါ်မှာ..
ဆင်းရဲသားတို့ ရပ်ကွက်မှာ
ကျွန်တော်မွေး
မီးမရှိတဲ့ တဲကလေးဟာ
ကျွန်တော့်အိမ်ပါ
ပန်းရောင်းရင်းနဲ့ 
ကျောင်းတက်ရတဲ့သူမို့
သူဌေးသားများက ကျွန်တော့်ကို
မပေါင်းပါခင်ဗျာ..